“အချိန် (၁) မိနစ် ပေးပြီး ဒီဆောင်းပါးလေး ကို ဖတ်ကြည့်ပါ” ဦးဖိုးကျားလို ၀န်ကြီး များများပေါ် ပါစေ..

“အချိန် (၁)မိနစ် ပေးပြီးဒီဆောင်းပါးလေး ကို ဖတ်ကြည့်ပါ” ဦးဖိုးကျားလို ၀န်ကြီး များများပေါ် ပါစေ..

ဦး ဖိုး ကျား လို ဝန်ကြီးတွေ များများ ပေါ်ပါစေ လို့သာ ဆုတောင်း ပါတော့တယ်

“ ရှက်စရာ ကောင်းလှ တယ် ”

နိုင်ငံ တကာ က စာသင်ကျောင်းတွေ မှာ ဗုဒ္ဓ တရားတော်တွေ ထည့်ပြီးသင်နေကြတဲ့ အချိန် မှာ သာသနာ အထွန်းကားဆုံး မြန်မာနိုင်ငံက စာသင်ကျောင်းတွေ မှာ မဖွယ်မရာ ကိစ္စတွေ သင်ဖို့ကြိုးစားနေကြတာ ဟာ အင်မတန် ဝမ်းနည်းစရာကောင်းလှ တယ် နေရာတကာ နိုင်ငံတကာ စံနုန်းနဲ့ တွက် တာဟာ တချို့ကိစ္စတွေ မှာ မှားပါတယ် ငါးပါးသီလ ၃၈ ဖြာမင်္ဂလာ ဟိရိ သြတ္တပ္ပ ဗြဟ္မစိုရ် တရားတွေ ကို ထိရောက်အောင် သင်ကြားပေးရမှာ ကို မဟုတ်တာတွေနဲ့အ စားထိုးပြီးသင်ကြားနေကြတဲ့ခေါင်းဆောင်တွေဟာ လည်း အံသြစရာကောင်း လှ တယ်

ဦးဖိုးကျား လို ဝန်ကြီးတွေ များများ ပေါ်ပါစေလို့သာ ဆုတောင်း ပါတော့တယ် လု့အခွင့် အရေးအရေး နိုင်ငံတကာ စံနုန်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗုဒ္ဓဘာသာတွေရဲ့ယဉ်ကျေးမူ့ ဝံသာနုစိတ်တွေအားလုံး ကျရှုံးကုန်ပြီ ပျက်စီးကုန်ပြီ အကြောင်းအကျိုးညီညွတ်အောင်ထောက်ပြ တိုင်းလည်း အမြဲတမ်း အဆဲအဆိုတွေပဲ ရင်ဆိုင်နေရတဲ့ အခါ ကျတော့ သူတော်ကောင်းကြီးတွေ လည်း ခုနောက်ပိုင်း နုတ်ဆိတ်ကုန်ကြတာ သတိထား မိတယ် ဗုဒ္ဓဘာသာနိုင်ငံဟာ ဗုဒ္ဓရဲ့တရားတော်တွေ နဲ့သာ ဖွဲ့စည်းတည်ဆောက်မယ်ဆိုရင် ကမ္ဘာကတောင်ပြန်ပြီး အတုယူရမှာပါ

ဦးဖိုးကျား လို ဝန်ကြီးတွေ များများ ပေါ်ပါစေလို့သာ ဆုတောင်း ပါတော့တယ် အိန္ဒိယအခြေခံဥပဒေ ကိုရေးဆွဲ တဲ့ ဒေါက်တာ အမ်ဘေကာဟာ အိန္ဒိယနိုင်ငံ ရဲ့ အခြေခံ ဥပဒေဟာ ဗုဒ္ဓတရားတော်တွေကို အခြေခံပြီး ရေးဆွဲခဲ့တာပါလို့ ပြောကြားခဲ့ဘူး ပါတယ် မြန်မာနိုင်ငံ ကို ပြန်လည်ဖွံ့ဖြိုး တိုးတက်အောင်ဆိုပြီး နိုင်ငံတကာက ပညာရှင်တွေ ကိုခေါ်တာ လက်ခံလို့ရပါတယ် အဲဒီအထဲမှာ ဘာသာရေးအတွက်ခေါ်တာကတော့ လုံးဝမှားယွင်း ပါတယ် ဗုဒ္ဓဘာသာရဲ့ အခြေအနေကို ဗုဒ္ဓဘာသာဝင် ရဟန်းပညာရှိ လူပညာရှိတွေသာ ခန့်အပ်သင့်ပါတယ် အခု နိုင်ငံခြားပညာရှင်တွေက ခလေးတွေကို မဖွယ်မရာတွေ ထည့်သင်ပေး ဖို့ လုပ်နေကြပြီ

ဦးဖိုးကျား လို ဝန်ကြီးတွေ များများ ပေါ်ပါစေလို့သာ ဆုတောင်း ပါတော့တယ် ဗုဒ္ဓဘာသာနိုင်ငံ မှာ ကိုယ်ကျင့်တရားတွေကောင်း ဖို့ ဆုံးမထားတာတွေချည်းပါပဲ ငါးပါးသီလ မင်္ဂလာတရား ဗြဟ္မစိုရ်တရားတွေသာ ရင်ထဲရောက်အောက် သင်ပေးစမ်းပါ ခလေးတွေကို မျိုးပွား(ဆက်) ကိစ္စတွေသင်ပေးစရာမလိုပါဘူး အင်္ဂလိပ်တွေအုပ်စိုးတုန်းကလည်း အဲဒီလိုတွေ မြန်မာ့ယဉ်ကျေးမူ့ ကို ဖျက်စီးဖို့ကြိုးစားခဲ့ဘူး တယ် အဲဒီတုန်းကတော့ အမျိုးသားပညာရေး ဝန်ကြီး ဦးဖိုးကျားက တနိုင်ငံလုံး အမျိုးသားပညာရေးကျောင်းတွေတည်ထောင်ပြီး အင်္ဂလိပ်တွေရဲ့လုပ်ရပ်ကိုတားဆီးခဲ့တယ် အခုလည်း မြန်မာပြည်မှာ ဟိရိ ,သြတပ္ပ တရားတွေ တိုးပွား လာဖို့အကြောင်းဖန်လာပြီ

ဦးဖိုးကျား လို ဝန်ကြီးတွေ များများ ပေါ်ပါစေလို့သာ ဆုတောင်း ပါတော့တယ်
ခေါင်းဆောင်တွေ ကလည်းပြည်သူ ရဲ့စကားသံတွေ ကိုနားထောင်သ င့်ပါတယ် အာဏာမရခင်ကတော့ ပြည်သူနဲ့ အတူပြောပြီး အခုကျမှ ပြည်သူတွေ ရှေးရိုးစွဲအယူအဆတွေလက်ခံထား တာ လို့ မပြောသင့် ပါဘူး ဦးဖိုးကျားလို ဝန်ကြီးတွေ များများပေါ်ပါစေ လို့သာ ဆုတောင်း မိ ပါတော့ တယ်

( ဦးမြင်ခိုင် )