ေဆး႐ုံ က မဆင္းခင္ သူမ ရဲ႕ ေသြးရည္ၾကည္ ကို ျပန္ၿပီး လႉဒါန္းခဲ့မယ္ ဆိုတဲ့ ဆရာမႀကီး ေဒၚျမင့္ျမင့္စိန္

ျပည္ေဆး႐ုံႀကီးက ေမ့ေဆး ဆရာဝန္မႀကီး ေဒၚျမင့္ျမင့္စိန္က ေရာဂါပိုး ႏွစ္ႀကိမ္ဆက္တိုက္ negative ျပခဲ့တာေၾကာင့္ ေဆး႐ုံက ဆင္းခြင့္ရေတာ့မွာျဖစ္ပါတယ္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည (၈)နာရီထုတ္ျပန္ခ်က္မွာ ေရာဂါေပ်ာက္ကင္းသူ စာရင္းမွာ ဆရာမႀကီးလည္း ပါဝင္ခဲ့တာပါ။

ဆရာမႀကီးက ေဆး႐ုံက ဆင္းခြင့္ရၿပီးေနာက္ Quarantine (၂)ပတ္ ဆက္ေနသြား ရမွာျဖစ္ၿပီး သူ႔ရဲ႕ ေသြးရည္ၾကည္နဲ႔ COVID ျပင္းထန္လူနာေတြကို ျပန္လည္ကုသႏိုင္ေအာင္လႉဒါန္းသြားမယ္လို႔ ဆိုပါတယ္။

အခုလို ေရာဂါေပ်ာက္ကင္းသြားၿပီ ဆိုေတာ့ ေကာင္းတယ္လို႔ေျပာရမွာပါ။ ေဆး႐ုံကဆင္းခြင့္ရရင္လည္း Quarantine ႏွစ္ပတ္ဆက္ေနပါမယ္။ ဘယ္ မွာ Quarantine ဝင္ျဖစ္မယ္ဆိုတာေတာ့မသိရေသးပါဘူး။ၿပီးရင္လည္း ကြၽန္မရဲ႕ေသြးရည္ၾကည္ကိုျပန္လႉခဲ့မွာပါ။ အခုက်န္းမာေရးဌာနကေန ေရာဂါေပ်ာက္ကင္းသူေတြရဲ႕ ေသြးရည္ၾကည္ကိုအသုံးျပဳၿပီး COVID ျပင္းထန္လူနာေတြကိုကုသဖို႔အစီအစဥ္လုပ္ေနတယ္ ဆိုေတာ့ ကြၽန္မာကေတာ့ ေသြးရည္ၾကည္ကိုျပန္လႉခဲ့မွာ” လို႔ ဆရာမႀကီး ေဒၚျမင့္ျမင့္စိန္က ကိုေျပာပါတယ္။

ကနဦးပိုင္းမွာ ဆရာမႀကီး ေဒၚျမင့္ျမင့္စိန္ ရဲ႕ ေရာဂါလကၡဏာက negative ျပလိုက္ positive ပန္ျပလိုက္နဲ႔ မတည္ၿငိမ္ခဲ့ပါဘူး။ ဒီကေန႔ မွာေတာ့ negative ႏွစ္ႀကိမ္ျပခဲ့တာေၾကာင့္ ေရာဂါေပ်ာက္ကင္းသူျဖစ္လာခဲ့ပါၿပီ။ ဆရာမႀကီး ေဒၚျမင့္ျမင့္စိန္က ေပါက္ေခါင္းက အတည္ျပဳလူနာကို ကုသေပးေနရင္း ေရာဂါ ကူးစက္ခံခဲ့ရတာျဖစ္ၿပီး လူနာကုသရင္းကူးစက္ခံခဲ့ရတဲ့ ပထမဆုံးက်န္းမာေရးဝန္ထမ္းတစ္ဦးလည္းျဖစ္ပါတယ္။ေရာဂါကူးစက္ခံရၿပီးေနာက္ ေဆး႐ုံမွာ (၁)ေက်ာ္ၾကာကုသမႈခံယူခဲ့ရၿပီး ယခုအခါမွာ ေရာဂါေပ်ာက္ကင္းခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိ အခ်ိန္ထိ ျမန္မာႏိုင္ငံမွာ COVID 19 အတည္ျပဳလူနာ (၁၈၀)ဦးရွိၿပီး ေရာဂါေပ်ာက္ကင္းသူ (၇၄)ဦးထိရွိၿပီးေသဆုံးသူကေတာ့ (၆)ဦးရွိပါတယ္။

crd : panpyoelat

unicode

ပြည်ဆေးရုံကြီးက မေ့ဆေး ဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်က ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် negative ပြခဲ့တာကြောင့် ဆေးရုံက ဆင်းခွင့်ရတော့မှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်မှာ ရောဂါပျောက်ကင်းသူ စာရင်းမှာ ဆရာမကြီးလည်း ပါဝင်ခဲ့တာပါ။

ဆရာမကြီးက ဆေးရုံက ဆင်းခွင့်ရပြီးနောက် Quarantine (၂)ပတ် ဆက်နေသွား ရမှာဖြစ်ပြီး သူ့ရဲ့ သွေးရည်ကြည်နဲ့ COVID ပြင်းထန်လူနာတွေကို ပြန်လည်ကုသနိုင်အောင်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

အခုလို ရောဂါပျောက်ကင်းသွားပြီ ဆိုတော့ ကောင်းတယ်လို့ပြောရမှာပါ။ ဆေးရုံကဆင်းခွင့်ရရင်လည်း Quarantine နှစ်ပတ်ဆက်နေပါမယ်။ ဘယ် မှာ Quarantine ဝင်ဖြစ်မယ်ဆိုတာတော့မသိရသေးပါဘူး။ပြီးရင်လည်း ကျွန်မရဲ့သွေးရည်ကြည်ကိုပြန်လှူခဲ့မှာပါ။ အခုကျန်းမာရေးဌာနကနေ ရောဂါပျောက်ကင်းသူတွေရဲ့ သွေးရည်ကြည်ကိုအသုံးပြုပြီး COVID ပြင်းထန်လူနာတွေကိုကုသဖို့အစီအစဉ်လုပ်နေတယ် ဆိုတော့ ကျွန်မာကတော့ သွေးရည်ကြည်ကိုပြန်လှူခဲ့မှာ” လို့ ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က ကိုပြောပါတယ်။

ကနဦးပိုင်းမှာ ဆရာမကြီး ဒေါ်မြင့်မြင့်စိန် ရဲ့ ရောဂါလက္ခဏာက negative ပြလိုက် positive ပန်ပြလိုက်နဲ့ မတည်ငြိမ်ခဲ့ပါဘူး။ ဒီကနေ့ မှာတော့ negative နှစ်ကြိမ်ပြခဲ့တာကြောင့် ရောဂါပျောက်ကင်းသူဖြစ်လာခဲ့ပါပြီ။ ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က ပေါက်ခေါင်းက အတည်ပြုလူနာကို ကုသပေးနေရင်း ရောဂါ ကူးစက်ခံခဲ့ရတာဖြစ်ပြီး လူနာကုသရင်းကူးစက်ခံခဲ့ရတဲ့ ပထမဆုံးကျန်းမာရေးဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။ရောဂါကူးစက်ခံရပြီးနောက် ဆေးရုံမှာ (၁)ကျော်ကြာကုသမှုခံယူခဲ့ရပြီး ယခုအခါမှာ ရောဂါပျောက်ကင်းခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၈၀)ဦးရှိပြီး ရောဂါပျောက်ကင်းသူ (၇၄)ဦးထိရှိပြီးသေဆုံးသူကတော့ (၆)ဦးရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

1 × 1 =