မြန်မာ ဝတ်စုံလေး ကို ဝတ်ဆင်ပြီး ပုရိသ တို့ အသည်း ကို ခြွေယူ လိုက် ပြန်တဲ့ အချစ်တော်မလေး ခန့်





unicode

ချစ်ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီး ချောလေး ခန့်ကေ တာ့ အနုပညာလောက ထဲ ကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ခန့်က Forever Group က ရိုက်ကူးထုတ်လွှင့်တဲ့ ဇာတ်လမ်း တွဲလေးတွေ ထဲမှာ စတင် သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ရင်ထဲ နေရာ တစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့သူလည်းဖြစ်ပါတယ်…..။

ခန့်က မကြာသေးမီက ဇာတ်သိမ်း သွားခဲ့တဲ့ ” အချစ်ဖွဲ့ လေညင်း ” ဇာတ်လမ်းတွဲလေးထဲမှာ အတွင်းရေးမှူးမလေး ရှေးရေစက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေ အားပေးမှုတွေ များစွာကို ရရှိထားတာပဲဖြစ်ပါတယ်..။ မကြာခဏဆိုသလို အနုပညာလှုပ်ရှားမှုလေးတွေနဲ့ အပျင်းပြေ ဓာတ်ဖမ်း ထားတဲ့ ပုံလေးတွေ ကိုလည်း တင်လေ့ ရှိတာကြောင့် ပရိသတ်တွေက စောင့်မျှော် အားပေးနေကြတာပါနော်.။ ခန့်က အခုလက်ရှိမှာလည်း ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် ပုံလေးတွေတင်ပေးလာတာပါနော်။

ခန့်က ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေး ကို ဝတ်ဆင် ကာ ကျက်သရေ ရှိရှိလှနေခဲ့ပြီး မြင်သူငေးရလောက်အောင် ချစ်စရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ခန့်ရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတဲ့ အပြင် ” မင်းချစ်တဲ့ မြန်မာဝတ်စုံလေး ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထား ပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ လည်း မင်းသမီးချောလေး ခန့်ရဲ့ ပုံလေးတွေ ကို ကြည့်ရှုစေနိုင်ရန် အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source & Photo credit – Khant’s facebook page

Add a Comment

Your email address will not be published. Required fields are marked *

2 + 13 =