စူပါမင္းသား ေနတိုး ရဲ႕ (၄၅) ရက္ၾကာ ျပင္ဆင္မႈေတြ နဲ႔ ဖန္တီး ႐ိုက္ကူးထားတဲ့ ဝင္းဦး နဲ႔ေနတိုး ႏွစ္ကိုယ္ခြဲ ဗြီဒီယိုေလး

ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသားတစ္လက္ျဖစ္တဲ့ ေနတိုး ကေတာ့ အခ်စ္၊အလြမ္း၊အၾကမ္း၊ဟာသ ဇာတ္႐ုပ္မ်ိဳးစုံကို ပိုင္ႏိုင္စြာသ႐ုပ္ေဆာင္ႏိုင္တဲ့အျပင္ သူမ်ားထက္အားသာခ်က္ေတြအေနနဲ႔ အသံေကာင္းသူတစ္ေယာက္ ျဖစ္သလို Special Make-up Effect ေတြကိုပါ ပိုင္ႏိုင္စြာ လိမ္းျခယ္ႏိုင္သူတစ္ေယာက္ပါ။

ဒီေန႔မွာေတာ့ ေနတိုးက သူပိုင္ႏိုင္တဲ့ပညာရပ္ေတြအကုန္သုံးၿပီး ႐ိုက္ကူးထားတဲ့ ဗြီဒီယိုေလးတစ္ခုကို ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးခဲ့ပါတယ္။ ကိုဗစ္ကာလ အိမ္မွာနားေနစဥ္ ဝိတ္တက္လာတဲ့ အေပၚမွာ စြယ္စုံရအႏုပညာရွင္ ဦးဝင္းဦးရဲ႕ ေဝဖန္ေထာက္ျပခ်က္ ကို ျပန္လည္ဆင္ေျခေပးထားတာ ကို စိတ္ကူးယဥ္ ႐ိုက္ကူးထားတဲ့ ဗြီဒီယိုေလးျဖစ္ၿပီး ဒီဗြီဒီယိုေလးကို ဖန္တီးခဲ့ရာမွာေတာ့ လြန္ခဲ့တဲ့ (၄၅) ရက္က ဝိတ္တက္ေနတဲ့ခႏၶာကိုယ္ကို ဦးဝင္းဦးပုံစံသ႐ုပ္ေဆာင္ဖို႔ (၄၅) ရက္တာကာလအတြင္းမွာ ဝိတ္ခ်ၿပီး ျပန္လည္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီဗြီဒီယိုေလး ထဲမွာ ဦးဝင္းဦး အသံတုကို ပီျပင္စြာေျပာခဲ့႐ုံမက ဦးဝင္းဦးရဲ႕ “မမမိုး” သီခ်င္းကိုပါ အသံတုနဲ႔ ပိုင္ႏိုင္စြာ သီဆိုခဲ့ပါေသးတယ္။ ေနတိုးကေတာ့ ဒီဗြီဒီယိုေလးကို ဖန္တီးရျခင္းက ပရိသတ္ေတြကို အခ်ိန္တိုေလးအတြင္းမွာ စိတ္အပန္းေျဖၿပဳံး႐ႊင္ေစဖို႔ ရည္႐ြယ္ကာ ႐ိုက္ကူးထားတာျဖစ္ၿပီး ဦးဝင္းဦးကို ေလးစားတန္ဖိုးထားတဲ့အေနနဲ႔ ႐ိုက္ကူးဖန္တီးထားျခင္း ျဖစ္ပါတယ္တဲ့ ပရိသတ္ႀကီးေရ… အသံပိုင္းသာမက သ႐ုပ္ေဆာင္ပိုင္းပါ ပီျပင္လွတဲ့ ေနတိုးရဲ႕ ဦးဝင္းဦးနဲ႔ ေနတိုး ႏွစ္ကိုယ္ခြဲဗြီဒီယိုေလးကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပး လိုက္ပါတယ္ေနာ္။

Source – Nay Toe
Rainbow- Cele Gabar

unicode

စူပါမင်းသား နေတိုး ရဲ့ (၄၅) ရက်ကြာ ပြင်ဆင်မှုတွေ နဲ့ ဖန်တီး ရိုက်ကူးထားတဲ့ ဝင်းဦး နဲ့နေတိုး နှစ်ကိုယ်ခွဲ ဗွီဒီယိုလေး

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ နေတိုး ကတော့ အချစ်၊အလွမ်း၊အကြမ်း၊ဟာသ ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အပြင် သူများထက်အားသာချက်တွေအနေနဲ့ အသံကောင်းသူတစ်ယောက် ဖြစ်သလို Special Make-up Effect တွေကိုပါ ပိုင်နိုင်စွာ လိမ်းခြယ်နိုင်သူတစ်ယောက်ပါ။

ဒီနေ့မှာတော့ နေတိုးက သူပိုင်နိုင်တဲ့ပညာရပ်တွေအကုန်သုံးပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးတစ်ခုကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးခဲ့ပါတယ်။ ကိုဗစ်ကာလ အိမ်မှာနားနေစဉ် ဝိတ်တက်လာတဲ့ အပေါ်မှာ စွယ်စုံရအနုပညာရှင် ဦးဝင်းဦးရဲ့ ဝေဖန်ထောက်ပြချက် ကို ပြန်လည်ဆင်ခြေပေးထားတာ ကို စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးဖြစ်ပြီး ဒီဗွီဒီယိုလေးကို ဖန်တီးခဲ့ရာမှာတော့ လွန်ခဲ့တဲ့ (၄၅) ရက်က ဝိတ်တက်နေတဲ့ခန္ဓာကိုယ်ကို ဦးဝင်းဦးပုံစံသရုပ်ဆောင်ဖို့ (၄၅) ရက်တာကာလအတွင်းမှာ ဝိတ်ချပြီး ပြန်လည်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဗွီဒီယိုလေး ထဲမှာ ဦးဝင်းဦး အသံတုကို ပီပြင်စွာပြောခဲ့ရုံမက ဦးဝင်းဦးရဲ့ “မမမိုး” သီချင်းကိုပါ အသံတုနဲ့ ပိုင်နိုင်စွာ သီဆိုခဲ့ပါသေးတယ်။ နေတိုးကတော့ ဒီဗွီဒီယိုလေးကို ဖန်တီးရခြင်းက ပရိသတ်တွေကို အချိန်တိုလေးအတွင်းမှာ စိတ်အပန်းဖြေပြုံးရွှင်စေဖို့ ရည်ရွယ်ကာ ရိုက်ကူးထားတာဖြစ်ပြီး ဦးဝင်းဦးကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ ရိုက်ကူးဖန်တီးထားခြင်း ဖြစ်ပါတယ်တဲ့ ပရိသတ်ကြီးရေ… အသံပိုင်းသာမက သရုပ်ဆောင်ပိုင်းပါ ပီပြင်လှတဲ့ နေတိုးရဲ့ ဦးဝင်းဦးနဲ့ နေတိုး နှစ်ကိုယ်ခွဲဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Source – Nay Toe
Rainbow- Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

12 + 1 =