အၿမဲၿပဳံးေနေပမယ့္ လူမသိ တဲ့ ေနာက္ကြယ္က ႀကဳံေတြ႕ေနရ တဲ့ ဘဝအေျခအေန ကို မွ်ေဝခဲ့တဲ့ ၾကဴ ၾကဴ သင္း

အၿမဲၿပဳံးေနေပမယ့္ လူမသိ တဲ့ ေနာက္ကြယ္က ႀကဳံေတြ႕ေနရ တဲ့ ဘဝအေျခအေန ကို မွ်ေဝခဲ့တဲ့ ၾကဴ ၾကဴ သင္း

ပရိသတ္အသိမွတ္ျပဳ အားေပးျခင္းကို ဟာသဇာတ္ပို႔ဇာတ္ရံတစ္ေယာက္အေနနဲ႔ ရရွိထားသူ ၾကဴၾကဴသင္းကေတာ့ ဒီေန႔မွာ သူ႔ဘဝရဲ႕ေနာက္ကြယ္က အေၾကာင္းတခ်ိဳ႕ကို မွ်ေဝခဲ့ပါတယ္။ သူကေတာ့ ႐ုပ္ရွင္ေလာကမွာ ႏွစ္သုံးဆယ္ေက်ာ္ၾကာ လုပ္လာသူျဖစ္ေပမယ့္ အခုခ်ိန္ထိ အိမ္ပိုင္ေတာင္ မရွိေသးသူပါ။ သူ႔ရဲ႕မိဘေတြ ကိုယ္တိုင္ကိုက ေမာင္ႏွမသားခ်င္းေတြ နဲ႔အတူ အိမ္တစ္လုံးထဲမွာ စုၿပီးေနထိုင္တာႀကိဳက္ၾကတာမို႔ အဲ့ဒီအခ်ိန္ကတည္းက ကိုယ္ပိုင္အိမ္ဝယ္ဖို႔ မစဥ္းစားခဲ့ၾကသူေတြပါတဲ့ ။

တကယ္တန္း မိဘေတြဆုံးပါးၿပီး အေမြဆိုင္အိမ္ႀကီးကေန သူ႔မိဘေတြ ရဲ႕ေဝစုကို ရခဲ့တဲ့အခ်ိန္မွာေတာ့ အိမ္ဝယ္ဖို႔ေတာင္ မမွီေတာ့တဲ့ေငြနဲ႔ အိမ္ငွားဘဝေရာက္ေတာ့တာပါပဲတဲ့ ပရိသတ္ႀကီးေရ အမ်ားအျမင္မွာေတာ့ ႐ုပ္ရွင္ေတြ႐ိုက္ရတာေထာေနမွာပဲလို႔ ထင္ေနေပမယ့္ သူတစ္ေယာက္ တည္းရပ္တည္ရတဲ့ ဘဝမွာ အိမ္လခ၊ မီးဖိုး၊ေရဖိုး ေသာက္ေရကအစ ဝယ္ေသာက္ေနရတဲ့ေခတ္မွာမေျပလည္တဲ့သူ႔အေျခအေနကို လူမသိေအာင္ ရပ္တည္ခဲ့ရပါတယ္တဲ့။

ကား႐ိုက္ေတြမရွိေတာ့တဲ့ အခ်ိန္မွာလည္း ဘဝရပ္တည္ဖို႔အတြက္ ေကာ္ရည္ေခါက္ဆြဲေရာင္းခဲ့ေပမယ့္ ဒီကပ္ဆိုးႀကီးေၾကာင့္ အလုပ္ေတြရပ္ရျပန္ပါၿပီတဲ့ ပရိသတ္ႀကီးေရ အခုလိုခ်ိန္မွာ ႐ုပ္ရွင္အစည္းအ႐ုံးနဲ႔ အလႉရွင္ေတြက လႉေပးေနတဲ့အရာေတြ နဲ႔ စားေသာက္ေနရေပမယ့္ အလႉလက္ခံလိုက္တိုင္း တိုက္ခန္း နဲ႔ေနၿပီးေပးသမွ်ယူတယ္ ေထာက္ပံ့တာေတြစားတယ္ဆိုတဲ့အေတြး ေတြးတဲ့ သူေတြေၾကာင့္ သူ႔ဘဝအေျခအေနကို မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ တိုက္ခန္းနဲ႔ေနတိုင္းလည္း ဝင္ေငြ မရွိရင္ဘာနဲ႔ သြားစားမလဲေနာ္။ တီၾကဴကေတာ့ သူ႔ကိုလႉေပးတဲ့သူတိုင္း က်န္းမာ ခ်မ္းသာေစဖို႔ ေမတၱာပို႔ေပးေနတဲ့အျပင္ သူကိုယ္တို င္လည္း တေန႔ေန႔ မွာ ေပးကမ္းစြန႔္ႀကဲႏိုင္သူျဖစ္ရ ပါလို၏ လို႔လည္း ဆုေတာင္းေန ပါတယ္တဲ့။

crd : panpyoelat

unicode

အမြဲပြုံးနေပေမယ့် လူမသိ တဲ့ နောက်ကွယ်က ကြုံတွေ့နေရ တဲ့ ဘဝအခြေအနေ ကို မျှဝေခဲ့တဲ့ ကြူ ကြူ သင်း

ပရိသတ်အသိမှတ်ပြု အားပေးခြင်းကို ဟာသဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ရရှိထားသူ ကြူကြူသင်းကတော့ ဒီနေ့မှာ သူ့ဘဝရဲ့နောက်ကွယ်က အကြောင်းတချို့ကို မျှဝေခဲ့ပါတယ်။ သူကတော့ ရုပ်ရှင်လောကမှာ နှစ်သုံးဆယ်ကျော်ကြာ လုပ်လာသူဖြစ်ပေမယ့် အခုချိန်ထိ အိမ်ပိုင်တောင် မရှိသေးသူပါ။ သူ့ရဲ့မိဘတွေ ကိုယ်တိုင်ကိုက မောင်နှမသားချင်းတွေ နဲ့အတူ အိမ်တစ်လုံးထဲမှာ စုပြီးနေထိုင်တာကြိုက်ကြတာမို့ အဲ့ဒီအချိန်ကတည်းက ကိုယ်ပိုင်အိမ်ဝယ်ဖို့ မစဉ်းစားခဲ့ကြသူတွေပါတဲ့ ။

တကယ်တန်း မိဘတွေဆုံးပါးပြီး အမွေဆိုင်အိမ်ကြီးကနေ သူ့မိဘတွေ ရဲ့ဝေစုကို ရခဲ့တဲ့အချိန်မှာတော့ အိမ်ဝယ်ဖို့တောင် မမှီတော့တဲ့ငွေနဲ့ အိမ်ငှားဘဝရောက်တော့တာပါပဲတဲ့ ပရိသတ်ကြီးရေ အများအမြင်မှာတော့ ရုပ်ရှင်တွေရိုက်ရတာထောနေမှာပဲလို့ ထင်နေပေမယ့် သူတစ်ယောက် တည်းရပ်တည်ရတဲ့ ဘဝမှာ အိမ်လခ၊ မီးဖိုး၊ရေဖိုး သောက်ရေကအစ ဝယ်သောက်နေရတဲ့ခေတ်မှာမပြေလည်တဲ့သူ့အခြေအနေကို လူမသိအောင် ရပ်တည်ခဲ့ရပါတယ်တဲ့။

ကားရိုက်တွေမရှိတော့တဲ့ အချိန်မှာလည်း ဘဝရပ်တည်ဖို့အတွက် ကော်ရည်ခေါက်ဆွဲရောင်းခဲ့ပေမယ့် ဒီကပ်ဆိုးကြီးကြောင့် အလုပ်တွေရပ်ရပြန်ပါပြီတဲ့ ပရိသတ်ကြီးရေ အခုလိုချိန်မှာ ရုပ်ရှင်အစည်းအရုံးနဲ့ အလှူရှင်တွေက လှူပေးနေတဲ့အရာတွေ နဲ့ စားသောက်နေရပေမယ့် အလှူလက်ခံလိုက်တိုင်း တိုက်ခန်း နဲ့နေပြီးပေးသမျှယူတယ် ထောက်ပံ့တာတွေစားတယ်ဆိုတဲ့အတွေး တွေးတဲ့ သူတွေကြောင့် သူ့ဘဝအခြေအနေကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ တိုက်ခန်းနဲ့နေတိုင်းလည်း ဝင်ငွေ မရှိရင်ဘာနဲ့ သွားစားမလဲနော်။ တီကြူကတော့ သူ့ကိုလှူပေးတဲ့သူတိုင်း ကျန်းမာ ချမ်းသာစေဖို့ မေတ္တာပို့ပေးနေတဲ့အပြင် သူကိုယ်တို င်လည်း တနေ့နေ့ မှာ ပေးကမ်းစွန့်ကြဲနိုင်သူဖြစ်ရ ပါလို၏ လို့လည်း ဆုတောင်းနေ ပါတယ်တဲ့။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

four × five =