ဒေးဗစ်လား ရဲ့ ဘုန်းကံ က ယေရှုနာမ နဲ့ မြန်မာနိုင်ငံ ကို ကယ်တင် အုံး မယ့်အကြောင်း ပြောပြ လာသူ ( ရုပ် / သံ)

ဒေးဗစ်လား ရဲ့ ဘုန်းကံ က ယေရှုနာမ နဲ့ မြန်မာနိုင်ငံ ကို ကယ်တင် အုံး မယ့်အကြောင်း ပြောပြ လာသူ ( ရုပ် / သံ)

တရားဟော ဆရာ ဦးစောဒေးဗစ်လား ကို ယနေ့မေ ၂၀ ရက် တွင် မရမ်းကုန်းမြို့နယ် တရားရုံး ၌ ရုံးထုတ်ခဲ့ပြီး ရမန်နှစ်ပတ်ယူ ကာ အင်းစိန်ထော င်သို့ ပို့လိုက်ပြီဖြစ် သည် ။

ကိုဗစ်ကပ်ရောဂါ ကာလ အတွင်း လူစုလူဝေး မလုပ်ရန် တားမြစ်ချက် အား ဖောက်ဖျက်၍ ဘာသာရေးဆိုင်ရာ အခမ်းအနား တစ်ခုတွင် တရားဟောပြောခဲ့သောကြောင့် တရားဟောဆရာ ဦးစောဒေးဗစ်လား ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ က သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် ထားခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၃ ရက်နေ့ တွင် ထပ်မံရုံး ထုတ်မည်ဖြစ် သည် ။

“ဇွန်လ ၃ ရက်နေ့ အထိ ချုပ်ရမန် ပေး လိုက် တယ်။ ဦးဝေထွန်း ကတော့ ဆေးရုံကမဆင်းသေးတဲ့အတွက် မပါသေးဘူး။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲ ဆိုထားတ ယ် ။ ကျန်းမာရေး စစ်ထားပြီးပြီဖြစ်တဲ့ အတွက် အင်းစိန်ထောင်ကို ပို့မှာပါ” ဟု မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိ တစ်ဦး က ပြော သည် ။

ဦးစောဒေးဗစ်လား သည် COVID-19 ဓာတ်ခွဲ အတည်ပြု လူနာ Case 50 ဖြစ်ပြီး ဦးဝေထွန်း( နဝရတ် တေးသံသွင်း )က COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ Case 45 ဖြစ်သည် ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ထုတ်ပြန်ထားသည့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆိုင်ရာ ညွှန်ကြားချက်များကို ဦးစောဒေးဗစ်လားနှင့် ဦးဝေထွန်း( နဝ ရတ်တေးသံသွင်း )တို့ က လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းဖြစ် သည် ။

ထို့သို့ပျက်ကွက်မှုကြောင့် COVID-19 ရောဂါဖြစ်ပွားစေနိုင် သည့် လူစုလူဝေးပြုလုပ် ခဲ့မှုအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီ မံခန့်ခွဲမှု ဥပဒေအရ ဧပြီ ၁၄ ရက်တွင် မရမ်းကုန်းမြို့မရဲစခန်းက (ပ) ၅၈၃/၂၀၂၀ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သ ည်။

ငါးဦးထက်ကျော်လွန်၍ လူစုလူဝေးမပြုလုပ်ရန် တားမြစ်ထားစဉ် အတွင်း ၎င်းတို့ နှစ်ဦးသည် မရမ်းကုန်းမြို့နယ် ရပ်ကွက်တစ်ခုရှိ ခရစ်ယာန်ဘာသာရေး အသင်းတော်တစ်ခု၌ လူစုလူဝေးနှင့် တရားပွဲဦးဆောင်ပြုလုပ်ခဲ့ သူများဖြစ်သဖြင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ပေးမှုအရ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးက အမှုဖွင့် ခဲ့သည် ။

“ဒီနေ့တော့ ရမန်ယူတယ်။ ရဲ နဲ့ တရားရုံးကပဲ အမှုကိ စ္စဆောင် ရွက်သွားတာပေါ့။ ကျွန်တော်ကတော့ တရားရုံးကို မသွားရသေးဘူး။” ဟု အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

အခင်းဖြစ် ခရစ်ယာန် ဘာသာရေး အသင်းတော် တစ်ခု ၏ ဝင်းအတွင်း လူမစုရဟု အကြောင်းကြားခဲ့ရာ ယင်းအ သင်းတော်ကလည်း assembly hall ကို ပိတ်၍ ပုံမှန်ဝတ်ပြုဆုတောင်းမှုများ ကို ရပ်နားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ဦးစောဒေးဗစ်လားနှင့် ဦးဝေထွန်း တို့က ဧပြီလ ပထမရက်သတ္တပတ်အတွင်း ထိုအသင်းတော် ဝင်း အတွင်းရှိ အခန်းနေရာတစ်ခုတွင် ဝတ်ပြုဆုတောင်းမှုတို့ကို ပြုလုပ်ကာ Online တွင် D.M.I (Dream Ministry International) အမည်ဖြင့် Live လွှင့်ခဲ့ခြင်းကြောင့် အခန်းအသုံးပြုခွင့်ပေးသည့် အခန်း ပိုင်ရှင် ဦးဝေထွန်း၊ ဦးဆောင် တရားပွဲပြုလုပ်သူ ဦးစောဒေးဗစ်လားတို့ နှစ်ဦးကိုသာ တရားစွဲခြင်းဖြစ်သည်ဟု သိရသည်။

အင်းစိန်မြို့နယ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီ တို့ကိုလည်း ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မရဲစခန်းက (ပ)၇၀၆/၂၀၂၀ ဖြင့် အမှုဖွင့်ထား သည်။

မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့် ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်၍ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅တွင် ပြဌာန်းထားသည်။

”သဘာဝဘေးအန္တရာယ် ဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုမူ ဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်စေ မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းဖြစ်ပေါ်ခြင်း၊ ဆီးနှင်းပြိုကျခြင်း၊ အပူလှိုင်း သို့မဟုတ် အအေးလှိုင်းဒဏ် ခံရခြင်း၊ မီးတောင်ပေါက် ကွဲခြင်း၊ ကမ်းပြိုခြင်း၊ ပင်လယ်ရေကြောင်း အန္တရာယ် ဖြစ်ပေါ်ခြင်းကြောင့်သော် လည်းကောင်း၊

ပိုးမွှားတိရစ္ဆာန်များကြောင့် ဖြစ်စေ၊ အပင်ရောဂါကြောင့်ဖြစ်စေ၊ ပျိုးခင်း စိုက်ခင်းများ ပျက်စီးခြင်း၊ ငတ်မွတ် ခေါင်းပါးမှုဖြစ်ခြင်း၊ လူ သို့မဟုတ် တိရစ္ဆာန်များတွင် ကူးစက် ရောဂါ ဖြစ်ပွားခြင်း ကြောင့် သော် လည်းကောင်း၊ အကြမ်းဖက်ခြင်း၊ လက်နက်ကိုင် သောင်းကျန်းမှု ဖြစ်ပွားခြင်းကြောင့် သော်လည်းကောင်း၊ စက်မှု လုပ်ငန်းကြောင့် ဖြစ်စေ၊ ဓာတုပစ္စည်း ကြောင့်ဖြစ်စေ၊ အဏုမြူ ကြောင့်ဖြစ်စေ၊ ရေနံယိုဖိတ်ခြင်းကြောင့် ဖြစ်စေ၊ သဘာဝ ဓာတ်ငွေ့များ ယိုစိမ့်ခြင်းကြောင့်ဖြစ်စေ

အန္တရာယ် ဖြစ်ပေါ်ခြင်းကြောင့် သော် လည်းကောင်း၊ အများပြည်သူ ၏ အသက်အိုးအိမ် ဥစ္စာပစ္စည်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း၊ အခြေခံ အဆောက်အအုံများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးမှုများကို ဆိုသည်။ ယင်းစကား ရပ်တွင် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သဘာဝ ဘေးအန္တရာယ် ဟုသတ်မှတ်သည့် အခြား ဘေးအန္တရာယ် တစ်ခုခုလည်း ပါဝင်သည်။”ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ၂(ခ)တွင် ပြဌာန်း ထားသည်။

အဆိုပါ ပုဒ်မ၂(ခ)ပြဌာန်းချက် ၌ ” လူ သို့မဟုတ် တိရစ္ဆာန်များ တွင် ကူးစက်ရောဂါဖြစ်ပွားခြင်း ” ဆိုသည့် အချက် ပါဝင်ခြင်းကြောင့် ကိုဗစ်ကူးစက်ရောဂါနှင့် ပတ်သက် ၍ ယခုဥပဒေနှင့် အရေးယူနိုင်ခြင်းဖြစ်သည်ကို တွေ့ရသည်။

Add a Comment

Your email address will not be published. Required fields are marked *

four × 1 =