သားေသေလး ကို ေက်ာေပၚမွာ ပိုးၿပီး သြားလာ ေနတဲ့ ေဝလငါးမႀကီး ( ႐ုပ္သံၾကည့္ရန္ ပုံကိုႏွိပ္ေပးပါ )

ေဝလငါးမ်ိဳးစိတ္ထဲမွာေတာ့ ေဝလငါးနဲ႔ Killer whale တို႔ ဟာ သဘာဝခ်င္း မတူညီၾကပါဘူး။ေဝလငါးဟာ ငါးထဲမွာေတာ့ အႀကီးဆုံး သတၱဝါႀကီးျဖစ္ပါတယ္။ Killer whale ကေတာ့ အျဖဴအနက္က်ား ငါးျဖစ္ၿပီး၊ အ႐ြယ္အစားက သိသိသာသာ ေသးပါတယ္။ထက္ျမတဲ့ သြားေတြလည္း ပါဝင္ပါတယ္။Killer Whale လို႔ ေခၚရျခင္းကလည္း ရာဇဝင္ ရွိပါတယ္။ ဒီငါးေတြကို Orcas လို႔လည္း ေခၚၾကပါတယ္။Killer whale လို႔ ေရွးေခတ္သေဘၤာသားေတြက နာမည္ေပးခဲ့တာပါ။

သူတို႔ဟာ အ႐ြယ္အစားပိုႀကီးတဲ့ ေဝလငါးႀကီးေတြ ကို အမဲလိုက္ သတ္ျဖတ္ၿပီး စားေသာက္ၾကလို႔ Whale Killer လို႔ ေခၚခဲ့ရင္းက ေခတ္ေ႐ြ႕ေလွ်ာေတာ့ Killer whale ျဖစ္လာတာပါ။ၿပီးခဲ့တဲ့ (၂၀၁၈)ခုႏွစ္တုန္းက Orcas ငါးမႀကီးတစ္ေကာင္ဟာ သူမရဲ႕ ေက်ာေပၚမွာ ေသလြန္သြားတဲ့ သားေပါက္ေလးရဲ႕အေလာင္းကို တင္ၿပီးေခၚေဆာင္ သြားေနရွာပါတယ္။ဒီငါးမႀကီးဟာ အဲဒီသားေပါက္ေလးရဲ႕အေလာင္းကို (၁၇)ရက္ၾကာ ေက်ာေပၚမွာ တင္ပိုးသြားေနရွာတာပါ။

သူမဟာ အေလာင္းကို ပင္လယ္ျပင္ထဲမွာ စြန႔္လႊတ္ ဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ဒါေပမယ့္ သခၤါရသေဘာ တရားအရ ရက္အတန္ၾကာေတာ့ ေသထားတဲ့သားေလာင္းေလးက ပင္လယ္ေရနဲ႔အတူ ပုပ္ပြၿပီး သူမကို ထာဝရ ခြဲခြာသြားပါေတာ့တယ္။အခု(၂)ႏွစ္ေလာက္ အၾကာမွာ သူမ ကိုယ္ဝန္ ျပန္လြယ္ထားႏိုင္ၿပီလို႔ သိရပါတယ္။ဒီ Orcas ငါးမႀကီးဟာ ကေနဒါနဲ႔ အေမရိန္ အေနာက္ေျမာက္ပိုင္း ပစိဖိတ္ ကမ္း႐ိုးတမ္းမွာ လွည့္လည္ေပ်ာ္ပါးေနတဲ့ ငါးမႀကီးျဖစ္ပါတယ္။ဒီငါးမႀကီးကို သုေတသနအဖြဲ႕က Tahlequah သို႔မဟုတ္ J35 လို႔ နာမည္ေပးထားပါတယ္။ SR3 သုေတသနအဖြဲ႕ဟာ ၿပီးခဲ့တဲ့ဇူလိုင္ကတည္းက ကိုယ္ဝန္လြယ္ထားရတဲ့ Orcas ေတြကို ေလ့လာ ေနတာ ျဖစ္ပါတယ္။

SR3 သုေတသနအဖြဲ႕ရဲ႕အဆိုအရ Orcas ေဝလ ငါးမေတြမွာ ယခင္က ကိုယ္ဝန္မေအာင္ျမင္မႈေတြ ရွိခဲ့ေၾကာင္း၊ဒီလိုျဖစ္ပ်က္တာဟာ ငါးေတြရဲ႕အစာအဟာရနဲ႔ သက္ဆိုင္ေလာက္တယ္လို႔ ယူဆရပါတယ္။ေနာက္ၿပီး သူတို႔ရဲ႕အဓိကအစားအစာျဖစ္တဲ့ Chinook ေဆာလ္မြန္ငါးေတြ လက္ခံရရွိမႈအေပၚမွာလည္း မူတည္ႏိုင္ပါတယ္။Killer whale ေတြဟာ ကိုယ္ဝန္ လြယ္ခ်ိန္ (၁၇)လကေန (၁၈)လအထိ ၾကာျမင့္တက္ပါတယ္။ အခု ဒီငါးမႀကီးအေနနဲ႔ ေသသြားတဲ့ သားေပါက္ေလးရဲ႕ ေနရာကို အစားထိုးဖို႔ ဆုလာဘ္တစ္ခု ရရွိခဲ့ၿပီ ျဖစ္ပါတယ္။ဒါေပမယ့္ သူမအေနနဲ႔ လေပါင္းမ်ားစြာ ေစာင့္ဆိုင္းရဦးမွာပါ။

Credit to Original

unicode

သားသေလေး ကို ကျောပေါ်မှာ ပိုးပြီး သွားလာ နေတဲ့ ဝေလငါးမကြီး ( ရုပ်သံကြည့်ရန် ပုံကိုနှိပ်ပေးပါ )

ဝေလငါးမျိုးစိတ်ထဲမှာတော့ ဝေလငါးနဲ့ Killer whale တို့ ဟာ သဘာဝချင်း မတူညီကြပါဘူး။ဝေလငါးဟာ ငါးထဲမှာတော့ အကြီးဆုံး သတ္တဝါကြီးဖြစ်ပါတယ်။ Killer whale ကတော့ အဖြူအနက်ကျား ငါးဖြစ်ပြီး၊ အရွယ်အစားက သိသိသာသာ သေးပါတယ်။ထက်မြတဲ့ သွားတွေလည်း ပါဝင်ပါတယ်။Killer Whale လို့ ခေါ်ရခြင်းကလည်း ရာဇဝင် ရှိပါတယ်။ ဒီငါးတွေကို Orcas လို့လည်း ခေါ်ကြပါတယ်။Killer whale လို့ ရှေးခေတ်သင်္ဘောသားတွေက နာမည်ပေးခဲ့တာပါ။

သူတို့ဟာ အရွယ်အစားပိုကြီးတဲ့ ဝေလငါးကြီးတွေ ကို အမဲလိုက် သတ်ဖြတ်ပြီး စားသောက်ကြလို့ Whale Killer လို့ ခေါ်ခဲ့ရင်းက ခေတ်ရွေ့လျှောတော့ Killer whale ဖြစ်လာတာပါ။ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်တုန်းက Orcas ငါးမကြီးတစ်ကောင်ဟာ သူမရဲ့ ကျောပေါ်မှာ သေလွန်သွားတဲ့ သားပေါက်လေးရဲ့အလောင်းကို တင်ပြီးခေါ်ဆောင် သွားနေရှာပါတယ်။ဒီငါးမကြီးဟာ အဲဒီသားပေါက်လေးရဲ့အလောင်းကို (၁၇)ရက်ကြာ ကျောပေါ်မှာ တင်ပိုးသွားနေရှာတာပါ။

သူမဟာ အလောင်းကို ပင်လယ်ပြင်ထဲမှာ စွန့်လွှတ် ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် သင်္ခါရသဘော တရားအရ ရက်အတန်ကြာတော့ သေထားတဲ့သားလောင်းလေးက ပင်လယ်ရေနဲ့အတူ ပုပ်ပွပြီး သူမကို ထာဝရ ခွဲခွာသွားပါတော့တယ်။အခု(၂)နှစ်လောက် အကြာမှာ သူမ ကိုယ်ဝန် ပြန်လွယ်ထားနိုင်ပြီလို့ သိရပါတယ်။ဒီ Orcas ငါးမကြီးဟာ ကနေဒါနဲ့ အမေရိန် အနောက်မြောက်ပိုင်း ပစိဖိတ် ကမ်းရိုးတမ်းမှာ လှည့်လည်ပျော်ပါးနေတဲ့ ငါးမကြီးဖြစ်ပါတယ်။ဒီငါးမကြီးကို သုတေသနအဖွဲ့က Tahlequah သို့မဟုတ် J35 လို့ နာမည်ပေးထားပါတယ်။ SR3 သုတေသနအဖွဲ့ဟာ ပြီးခဲ့တဲ့ဇူလိုင်ကတည်းက ကိုယ်ဝန်လွယ်ထားရတဲ့ Orcas တွေကို လေ့လာ နေတာ ဖြစ်ပါတယ်။

SR3 သုတေသနအဖွဲ့ရဲ့အဆိုအရ Orcas ဝေလ ငါးမတွေမှာ ယခင်က ကိုယ်ဝန်မအောင်မြင်မှုတွေ ရှိခဲ့ကြောင်း၊ဒီလိုဖြစ်ပျက်တာဟာ ငါးတွေရဲ့အစာအဟာရနဲ့ သက်ဆိုင်လောက်တယ်လို့ ယူဆရပါတယ်။နောက်ပြီး သူတို့ရဲ့အဓိကအစားအစာဖြစ်တဲ့ Chinook ဆောလ်မွန်ငါးတွေ လက်ခံရရှိမှုအပေါ်မှာလည်း မူတည်နိုင်ပါတယ်။Killer whale တွေဟာ ကိုယ်ဝန် လွယ်ချိန် (၁၇)လကနေ (၁၈)လအထိ ကြာမြင့်တက်ပါတယ်။ အခု ဒီငါးမကြီးအနေနဲ့ သေသွားတဲ့ သားပေါက်လေးရဲ့ နေရာကို အစားထိုးဖို့ ဆုလာဘ်တစ်ခု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ဒါပေမယ့် သူမအနေနဲ့ လပေါင်းများစွာ စောင့်ဆိုင်းရဦးမှာပါ။

Credit to Original

Add a Comment

Your email address will not be published. Required fields are marked *

nineteen − 5 =