ပုရိသ အမျိုးသားတွေကြား ဂယက်ထ သွားစေခဲ့တဲ့ မင်းသမီးလေး စံရတီမိုးမြင့် ရဲ့ ပိုစ့်တစ်ခု





unicode

ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေး စံရတီမိုးမြင့်က စစ်မှန်တဲ့ သဘာဝအလှလေး ကို ပိုင်ဆိုင် ထားတာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က အနုပညာလောက ထဲမှာ အချိန်အတော်ကြာ ရပ်တည်ခဲ့ပြီး အခုနောက်ပိုင်း မှာ အရင်ကထက် ပိုလှလာပြီး ပရိသတ်တွေ ရဲ့ စိတ်အာရုံကို အပြည့်အဝ ဖမ်းစား ထားနေတာပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အရုပ်လေးလိုလှလာတဲ့ စံရတီမိုးမြင့်ကို မိန်းကလေး ပရိသတ်တွေကလည်း အားကျကြသလို ယောကျာ်းလေး ပရိသတ်တွေကလည်း ချစ်ခင်စွာနဲ့ ဝန်းရံအားပေးကြပါတယ်။

လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါး စွာနေတတ်တဲ့ မင်းသမီးလေး စံရတီမိုးမြင့်က မနေ့က မေလ (၁၀)ရက်နေ့မှာတော့ သူမရေချိုးတိုင်း လာကြည့်နေ တဲ့ ခွေးလေးအကြောင်း ကို ပိုစ့်လေး တင်ခဲ့တာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့် ရဲ့ ထိုပို့စ့်လေးကြောင့် အမျိုးသား ပရိသတ်တွေက ထိုခွေးလေးကို အားကျတယ်ဆိုပြီး စနောက်ကျီစယ်ကာ ဂယက်ထသွားစေခဲ့တာကို တွေ့ရပါတယ်။

စံရတီမိုးမြင့်က သူမရဲ့ ပရိသတ်တွေကို ရင်းရင်းနှီးနှီး ရှိသလို သူမရဲ့ ပရိသတ်တွေကလည်း သူမကို ချစ်ချင်ခင်ခင်နဲ့ စနောက်ရင်း ထိတွေ့လေ့ရှိတာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်လည်း သူမခွေးလေးကို အားကျတယ်ဆိုတဲ့ ပုရိသတွေရဲ့ ကောမန့်တွေကို ဖတ်ပြီး သဘောကျမဆုံးဖြစ်နေမယ် ထင်ပါ တယ်နော်။

Source: San Yati Moe Myint’s fb

Add a Comment

Your email address will not be published. Required fields are marked *

3 × 5 =