စေတနာအပြည့် နဲ့ ချက်ပြုတ် ထားတဲ့ အေးသီတာရဲ့ မုန့်ဟင်းခါး အရမ်းကောင်းကြောင်း ထောက်ခံပေး လိုက်တဲ့ သင်ဇာဝင့်ကျော်

စေတနာအပြည့် နဲ့ ချက်ပြုတ် ထားတဲ့ အေးသီတာရဲ့ မုန့်ဟင်းခါး အရမ်းကောင်းကြောင်း ထောက်ခံပေး လိုက်တဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် အေးသီတာ နဲ့ သင်ဇာဝင့်ကျော် ကတော့ အနုပညာလောက မှာ အတူတူကျင်လည်နေကြတဲ့သူတွေဖြစ်ပြီး အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။ အေးသီတာက သင်ဇာဝင့်ကျော်အတွက် အမြဲတမ်း အဆင်သင့်ရှိနေပေးတဲ့ သူဖြစ်သလို သင်ဇာဝင့်ကျော်ကလည်း အေးသီတာ ရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်စည်းပေးနေ တဲ့ သွေးမတော်သားမစပ် ညီအစ်မ လို့တောင် ဆိုလို့ရပါတယ်။

ရှုတင်တွေမရှိလို့ မိသားစု စားဝတ်နေရေးအတွက် မုန့်ဟင်းခါးအော်ဒါ ချက်ရောင်းနေရတဲ့ အေးသီတာက ဒီနေ့မှာတော့ သူမရဲ့ စေတနာအပြည့်နဲ့ ချက်ထားတဲ့ မုန့်ဟင်းခါးကို သင်ဇာဝင့်ကျော်ကို မြည်းစမ်းခဲ့ခိုင်းပါတယ်။ သင်ဇာဝင့်ကျော်ကလည်း “မမအေးသီတာရဲ့မုန့်ဟင်းခါး အရမ်းစားလို့ကောင်းပါတယ်” ဆိုပြီး ထောက်ခံပေး ထားပါတယ်။

သင်ဇာဝင့်ကျော်ကတော့ အေးသီတာရဲ့ မုန့်ဟင်းခါး ကို အရမ်းကောင်းမွန်ကြောင်း ထောက်ခံ ထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို Cele Connections မှ ကျေးဇူးအထူးပဲ တင်ရှိပါတယ်နော်။

Source: Thin Zar Wint Kyaw’s fb
Bilie – Cele Connections