၂၀၂၀ နွစ္ အလယ္ပိုင္း ကစလို႕ ကံေကာင္းျခင္းေတြ ၾကံုရမယ့္ ရာသီခြင္ (၅) ခု…။

လူတစ္ေယာက္ရဲ႕ကံေကာင္းျခင္း၊ ကံဆိုးျခင္း ဆိုတာ သူ႕ရဲ႕ စိတ္ဓာတ္၊ လုပ္ရပ္တို႕နဲ႕တိုက္ရိုက္ သက္ဆိုင္ေနတာပါ။ စိတ္ထားေကာင္းရင္ကံေကာင္းမယ္ဆိုတဲ့စကားအတိုင္းပါပဲ။ ဒါေပမယ့္ ေကာင္းကင္ေပၚက နကၡတ္ျဂိုဟ္ခြင္ လႊမ္းမိုးမႈအေျပာင္းအလဲေတြက မိမိရဲ႕ရာသီခြင္မွာ အေျပာင္းအလဲ ကိုျဖစ္ေစျပီး ကံအေကာင္း၊ အဆိုး ကိုသက္ေရာက္မႈျဖစ္ေစပါတယ္။ နကၡတ္ပညာရွင္ေတြ နဲ႕ တြက္ခ်က္မႈေတြအရ အခုနွစ္ ၂၀၂၀ အလယ္ပိုင္းမွာ ကံေကာင္းလာတဲ့ရာသီခြင္ေတြရွိပါတယ္။ အဲ့ဒါေတြကေတာ့ ….

သိဟ္ရာသီဖြား (July 23 – August 22)

အလုပ္အကိုင္နဲ႕ပတ္သက္လို႕ အခြင့္အလမ္းေတြနည္းတဲ့ အခုလို အခ်ိန္မွာ အလုပ္ကံေကာင္းတာကေတာ့ သိဟ္ရာသီဖြားေတြပါ။ ကိုယ္လုပ္ခ်င္တာကို ယံုၾကည္မႈရွိရွိနဲ႕ၾကိုးစားမယ္ဆိုရင္ အျပည့္အဝေအာင္ျမင္မႈရမယ့္သူေတြျဖစ္ပါတယ္။ အလုပ္အကိုင္နဲ႕ပတ္သက္လို႕ ကံေကာင္းျပီးသားျဖစ္ေနတာေၾကာင့္ ကိုယ့္ကိုယ္ ကိုယံုၾကည္မႈရွိေနဖို႕ ပိုအေရးၾကီးတဲ့အခ်ိန္ျဖစ္ပါတယ္။

ဓနုရာသီဖြား (November 23 – December 21)

နဂိုက လြတ္လပ္ျပီးရဲရင့္တဲ့သဘာဝရွိတဲ့ ဓနုရာသီဖြားေတြက ဒီအခ်ိန္ ကစလို႕ ကံေကာင္းျခင္းေတြ ကို ၾကံဳေတြ႕ရပါလိမ့္မယ္။ စြန္႕စားတတ္တဲ့အက်င့္က ကံေကာင္းမႈေတြကို ျဖစ္ေစမွာမို႕ စြန္႕စားရမွာကိုမေၾကာက္ပါနဲ႕။ ဘာမဆို ေနာက္မတြန္႕ဘဲဆံုးျဖတ္ျပီး လုပ္လိုက္ပါ။ အျပည့္အဝေအာင္ျမင္ ပါလိမ့္မယ္။

ကန္ရာသီဖြား (August 23 – September 22)

နွစ္အစမွာ အဆင္မေျပမႈေတြၾကံဳ ရေပမယ့္ နွစ္အလယ္ ကစလို႕ တျဖည္းျဖည္းကံေကာင္းလာမွာကေတာ့ ကန္ရာသီဖြားေတြျဖစ္ပါတယ္။ အဆက္အသြယ္ေကာင္းေတြ၊ ကိုယ့္ကိုေကာင္းက်ိဳးျဖစ္ေစမယ့္ သူငယ္ခ်င္းေတြနဲ႕ေတြ႕ဆံုရနိုင္ျပီး အဲ့ဒီကေန ေကာင္းတဲ့ေျပာင္းလဲျခင္းေတြ၊ ကံေကာင္းျခင္းေတြ ကို ျဖစ္ေစပါလိမ့္မယ္။

ျဗိစာၦရာသီဖြား (October 23 – November 22)

ျဗိစာၦရာသီဖြားေတြက မတည္ျငိမ္တဲ့အခ်စ္ေရး အဆံုးသတ္ျပီး အျမဲတမ္းေတာင့္ တေနခဲ့တဲ့ တည္ျငိမ္ေအးခ်မ္းတဲ့အခ်စ္ေရးမ်ိဳးကို ပိုင္ဆိုင္ရမယ့္အခ်ိန္ပဲျဖစ္ပါတယ္။ စိတ္ခ်မ္းေျမ့ဖြယ္အခ်စ္ေရးမ်ိဳးကို ပိုင္ဆိုင္ခြင့္ရနိုင္မွာမို႕ ျဗိစာၦရာသီဖြားေတြအတြက္ အခ်စ္ေရးကံအလြန္ေကာင္းမယ့္ အခ်ိန္ပဲျဖစ္ပါတယ္။

မိန္ရာသီဖြား (February 19 – March 20)

မိန္ရာသီဖြားေတြကေတာ့ အျမဲတမ္းတသမတ္တည္းျဖစ္ေနတဲ့ ဘဝအေျခအေနကေန ထူးျခားတဲ့ေျပာင္းလဲမႈမ်ိဳးနဲ႕ၾကံဳရမယ့္အခ်ိန္ျဖစ္ပါတယ္။ comfort zone ထဲကေန ရုန္းထြက္ျပီး ေအာင္ျမင္မႈလမ္းေၾကာင္းကို ရွာေဖြေတြ႕ရွိနိုင္မယ့္ အခြင့္အေရးေတြ ေရာက္လာပါလိမ့္မယ္။ ဒါေၾကာင့္ အခြင့္အလမ္းေကာင္းေတြ လက္မလႊတ္ေစဖို႕ အျမဲတမ္းသတိ နဲ႕ေနဖို႕လိုပါလိမ့္မယ္။

written by PP

unicode

လူတစ်ယောက်ရဲ့ကံကောင်းခြင်း၊ ကံဆိုးခြင်း ဆိုတာ သူ့ရဲ့ စိတ်ဓာတ်၊ လုပ်ရပ်တို့နဲ့တိုက်ရိုက် သက်ဆိုင်နေတာပါ။ စိတ်ထားကောင်းရင်ကံကောင်းမယ်ဆိုတဲ့စကားအတိုင်းပါပဲ။ ဒါပေမယ့် ကောင်းကင်ပေါ်က နက္ခတ်ဂြိုဟ်ခွင် လွှမ်းမိုးမှုအပြောင်းအလဲတွေက မိမိရဲ့ရာသီခွင်မှာ အပြောင်းအလဲ ကိုဖြစ်စေပြီး ကံအကောင်း၊ အဆိုး ကိုသက်ရောက်မှုဖြစ်စေပါတယ်။ နက္ခတ်ပညာရှင်တွေ နဲ့ တွက်ချက်မှုတွေအရ အခုနှစ် ၂၀၂၀ အလယ်ပိုင်းမှာ ကံကောင်းလာတဲ့ရာသီခွင်တွေရှိပါတယ်။ အဲ့ဒါတွေကတော့ ….

သိဟ်ရာသီဖွား (July 23 – August 22)

အလုပ်အကိုင်နဲ့ပတ်သက်လို့ အခွင့်အလမ်းတွေနည်းတဲ့ အခုလို အချိန်မှာ အလုပ်ကံကောင်းတာကတော့ သိဟ်ရာသီဖွားတွေပါ။ ကိုယ်လုပ်ချင်တာကို ယုံကြည်မှုရှိရှိနဲ့ကြိုးစားမယ်ဆိုရင် အပြည့်အဝအောင်မြင်မှုရမယ့်သူတွေဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်လို့ ကံကောင်းပြီးသားဖြစ်နေတာကြောင့် ကိုယ့်ကိုယ် ကိုယုံကြည်မှုရှိနေဖို့ ပိုအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။

ဓနုရာသီဖွား (November 23 – December 21)

နဂိုက လွတ်လပ်ပြီးရဲရင့်တဲ့သဘာဝရှိတဲ့ ဓနုရာသီဖွားတွေက ဒီအချိန် ကစလို့ ကံကောင်းခြင်းတွေ ကို ကြုံတွေ့ရပါလိမ့်မယ်။ စွန့်စားတတ်တဲ့အကျင့်က ကံကောင်းမှုတွေကို ဖြစ်စေမှာမို့ စွန့်စားရမှာကိုမကြောက်ပါနဲ့။ ဘာမဆို နောက်မတွန့်ဘဲဆုံးဖြတ်ပြီး လုပ်လိုက်ပါ။ အပြည့်အဝအောင်မြင် ပါလိမ့်မယ်။

ကန်ရာသီဖွား (August 23 – September 22)

နှစ်အစမှာ အဆင်မပြေမှုတွေကြုံ ရပေမယ့် နှစ်အလယ် ကစလို့ တဖြည်းဖြည်းကံကောင်းလာမှာကတော့ ကန်ရာသီဖွားတွေဖြစ်ပါတယ်။ အဆက်အသွယ်ကောင်းတွေ၊ ကိုယ့်ကိုကောင်းကျိုးဖြစ်စေမယ့် သူငယ်ချင်းတွေနဲ့တွေ့ဆုံရနိုင်ပြီး အဲ့ဒီကနေ ကောင်းတဲ့ပြောင်းလဲခြင်းတွေ၊ ကံကောင်းခြင်းတွေ ကို ဖြစ်စေပါလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (October 23 – November 22)

ဗြိစ္ဆာရာသီဖွားတွေက မတည်ငြိမ်တဲ့အချစ်ရေး အဆုံးသတ်ပြီး အမြဲတမ်းတောင့် တနေခဲ့တဲ့ တည်ငြိမ်အေးချမ်းတဲ့အချစ်ရေးမျိုးကို ပိုင်ဆိုင်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ စိတ်ချမ်းမြေ့ဖွယ်အချစ်ရေးမျိုးကို ပိုင်ဆိုင်ခွင့်ရနိုင်မှာမို့ ဗြိစ္ဆာရာသီဖွားတွေအတွက် အချစ်ရေးကံအလွန်ကောင်းမယ့် အချိန်ပဲဖြစ်ပါတယ်။

မိန်ရာသီဖွား (February 19 – March 20)

မိန်ရာသီဖွားတွေကတော့ အမြဲတမ်းတသမတ်တည်းဖြစ်နေတဲ့ ဘဝအခြေအနေကနေ ထူးခြားတဲ့ပြောင်းလဲမှုမျိုးနဲ့ကြုံရမယ့်အချိန်ဖြစ်ပါတယ်။ comfort zone ထဲကနေ ရုန်းထွက်ပြီး အောင်မြင်မှုလမ်းကြောင်းကို ရှာဖွေတွေ့ရှိနိုင်မယ့် အခွင့်အရေးတွေ ရောက်လာပါလိမ့်မယ်။ ဒါကြောင့် အခွင့်အလမ်းကောင်းတွေ လက်မလွှတ်စေဖို့ အမြဲတမ်းသတိ နဲ့နေဖို့လိုပါလိမ့်မယ်။

written by PP

Add a Comment

Your email address will not be published. Required fields are marked *

9 + 9 =