




unicode

ညီမ ဖြစ်သူရှေ့မှာ အိပ်ယာပေါ်က ကိစ္စတွေပါ ချပြတော့မှာလားလို့ ဝေဖန်မှုအပေါ် တုန်ပြန်လာတဲ့ “ပိုင်ဖြိုးသု”

သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ နိုင်ငံကျော် အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်သလို၊ ထူးချွန်ထက်မြက်တဲ့ ပညာတတ် ဆရာဝန်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ နာမည်ပျက်မရှိဖူးသလို သူမကိုယ်သူ အကောင်းဆုံးနေပြီး သူတစ်ပါး အပေါ် စိတ်ကောင်းစေတနာကောင်းသာထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ပီပီ ဝေဖန်မှုတွေကို ကြုံတွေ့ရလေ့ရှိတဲ့ ပိုင်ဖြိုးသုက ဒီကနေ့မှာလည်း ညီမလေးနိုင်ဖြိုးဥနဲ့ ပက်သတ်ပြီး ပရိသတ်တစ်ယောက်ရဲ့စကားကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ထိုပရိသတ်က “ကိုယ့်ညီမလေးကို လင်မယား ကြား ကန့်လန့်ကန့်လန့်ဖြစ်အောင် အားကျအတုခိုးအောင် လုပ်ပြနေတယ်။ အိပ်ယာပေါ်လုပ်တာကအစ ပြတော့မှာလား မသိဘူး” ဆိုပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ထိုကောမန့်ကို မြင်လျှင်မြင်ချင်းပဲ ပိုင်ဖြိုးသုက ဒေါသနဲ့ တုံ့ပြန်ခြင်းမရှိပဲ လူတွေမှာဖြစ်တတ်တဲ့ သဘောသဘာဝကြောင့် “သနားစရာကောင်းတယ်” လို့ပဲ ပြောခဲ့ပါတယ်။

ပိုင်ဖြိုးသုကတော့ သူမနဲ့ တစ်သက်လုံး အတူတူ သွားအတူ၊ စားအတူရှိခဲ့တဲ့ ညီမလေးကို အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အဖော်မမဲ့ရအောင် ကြိုးစားပြီးနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေး တစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Paing Phyoe Thu’s fb

Add a Comment

Your email address will not be published. Required fields are marked *

16 + 4 =