႐ုပ္သံေၾကာ္ျငာေတြ ႐ိုက္ကူးရာမွာ အိမ္မက္ လာေပးတဲ့ ဇာတ္ၫႊန္း အတိုင္း႐ိုက္ရတာ ရွိတယ္ဆိုတဲ့ ျဖဴျဖဴေထြး

ယခု သတင္းသည္ Shwe Yaung Myanmar မွ ေရးသား ထားေသာ သတင္း ျဖစ္သည္။

ျဖဴျဖဴေထြး ဆိုလိုက္တာနဲ႔ ခ်စ္စရာအျပဳအမူ ျဖဴစင္႐ိုးသားတဲ့ အမူအရာ၊ အလႉအတန္းရက္ေရာလြန္းတဲ့ ေကာင္မေလးကို မသိသူ မရွိေလာက္ပါဘူးေနာ္။

ဝါရင့္ လူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ တိမ္ၫြန္႔ ကလည္း” ဒီကေလး ေလွ်ာက္တဲ့လမ္းက ျဖဴစင္တယ္။ သူ႔အခ်ိန္အခါ ေရာက္လာရင္ တားမရဘူး။ သူကိုင္သမွ်က ေ႐ႊျဖစ္တယ္ေပ့ါ။ ပညာက သင္လို႔ရတယ္။ စမ္း(ဇာတာ) ၿပိဳင္လို႔မရဘူး။ သူ႔ၾကည့္ေတာ့ ကုသိုလ္ခ်င္းေရာ စမ္း ခ်င္းပါ မယွဥ္နဲ႔ ျဖစ္လာတယ္ ” လို႔ ျဖဴျဖဴေထြးကို ၾကည့္ၿပီး တြဲအလုပ္ လုပ္မိၿပီးတဲ့ေနာက္ ေျပာပါတယ္။

ျဖဴျဖဴေထြးဟာ ခက္ခဲေနတဲ့ ဇာတ္ပို႔ သ႐ုပ္ေဆာင္ေတြကိုလည္း အလုပ္ေပးၿပီး ေခၚယူ႐ိုက္ကူးေနသလို ဒီလို ႐ိုက္ကူးတာေတြကိုလည္း လုပ္ငန္းရွင္ေတြကေက်နပ္မႈရွိတယ္ လို႔ဆိုပါတယ္။ ဇာတ္ၫြန္းပိုင္းဆိုင္ရာ မွာလည္း တခါတေလ အိပ္မက္လာေပးလို႔ ႐ိုက္လိုက္ရတာေတြရွိတယ္လို႔ ျဖဴျဖဴေထြးကဆိုခဲ့တာပါ။

“ဇာတ္ၫႊန္းေရးတဲ့အခ်ိန္မွာ ညဘက္ေရးတာ မ်ားေတာ့ တခါတေလ အိပ္ေပ်ာ္သြားတာမ်ိဳးေတြလည္းရွိတယ္။အဲ့လိုအိပ္ေပ်ာ္သြားရင္ အိပ္မက္ထဲမွာ ဇာတ္ၫြန္းအတိုင္း႐ိုက္ေနတယ္ေပါ့။ ေနာက္က်ေတာ့မွ မ႐ိုက္ရေသးဘူးဆိုတာ သိၿပီး ႐ိုက္ျဖစ္သြားတာမ်ိဳးေတြလည္းရွိတယ္။အိပ္မက္လာေပးတာေပါ့” လို႔ေျပာၾကား သြားခဲ့တာျဖစ္ပါတယ္။

ျဖဴျဖဴေထြး ကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြကို ကူညီေပးေနတာေၾကာင့္ တခဲနက္ အားေပးမႈကိုရရွိၿပီး လူမႈကြန္ယက္မွာ ထိပ္ဆုံးက ေအာင္ျမင္ေနတာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ….ပရိသတ္ႀကီးလည္း ျဖဴျဖဴေထြးေပၚအျမင္ေလးကိုေျပာခဲ့ၾကပါအုန္းေနာ္။

unicode

ရုပ်သံကြော်ငြာတွေ ရိုက်ကူးရာမှာ အိမ်မက် လာပေးတဲ့ ဇာတ်ညွှန်း အတိုင်းရိုက်ရတာ ရှိတယ်ဆိုတဲ့ ဖြူဖြူထွေး

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသား ထားသော သတင်း ဖြစ်သည်။

ဖြူဖြူထွေး ဆိုလိုက်တာနဲ့ ချစ်စရာအပြုအမူ ဖြူစင်ရိုးသားတဲ့ အမူအရာ၊ အလှူအတန်းရက်ရောလွန်းတဲ့ ကောင်မလေးကို မသိသူ မရှိလောက်ပါဘူးနော်။

ဝါရင့် လူရွှင်တော် သရုပ်ဆောင် တိမ်ညွန့် ကလည်း” ဒီကလေး လျှောက်တဲ့လမ်းက ဖြူစင်တယ်။ သူ့အချိန်အခါ ရောက်လာရင် တားမရဘူး။ သူကိုင်သမျှက ရွှေဖြစ်တယ်ပေ့ါ။ ပညာက သင်လို့ရတယ်။ စမ်း(ဇာတာ) ပြိုင်လို့မရဘူး။ သူ့ကြည့်တော့ ကုသိုလ်ချင်းရော စမ်း ချင်းပါ မယှဉ်နဲ့ ဖြစ်လာတယ် ” လို့ ဖြူဖြူထွေးကို ကြည့်ပြီး တွဲအလုပ် လုပ်မိပြီးတဲ့နောက် ပြောပါတယ်။

ဖြူဖြူထွေးဟာ ခက်ခဲနေတဲ့ ဇာတ်ပို့ သရုပ်ဆောင်တွေကိုလည်း အလုပ်ပေးပြီး ခေါ်ယူရိုက်ကူးနေသလို ဒီလို ရိုက်ကူးတာတွေကိုလည်း လုပ်ငန်းရှင်တွေကကျေနပ်မှုရှိတယ် လို့ဆိုပါတယ်။ ဇာတ်ညွန်းပိုင်းဆိုင်ရာ မှာလည်း တခါတလေ အိပ်မက်လာပေးလို့ ရိုက်လိုက်ရတာတွေရှိတယ်လို့ ဖြူဖြူထွေးကဆိုခဲ့တာပါ။

“ဇာတ်ညွှန်းရေးတဲ့အချိန်မှာ ညဘက်ရေးတာ များတော့ တခါတလေ အိပ်ပျော်သွားတာမျိုးတွေလည်းရှိတယ်။အဲ့လိုအိပ်ပျော်သွားရင် အိပ်မက်ထဲမှာ ဇာတ်ညွန်းအတိုင်းရိုက်နေတယ်ပေါ့။ နောက်ကျတော့မှ မရိုက်ရသေးဘူးဆိုတာ သိပြီး ရိုက်ဖြစ်သွားတာမျိုးတွေလည်းရှိတယ်။အိပ်မက်လာပေးတာပေါ့” လို့ပြောကြား သွားခဲ့တာဖြစ်ပါတယ်။

ဖြူဖြူထွေး ကတော့ ဇာတ်ပို့သရုပ်ဆောင်တွေကို ကူညီပေးနေတာကြောင့် တခဲနက် အားပေးမှုကိုရရှိပြီး လူမှုကွန်ယက်မှာ ထိပ်ဆုံးက အောင်မြင်နေတာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ….ပရိသတ်ကြီးလည်း ဖြူဖြူထွေးပေါ်အမြင်လေးကိုပြောခဲ့ကြပါအုန်းနော်။

Add a Comment

Your email address will not be published. Required fields are marked *

two × 3 =