




unicode

ခွေးလေးတွေ ကို ပွေ့ပိုက်ပြီး အသည်းယားစရာ ကောင်းလောက်တဲ့ အမူအရာလေးတွေ နဲ့ ချစ်အားပိုအောင် ပို့စ်ပေး နေတဲ့ မေမြင့်မိုရ်

ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း နေရာတစ်နေရာကို အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိခဲ့ကာ နောက်ပိုင်းမှာဆိုရင်တော့ ကြော်ငြာတွေအပြင် ရုပ်ရှင် ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင်လာနေရပြီလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်ကာလ​လေးမှာ ခေတ္တရပ်နားထားခဲ့ပြီး မိသားစုလေးနဲ့အတူပျော်ပျော်ရွှင်ရွှင် အနားယူ နေထိုင်နေတာပဲဖြစ်ပါတယ်။ မကြာခဏ ဆိုရင်လည်း မေမြင့်မိုရ် က ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း မေမြင့်မိုရ် က အိမ်မှာနေရင်း ဓာတ်ဖမ်း ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေး လာခဲ့ပါတယ်။

ဒီပုံရိပ်လေးတွေထဲမှာတော့ မေမြင့်မိုရ် က သူမရဲ့ ခွေးလေးတွေ နဲ့ အတူ အသည်းယားစရာ အမူအရာလေးတွေ နဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့ လည်း မေမြင့်မိုရ် က ” Super Sunday လေးမှာ ဘေဘီလေးတွေ Spa သွား” ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီးချောလေး မေမြင့်မိုရ် ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေး လိုက်ပါတယ်နော်..။

Source- May Myint Mo’s fb account

Add a Comment

Your email address will not be published. Required fields are marked *

5 × 1 =