ကွယ်လွန်သွားတဲ့ ခင်ပွန်းနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုအား ရင်ဖွင့်ပြောပြလာတဲ့ “နန်းမြတ်ဖြိုးသင်း”

Posted on

သားလေးတစ်ယောက်သမီးလေး တစ်ယောက်နဲ့ပရိသတ်တွေချစ်နေရတာကတော့ နန်းမြတ်ဖြိုးသင်း တို့ မိသားစုလေးပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးချစ်နေရတာပါ။ မေမေကလည်းကလေးတွေကြည့်ပြီး ဘဝကို ရင်ဆိုင်နေရတာပါ။

သူတို့မိသားစုလေးဟာတစ်ချိန်က ကြည်နူးပျော်ရွှင်စရာကောင်းခဲ့တာပါ။ ဒါပေမယ့် ကိုဗစ်ရဲ့ ရိုက်ခတ်မှုတွေကြောင့်ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတာပါ။ ပရိသတ်တွေလည်းဝမ်းနည်းကြေကွဲခဲ့ရတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ခင်ပွန်းကွယ်လွန်တာ တစ်နှစ်မပြည့်ခင်လေးမှာ ခံစားချက်လေးကို ထုတ်ပြောလိုက်တာပါ။

နက်ဖြန်ဆိုတနှစ်ပြည့်ပီလေ အမှန်အတိုင်းပြောရရင် မရှိတော့ဘူးဆိုတာကြီးကိုမေ့ထားတာ သူရှိနေသလိုလေးဖြတ်သန်းဖြစ်တယ် စိတ်ကိုမအားအောင်နေတယ် ဘဝမှာရုတ်တရက် အားကိုးမဲ့သွားသလိုခံစားချက်ကပင်ပန်းပါတယ် ကလေးနှစ်ယောက်အတွက် အကောင်းဆုံးရပ်တည်ရမယ်ဆိုတဲ့ စိတ်ကြောင့်သာ တည့်မတ်နိုင်တာ တခါတလေတော့လဲ ကိုယ့်ကိုကိုယ်လိမ်ထားရတာကောင်းတယ် အားလုံးလဲအပူကိုယ်စီနဲ့မို့အထွေအထူးတွေပြောပြမနေချင်တော့ပါဘူး ဒီရက်လေးတွေကတော့ပိုလွမ်းရတာမို့တင်လိုက်တာပါ အားလုံးပဲချစ်တဲ့သူ နဲ့ အတူရှိချိန် ပျော်ရွှင်ကြပါစေဆိုပြီးပြောပြခဲ့တာပါ။

Credit

zawgyi




Credit