တရားဟောဆရာဒေးဗစ်လား အ တွက် အတိုင်းမသိ ဝမ်းနည်းမိသလို ဂုဏ်လဲ ယူပါတယ်ဆိုတဲ့ L ဆိုင်းဇီ

တရားဟောဆရာဒေးဗစ်လား အ တွက် အတိုင်းမသိ ဝမ်းနည်းမိသလို ဂုဏ်လဲ ယူပါတယ်ဆိုတဲ့ L ဆိုင်းဇီ

အသံအားကောင်းကောင်း နဲ့ ပရိသတ်တွေ ရဲ့ အားပေးမှုကို သီချင်း တစ်ပုဒ်ထဲနဲ့ စွဲဆောင်နိုင်ခဲ့တဲ့ အဆိုတော် Lဆိုင်းဇီ က အမြဲပျော်ပျော်နေတက်သူဖြစ်သလို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလဲ သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေနဲ့အတူပျော်စရာလေးတွေကို သာဝေမျှလေ့ရှိပါတယ်။

သို့ပေမယ် ယနေ့မှာတော့ သူ့ရဲ့ ဆရာအတွက် စိတ်မကောင်းဖြစ် ရတဲ့အကြောင်းကို ရိုးရှင်းစွာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ ” တော်ရုံတန်ရုံ ကျွန်မ စာရေးပြီး FB ပေါ် စာ ရေးမတင်တတ်ပါဘူး…တော်ရုံကိစ္စဆို ခေါင်းထဲမှာ မထဲ့တတ်လို့ပါ…ဒီနေ့တော့ ကျွန်မ ရေးပါမယ်… ဒီနေ့ မနက် ၉:၁၅ ကတော့

ကျွန်မရဲ့ ဘဝမှာ…ဝိညာဉ် နဲ့ပတ်သက်ပီး …သေမလောက်ခံစားရတဲ့ အချိန်ဖြစ်ခဲ့ရပါတယ်…😢 ဘုရားသခင်က အရာအားလုံးကိုသိမြင်ပီး ဘုရားဘုန်းအဖို့ဖြစ်တယ်လို့ပဲ…မျက်ရည်များနဲ့အတူဝန်ခံခဲ့ရပါတယ်…😭”

“ဒီနေ့ခေတ် မှာ ယုံကြည်သူ အင်္ဂါချင်း ဆိုတာ..ဘယ်ဆီများရောက်သွားသလဲလို့တောင်တွေးမိပါတယ်..😢ထပ်တူဝမ်း နဲရမယ့်အချိနိမျိုးမှာ… ကြိတ်ပျော်နေတဲ့သူတွေ တွေ့ရတော့….ရင်ထဲစို့နစ့်ရလောက်အောင်ပဲ..အလွန်ဝမ်းနဲမိပါတယ်….😢ဒီနေ့ခေတ်က မီဒီယာခေတ်ဖြစ်နေတော့…ခရစ်ယာန် မီဒီယာတွေကနေ စလိုက်တဲ့ အရာလေး တခုကနေ…ခုလောက်ထိဖြစ်သွား ခဲ့တာပဲလေနော်…”

“ဘယ်မှာလဲ အင်္ဂါချင်း…? ဘယ်မှာလဲ ဘုရားမေတ္တာ….?တချို့က ခရစ်ယာန်ဖြစ်ရတာတောင် ရှက်မိတယ်လို့ပြောတဲ့အဖွဲ့တွေက ရှိသေးတယ်……စိတ်မကောင်းစရာပါပဲ😢…..သမ္မာကျမ်းစာထဲမှာတော့ ၁ပေ ၄:၁၆မှာ…. ခရစ်ယာန်ဖြစ်လို့ ကဲ့ရဲ့ခြင်း…ရှုတ်ချခြင်း…. ငြင်းပန်းနှိပ်စက်ခြင်း ခံရရင် မရှက်ကြပါနဲ့…ထိုအမှုကြောင့် သင်ခံရလျှင်…ဘုရားသခင်၏ ဂုဏ်ကျေးဇူး ကိုချီးမွမ်းပါလို့ သွန်သင်ထားပါတယ်….”

“ခုဖြစ်နေတဲ့ကိစ္စတွေမှာ သာသနာပသူတွေက ကဲ့ရဲ့ရှုတ်ချကြတာ ကို အပြည့်ဝလက်ခံပါတယ်….သို့သော် ယုံကြည်သူချင်းဦးခေါင်းခရစ်တော်အထဲက ကိုယ်အင်္ဂါချင်းက…ပျော်နေတာတွေ…ကဲ့ရဲ့နေတာတွေကိုတွေ့ရတော့…အတိုင်းမသိဝမ်းနဲမိပါတယ်….

ဆရာရေ ဆရာ့အတွက်သမီးကတော့ဂုဏ်ယူမိပါတယ်.👍….ဘုရား အမှုတော်မှာ..😇ခုလောက်ထိ သစ္စာရှိစွာအစေခံနေတာတွေ့ရလို့…ခုကျတဲ့မျက်ရည်က…ဆရာ့ကို ခုလိုမြင်ရလို့…. ဝမ်းနဲတဲ့မျက်ရည်နဲ့အတူ…ဂုဏ်ယူဝမ်းမြောက်မိတဲ့မျက်ရည်ပါ…ခပ်သိမ်းသောအရာသည် ကိုယ်တော့်အထဲက….ကိုယ်တော့်အားဖြင့်….ကိုယ်တော့်အဘို့အလို့ငှာသာဖြစ်သည်….

ကမ္ဘာအဆက်ဆက်…ဘုန်းကြီး၍….မင်္ဂလာရှိပါစေ…အာမင်…🙏😇”လို့ ဆိုကာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်ဘဲ သူစိတ်မကောင်းကြောင်းကိုဘဲရေးသားခဲ့ပါတယ်။ ယနေ့မှာတော့ Covid 19 ကပ်ရောဂါ ကြောင့် လူစုလူဝေးမလုပ်ဖို့ နဲ့ အသွားအလာ စတင်ကန့်သတ်ခဲ့ချိန်မှာ ဘာသာရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့တဲ့ တရားဟောဆရာ ဒေးဗစ်လား ကို

ယနေ့ မေလ ၂၀ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ သူဟာ အဆိုပါတရားမှ ကပ်ရောဂါဆိုးကို ကိုယ်တိုင်ကူးစပ်ခံခဲ့ရရုံမကဘဲ ပွဲကိုလာရောက်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော်တွေအပါအ၀င် လူ ၈၀ဦးခန့် ကူးစက်ခံခဲ့ရပါတယ်။

ဒါ့ကြောင့် တရားဟောဆရာ ဒေးဗစ်လား ကိုသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ တရားစွဲဆိုခဲ့တာဖြစ်ပြီး ယနေ့မှာတော့ ပထမဆုံးအကြိမ်ရုံးထုတ်ကာ ရမန်၂ပတ်ယူပြီး အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *

seventeen − thirteen =