ကမ္ဘာကြီး သမိုင်းကြောင်းကောင်းဖို့ နဲ့ မြန်မာပြည်ကြီး သမိုင်းကြောင်း ပြောင်းလဲ ဖို့ သမိုင်းမှတ်တိုင် ကျောက်စာထဲ ကိုယ့်နာမည် ရေးထွင်းဖို့လိုသည်( လင်းယုန်ကြီး ပင်လယ်ပြင်မှာ နဂါးဖမ်းပွဲ ကနေ ဖြစ်ပေါ်လာမည့် ကမ္ဘာ့သမိုင်း ကို တဆစ်ချိုး ပုံဖော်ပြောင်းလဲမှုကြီး)

ကမ္ဘာတစ်ခု သမိုင်း တစ်ခု ( သို့) သမိုင်း မှတ်တိုင်ကျောက်စာ ထဲ ကိုယ့်နာမည် ရေးထွင်း ဖို့ လိုသ ည်

နဂါးပင်လယ်ထဲမှ လင်းယုန် တောင်ပံ ခတ်သံ

တရုတ် ဟာ သူ့နိုင်ငံက ဘိန်းစစ်ပွဲ နဲ့ ဖျက်စီးခံ ထားရတာတောင်မှ ၊ ရတာ ကို သူ့နိုင်ငံကြ မူးယစ် ကင်းစင်အောင် လုပ်ပြ်ီး၊ မြန်မာကြ ကုန်ကြမ်းပို့၊ မူးယစ်လမ်းကြောင်းဖောက် ၊ နာမည်ခံခိုင်းပြ်ီး၊ သူ့ အကျိုး အတွက် အမြတ် ထုတ်ဆောင်ပြီး၊ မြန်မာပြည်သူတွေ မူးယစ် သားကောင်ဖြစ် ၊ သေကြေပျက်စီးပြီး တိုင်းပြည် သူ့လက်ထဲအထိ၊ ရယူနိုင်အောင် လုပ်ဆောင်ခဲ့တယ်။

ကံကောင်းတာက အဲ့အနေထား သ်ီသီကလေး လက်မတင်‌လေးကနေ၊ နိုင်ငံ ကို စစ်အာဏာရှင်တွေ ဖျက်စီးရောင်းစားမှု နဲ့ တရုတ်အောက် မရောက်ဖို့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ပြည်သူ့အစိုးရမှ လက်တစ်လုံးခြား အလိုမှာ ကယ်တင်နိုင် ခဲ့ ပေး ခဲ့တယ်။ ဒါတောင် လူမျိုးရေးနဲ့ ဘာသာရေးကို စစ်အာဏာရှင်တွေနဲ့ တရုတ်အစိုးရမှ ကြိုးကိုင်ပြီး မြန်မာပြည်မှာ ဘာသာရေး မီးမွှေးခဲ့တာတွေနဲ့၊ ကလားမုန်း တရုတ် လက်ခံကောင်းစားရေးကို ဖန်တီးပြ်ီး၊ ပြည်တွင်းကို ဝင်ရောက် ချုပ်ကိုင် ကြီးစိုး ချယ်လှယ်နိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့ အရာတွေ အဖြစ်ပျက်တွေဟာ၊

လက်တွေ့ မြန်မာ့နိုင်ငံရေးအတွက် ဖျောက်ဖျက်မရတဲ့ သမိုင်းအချက်လက် အစစ်မှန်‌တွေပဲဆိုတာ၊ ဒီက စစ်အာဏာရှင်တွေနဲ့ ပြည်ဖျက်တရုတ် ပြိုလဲကျပြီးရင်၊ တာဝန်ရှိသူတွေက နောင်မျိုးဆက်တွေအတွက်၊ ထုတ်ဖော်ရေးသား အလင်းပြကြပါလိမ့်မယ်။ ဒီတော့ ယခု တိုင်းပြည်ကို ဒီလို လူတွေ လက်ထဲကနေ ကယ်တင်ခဲ့တာ_ကယ်တင်နေတာ ဘယ်သူလဲ မေးရင်၊ နောင်မျိုးဆက်တွေ မျက်စိစုံမှိတ် ဖြေနိုင်ရမယ်၊ ဖြေနိုင်ဖို့ ခုကတည်းက သိသင့်တယ်၊

သိနိုင်ဖို့ နိုင်ငံရဲ့ သမိုင်း အဖြစ်မှန် အစစ်မှန်‌တွေကို၊ နောင်မျိုးဆက်တွေအထိ သမိုင်းရေးထိုး ကျောက်စာတင်ထားရပါလိမ့်မယ်။ သို့ကြောင့် တွေးစကြည့်ရင် တရုတ်နဲ့ ဒ်ီကစစ်အာဏာရှင် အပေါင်းပါတွေဟာ၊ ကမ္ဘာ့ရာဇဝတ်ပြစ်မှုအတွက် နိုင်ငံရေးအရရော၊ လူမျိုးရေးအရရော၊ ရှိသမျှအခွင့်ရေးမှန်သမျှ ချိုးဖောက်ပြီး၊ ဖျက်စီး သတ်ဖြတ်ခဲ့တဲ့အထိ၊ ပြစ်မှုကြီးမား မြောက်ပါတယ်။

နိုင်ငံတွင်း ရှိသမျှလည်း အကုန်ခွာယူပြီး၊ နိုင်ငံကို ပိုင်းဖြတ် ရောင်းစား သိမ်းပိုက်ဖို့အထိ ရည်ရွယ်ထားတာပါ လုပ်ဆောင်နေတာပါ။ ဒါ့အပြင် တရုတ်ဟာ သူ့နိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်ကို၊ သစ်ပင်လေးတစ်ပင်တောင် စွဲမနုတ်ဖို့၊ ပြစ်ဒဏ်ထုတ်လုပ် ကျင့်သုံးနေတဲ့ တရုတ်ဟာ ၊ မြန်မာမှာ ရှိသမျှ အမြစ်ပါမကျန် စွဲနုတ်သွားမှုကို၊ တကမ္ဘာလုံး မြင်တွေ့ ခံစားရပါတယ်။ ဒါကို ကျေကျေနပ်နပ်ကြီး ထိုင်ကြည့်၊ ပေးလိုက်သူများကတော့၊ အချုပ်အခြာအာဏာ ကို တသွင်သွင်ပြောပြီး၊ စစ်ရေးအမြင်သာရှိရမယ်၊ ငါတို့မရှိရင် ဘာဖြစ်သွားမလဲဆိုတဲ့၊ အရိုးစည်းရိုးထိုးမယ်ဆိုတဲ့၊ တရုတ်ကို ကြောက်ရပါတယ် ဆိုတဲ့၊ ကာကွယ်ရေးဟာ အဓိကပါ ဆိုတဲ့၊ အမျိုးသားရေး အတွက်ဆိုတဲ့ ၊ နိုင်ငံကို တစ်လက်မ မှ အထိမခံဘူး ၊ အသားဖဲ့ပေးမယ် ဆိုသူများပဲ ဖြစ်ပါတယ်။

ဒီတော့ အခု လည်း US နဲ့ မြန်မာက ပူးပေါင်းပြီး၊ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်၊ ရခိုင်ဒေသ လမ်းကြောင်းနဲ့၊ ဘကုန်းထွက်ပေါက်၊ X Ray စက်တွေ အထိုင်ချထားတဲ့ ပြည်ထောင်စုလမ်းမ လမ်းကြောင်း ၊ ရန်ကုန်ဆိပ်ကမ်း စသည်တို့မှာ မူးယစ် လမ်းကြောင်း ကို ပိတ်ဆို့ထားမှုကြောင့်၊ အခု ‌ဧရာဝတီတိုင်းဘက်ကနေ ပင်လယ်ထွက်ပေါက် ရှိတဲ့နေရာကနေ ပစ္စည်းပို့ဖို့အတွက်၊ မူးယစ်တွေ သယ်လာလို့ ဖမ်းမိတာကို၊ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ် ကျေးရွာအနီး၊ မူးယစ်ဆေးဝါးများမိဆိုပြီး ခေါင်းစဉ်တပ် သတင်းလုပ်ပြန်တော့ ရှင်းရှင်းလေးပဲ ဒါဟာ လူထုခေါင်းဆောင်ရဲ့ ရွေးကောက် မဲဆန္ဒနယ်မြေနဲ့ DASSK နာမည် ကို ဖျက်ချင်တာနဲ့ နှစ်ကျပ်ကွက် နဲ့ ပစ္စည်းလည်းပို့၊ ဖမ်းမိတော့လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ မဲဆန္ဒနယ် အနီး ဆိုပြီး ရေးလိုက်တာပဲ။

ယုတ်မာပုံများပြော ပါတယ်။ ကလေးကလား အရေးသား နဲ့၊ စစ်အစိုးရခေတ်က ကြေးမုံသတင်းစာ အရေးသားနဲ့ ငါးမင်းဆွေလို ကောင်စားမျိုးတွေ ဖြစ်မှာပေါ့၊ ခက်တာက လူထုက မအတော့ဘူး ထိုးချ အပုတ်ချ ယုတ်မာတာနဲ့ ဂျင်းခေတ်က ကုန်နေပြီဆိုတာ သိနေပြီ၊ ဒါကြောင့် အဲဒ်ီ့မူးယစ်ကေ့က ထိုနယ်မြေဒေသနဲ့ DASSK ကို တမင် အပုတ်ချ နာမည်ဖျက်ချင်လို့၊ လုပ်လိုက်တာလားမှ မသိ ။ ဒီတော့ ရှင်းရှ င်းပဲပြောမ ယ်၊ ဒ်ီက ပြည်တွင်းက လူယုတ်မာတွေ ဘာမှ လုပ်မရတော့သလို၊ ပထွေးသာကောကြီးလည်း နားကားနေပြီဆိုတာ သိကြပါဟု မသိဘူးဆိုလည်း ထပ်သိအောင်ပြောလိုက် မယ်။ ဝလည်း တရုတ်ခိုင်းတာလုပ်ပြ်ီး ပြန်ငြိမ်နေရပြီ။ သူက အေးဆေးနေချင်သူ။ အေအေလည်း လမ်းကြောင်းပျက်လို့ ငတ်နေပြီး စစ်တောင် မထနိုင်တော့ဘူး ၊ ကျန်တဲ့ လက်နက်ကိုင်တွေက အရိုးကိုက်ဖို့၊ သာကောကြီး ချအကြွေး စောင့်နေရတယ်၊

ဒါကြောင့် အခု အစိုးရ နဲ့ လက်နက်ကိုင်တဖွဲ့ခြင်းစီ ဆွေးနွေး မယ် အသံထွက်လာ တယ်၊ အမှန်ကန်လား တရုတ် စနက်လား စောင့်ကြည့်ရ ပါမယ် ဒီတော့ သာကောတောင် တိုင်ပတ် ငတ်နေ လို့ သူများ ပင်လယ်ပြင် နယ်မြေသွားပြီး ငါးတွေ ခိုးဖမ်းနေ ရတယ်၊ နောက် နှစ်လလောက်ဆို သွားပြီ၊ မောင်ရှီကျင့်ပင် ဒူးထောက် ခစားတော့ပဲ၊ မခစားချင်ရင် ထွက်ပေါက်ပြင်ပေါ့၊ ဒါပဲ ရှိ‌တော့တာ ။ ဒီတော့ .. အချုပ်ကိုပဲ ပြောရရင်

ထရန့်သမ္မတပြန်ဖြစ် မလားဆို

ဖြစ်ပါမယ် .. ဘာကြော င့်ဆိုတော့ အခု သူတည်ထားတဲ့ အကွက် ဟာ ရှေ့မတိုး နောက်မဆုတ်သာ၊ အမေရိကန်ပြည်သူတွေ ရွေးချယ်ရခက်ပြ်ီး၊ ထရန့်ရှိမှ ကမ္ဘာနဲ့သူ့နိုင်ငံ လွတ်မြောက်မယ်ဆိုတဲ့ အနေထားကို ပုံဖော် တည် ထားတာ ဖြစ်ပြီး၊ ယခု အရေး ကို ထရန့်သာ စွမ်းဆောင်နိုင်မယ် တခြားလူ ဆို မရနိုင်ဘူး ဆိုတဲ့ အမြင် အခြေနေ ကို ထရန့် မှ တည်ဆောက် ပုံဖော်ထားနိုင်ပြီ ဖြစ်သလို၊ အမေရိကန်ဟာ ထရန့်ကိုသာ အားကိုးရာ၊ ထရန့် ဆောင်ရွက်ပေးမှရတော့မှာ၊ မဟုတ်ရင် တရုတ်လက်အောက် ကျတော့မှာဆိုတဲ့ အသိအမြင်နဲ့၊ ယခုအရေးကို သူ့ကိုသာ တာဝန်ပေး ပြီးဆုံးအောင်ထိ စွမ်းဆောင်ခိုင်းမှာ ဖြစ်သလို၊ ထရန့်ကို ပြန်မရွေးချယ်ရင် တရုတ်ပြန်ခေါင်းထောင် လာပြီး လူစွာလုပ်တော့မယ်၊

သူတ့ိုကျရှုံးမယ် ဆိုတဲ့ အသိ ကို ရရြှိဖစ်ပေါ်နေပြီ ဖြစ်သောကြောင့်၊ ထရန့်ကို မကြိုက်သူရှိလည်း၊ နိုင်ငံ Great America ပြန်ဖြစ်ဖို့အတွက်၊ သူ့ကိုသာ ပြန်လည် ရွေးချယ်ကြပါလိမ့် မည် ဟု နောက် သူ့ပြိုင် ဘက် ဂျိုးဘိုင်ဒန်ဟာ တရုတ်နဲ့ ပြန်အဆင်ပြေအောင် ဆက်ဆံပြီး လုပ်ဆောင်မည်ဆိုသောကြောင့် ဒီအချက်ဟာ ထရန့်ကို သမ္မတ ပြန်‌ဖြစ်စေဖို့ ဗုတ်တင်အရေ အတွက်ကို ဖဲ့ပေးလိုက် သလို ဖြစ်စေပြီး၊ အမေရိကန် အစိုးရမှလည်း အရင်က ထရန့်ရဲ့ စွမ်းဆောင်မှုများ နဲ့ လုပ်ကွက် အပြောဆိုများ ကို သဘော မကျသော်လည်း ယခုအခါ ထရန့် ရဲ့ တည်ငြိမ်စွာ စွမ်းဆောင်ပြမှု အရည်သွေးကို သဘောကျ နှစ်သက်လာ၍ လက်ခံပြီး အားကိုးယုံကြည်လာသည်ဟု မြင်မိသည်။

သို့ကြောင့် ဒီအချက်တွေကပဲ ပြည်သူထက် အစိုးရပိုင်းမှ ထောက်ခံအားပေးပြီး လုပ်ဆောင် ပံ့ပိုး‌ပေးမည့်အတွက် ထရန့်မှ သမ္မတပြန်ဖြစ်မည်ဟု ယုံကြည်သည်။ ထို့အတွက် သူမှလည်း သူ့တာဝန် တရုတ်ကို ဖြေရှင်း ဆောင်ရွက်ပေးရန်၊ ပြန်လည် တာဝန်ကျေပွန် ရမည် ဖြစ်လေသည်။
သို့ကြောင့် ထရန့်သမ္မတ ဖြစ်မည်လားဆို %ပြည့်ဟု တထစ်ချ ပြောလိုပါသည်။ ထိုအတွက် ယခု ကမ္ဘာ့အရေး တရုတ်အတွက်နှင့် နိုင်ငံရေးအတွက် အရင်က ထရန့်ကို ဆန့်ကျင်ကန့်ကွက် တိုက်ခိုက်သူ အစိုးရဝန်များနဲ့ ဒီမိုကရက်ဘက်ကတောင် ဘာသံမှ မကြားရ မလုပ်ဆောင်‌တော့ပေ

ဒါဟာ ဘာကို ပြသတာလဲ ဆိုရင် ကမ္ဘာအတွက် တရုတ်နဲ့ အရေးမှာ ထရန့်လုပ်ဆောင် မှု မှန်ကန်ကြောင်း နဲ့ ထရန့် စွမ်းဆောင်ရည်များကို အသိမှတ်ပြု အားပေး ထောက်ခံလာပြီဖြစ်ကြောင်းနဲ့၊ အထူးသဖြင့် တရုတ်အန္တရာယ်နဲ့ ခြိမ်းခြောက်မှုများကို အမေရိကန်ကာကွယ်ရေးဝန်များ၊ ဆန့်ကျင်ဘက် ဒီမိုကရက်တစ်များနဲ့ ပြည်သူများကပါ မြင်တွေ့လာပြီဖြစ်၍၊ ထရန့်ရဲ့စွမ်းဆောင်မှု အရည်သွေးကိုလည်း လက်ခံလာကြပြီ၊

ထရန့်ဘက် ရပ်တည်ထောက်ခံလာကြပြီဟု‌သော ရလဒ်အဖြေ ကြောင့်ပင်ဖြစ်သည်။ သို့အတွက် ထရန့်မှလည်း တရုတ်ကို အကွက်ကျစွာ လုပ်ဆောင် ကစားထားနိုင်ပြီး၊ တကမ္ဘာလုံးကို သူ့ဘက်ပါလာအောင်နဲ့ ထောက်ခံလာအောင် စွမ်းဆောင် ထားနိုင်ပြီ မဟုတ်ပါလား ။

ထရန့္တရုတ္ကို တိုက္မလားဆို

ကြိမ်းသေပေါက် တိုက် ပါမည်ဟု ။ အဘယ့်ကြောင့် ဆိုသော် ကာကွယ်ရေးဝန်ကြီးမှ ကမ္ဘာပတ်စည်းရုံးထားမှု၊ လွတ်တော်မှ စစ်ရေးဘက်ဂျက် ထုတ်ပေးထားမှုတွေဟာ ယခု ကုန်ကျစားရိတ်တွေ ဆိုတာ ထက်၊ တရုတ်ကို တိုက်ဖို့ ပြုလုပ်ပေးခြင်းသာ ဖြစ်သည်ဟု မြင်မိပြီး၊ ထရန့်ကို ယုံကြည် ကိုးစားမှုနဲ့အတူ တရုတ်ရန်မှနေ ကာကွယ်နိုင်အောင် စေခိုင်းပြီဟု မှတ်ထင်ပါသည်။

ဒါ့အပြင် မဟာမိတ်နိုင်ငံများကပါ စစ်ရေးကြိုတင်ပြင်ဆင် တည်ဆောက်နေခြင်းနဲ့ လက်နက်များဝယ်ယူ ဖြည့်တင်း လေ့ကျင့်နေခြင်းများဟာ စစ်ကို ကြိုတင်နေရာဦးထားမှုများပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထရန့်ရွေးကောက်နိုင်မည် ဆိုသော်လည်း မမြင်ရတဲ့ ရန်သူ အကွက်တွေက ရှိနေတော့၊ အကယ်၍ ထရန့်မနိုင်ခဲ့လျင်ဟူသော အရာမျိုး မဖြစ်အောင်နဲ့၊ ဖြစ်ခဲ့လျင်.. ဥပမာ ဟီလာရီကလင်တန် လို မဲကပ်ရှုံးပြီး ဖြစ်ခဲ့လျ င်၊ ထရန့်မှ သူ့လက်ထပ် တွင် အမှားယွင်း များပြီး လုပ်ဆောင်မှု လစ်ဟင်းခဲ့တဲ့ အတွက်၊ သူ့တာဝန် မကျေမှာစိုးလို့ တရုတ်ကို တခါတည်း အပြီးပြတ် လုပ်ဆောင်ခဲ့ မည် ဆိုတာနဲ့၊

လုပ်ဆောင်ပြ်ီး သမိုင်း မှတ်တမ်းကောင်း ကို ရေးထိုးခဲ့မယ် ဆိုတာ ယုံကြည်သည် ။ သို့မှသာ သမ္မတအလွန် သူ့စီးပွားရေး လုပ်ငန်းနဲ့ ရပ်တည် စွမ်းဆောင်မှုကို၊ ဂုဏ်သိက္ခာရှိစွာ အများမှ လက်ခံယုံကြည်စွာ၊ ပူးပေါင်းဆောင်ရွက် လက်ခံ ‌ထောက်ခံနိုင်မှုအတွက်၊ ဆက်လျက် ရပ်တည်နိုင်မည် မဟုတ်ပါလား။ သို့အတွက် ခုကတည်းက အချိန်ရအောင် ရွေးကောက်ပွဲကို နောက်ဆုတ်ခိုင်းပြီး၊ ထရန့်အသင့်ပြင် အနေထားနဲ့ တရုတ်ကို အပြီးပြတ်လုပ်ဆောင်မည်ဆိုတာ %ပြည့်ဖြစ်နေ‌ပေပြီ။ သို့အတွက် တရုတ်ကို ဗိုင်းရက်ကေ့နဲ့ တရားစွဲဆိုနိုင်ရန် လုပ်ဆောင်နေပြီး၊ အကယ်၍ တရုတ်က လျော်ကြေးမပေးလျင်၊ ဝန်မခံလျင်၊ ဗိုင်းရက်ကေ့အကြောင်းပြ ဆော်တော့မည်ဆိုတာ ယုံမှားသံသယမရှိပေ။

သို့အတွက် ကုန်သွယ် ပိတ်စို့မှု၊ တရားစွဲမှု၊ လက်ကျန်ငြွေဖတ်တောက်မှု၊ စသည့် အကွက်တွေ နဲ့ တရုတ်ကို ပြိုလဲအောင်၊ အကွက်စေ့ ပိတ်ကစားနေပြီး၊ တရုတ်မခံနိုင်တဲ့အဆုံး ပွင့်ထွက်လာလျင် အသာကောက်စား ဗျင်းလိုက်ရုံပဲ ဖြစ်လေ သည်။ သို့အတွက် တရုတ်ကြီး ရွေးစရာ နှစ်လမ်းမှာ သေမလား နေမလား၊ တိုက်မလား အညံ့ခံမလား၊ ရှေ့တိုးမလား နောက်ဆုတ်မလား ဒါပဲရှိတော့သည်မို့၊ ထရန့် ကတော့ ပြန်လမ်းမဲ့မြစ်ကို စီးဆင်း တည်ဆောက်ထားလေပြီ ဖြစ်သောကြောင့်၊ နဂါးရေသောက်ဆင်းမှာလား မီးနဲ့မြိုက်မှာလား။ သေချာတာ က လင်းယုန်ကြီး ပင်လယ်ပြင် မှာ နဂါးဖမ်းပွဲ ကျင်းပမှုက ၊ ကမ္ဘာ့သမိုင်းကို တဆစ်ချိုး ပုံဖော်ပြောင်းလဲမှု ဖြစ်တဲ့အတွက်၊

ပြန်လမ်းမဲ့မြစ် မှာ ဘယ်သူတွေ စီးဆင်းမျော ပါမလဲဆိုတာ နဲ့ တက်ထောင် လှော်နိုင် အောင်ပွဲခံမလဲဆိုတာ အားလုံးကလည်း စောင့်မျှော် အားပေးနေပြီ ဖြစ်ရာ ထရန့်သမ္မတပြန်ဖြစ် မလား ၊ သာကောကို တိုက်ပါ့မလား ၊ ဟန်ရေးပဲ ပြင်နေတာပဲဆိုရင် ၊ ကမ္ဘာ့စူပါပါဝါ အားပြိုင်မှုမှာ ပွဲက ကြီးမားတော့၊ အကွက်ချ ပြင်ဆင် ကြိုတင်ပြုလုပ်ထားမှု၊ တွက်ချက်စီမံမှု၊ ချိန်သားကိုက် လုပ်ဆောင်မှုတို့ကြောင့်၊ ဒီလောက်တော့ သီးခံရမှာပေါ့ဟု၊ ဒီက အဘတွေလို ခုတိုက် ခုရှုံး ခုချ ခုပြုတ် ခုလုပ် ခုသေ၊ ကိုယ်ကျိုးအတွက် ချနင်း ကစားဖ့ို၊ မိမိစစ်သားတွေကို အသုံးချဖို့၊

ရေဗူးအပေါက်နဲ့ ရေခပ်ခိုင်း‌နေတာ မဟုတ်ကြောင်း သိစေချင်သည် ။

ထို့အပြင် US ဆုံးရှုံးထားမှုနဲ့ ရင်းနှီး ပေးဆပ်ထားမှုက များပြားနေပြီ ဖြစ်ရာ၊ သူ့ပြည်သူသားများအတွက် ပြန်လည်ပေးဆပ်မှုနဲ့ နိုင်ငံကို စူပါပါဝါ ပြန်တင်နိုင်ဖို့၊ တရုတ်အောက် မကျရှုံးဖို့၊ မဟာမိတ်နဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ယုံကြည်ကိုးစားမှုကို အလွဲသုံးစား မလုပ်ဖို့၊ အချိန်ကုန် ပင်ပန်းရကျိုးနပ်အောင်၊ သူလုပ်ဆောင်မှာ ဖြစ်တဲ့အတွက် သို့ကြောင့် စိတ်ချပါဟု.. သို့အတွက် ‌နောက်ဆုံး တရုတ်နဲ့ စစ်အာဏာရှင်တွေ မလိုလားတဲ့ ထရန့် သမ္မတမဖြစ်တောင်၊ ထရန့်မှ သူ့ဂုဏ်သိက္ခာ၊ ကမ္ဘာနဲ့ သူ့နိုင်ငံအတွက် ဒီပွဲကို စတင်ခဲ့မှာ ဖြစ်ပြီး၊ ‌နောက်တက်မည့်သူကိုလည်း ထိုတာဝန်ကို မလုပ်ဆောင်မှာကြောက်လို့၊ အခုပွဲကို အပြတ်ဖြတ် နွှဲခဲ့ပြီး၊ ‌ပေးအပ်လွှဲခဲ့မှာဖြစ်ကြောင်း၊

သို့ပေမယ့် အခု အနေထားက အထက်မှာရေးပြခဲ့သလို၊ ထရန့်သာ ဒီတာဝန် တရုတ်ကို ဖြိုနိုင်မည့်သူ ဖြစ်တဲ့အတွက်၊ သူသာ သမ္မတ ဆက်ဖြစ်ပြီး ဒီပွဲကို ယတိပြတ် နိဂုံးချုပ်ပါလိမ့် မည်ဖြစ်ကြောင်း၊ ယခုလို စစ်ရေးအရ အရေးယူမှု‌ကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးတွေထက်၊ တရုတ်နဲ့ သူ့အ‌ပေါင်းအပါ အာဏာရှင်နိုင်ငံတွေ ကမ္ဘာကို အုပ်စိုးဖျက်စီးမှုက၊ ရေတို ရေရှည် ကွာဟ ကျဆုံးမှု ရေချိန်က ပျက်စီးမှုပိုများသော‌ကြောင့်၊ ခုကတည်းက တရုတ်ကို အဆုံးသတ် ဖြိုလှဲထားလိုက်ရင်၊ သူ့အပေါင်းအပါတွေ ဖြစ်တဲ့ ရုရှား၊ မြောက်၊ အီရန် စသည့် နိုင်ငံများပါ လှဲဖြိုပြီးသား ဖြစ်တဲ့အတွက်၊

ဒီပွဲကို ကြိုမြင်တဲ့ ပူတင်ကတော့ တရုတ်ကို S400 တွေ မရောင်းဘူးဟု ငြင်းပြီး လက်ရှောင်သွားပါပြီဟု အသိပေးရင်း..

လာမည့် ကမ္ဘာ့အရေးခင်း တရုတ်အကျမှာ ကမ္ဘာ့နိုင်ငံတွေက မြန်မာကို အလုံးရင်းနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာတော့မည် ဖြစ်ပေရာ၊ အကယ်၍ မြန်မာ့နိုင်ငံရေးမှာသာ ညွှန့်ပေါင်းနဲ့ ဖွတ်ခွေးတွေသာ အာဏာ ပြန်ရသွားခဲ့ရင်

– လုပ်ငန်း အားလုံး ဝင် ‌ငွေတွေက နိုင်ငံအတွက် မဟုတ်ပဲ သူခိုးတွေ အိပ်ထဲ အကုန် စီးဆင်းသွားမယ်

– ရင်းနှီးမြုပ်နှံမှုတွေ စိတ်ပျက်ပြီး ပြန်ထွက် ကုန်မယ်

– တရုတ် နဲ့ အာဏာရှင်တွေပေါင်းပြီး သူတို့အကျိုးအတွက်ပဲ ဦး‌စား‌ပေး လုပ်ဆောင်ကြလိမ့်မယ်

– ကမ္ဘာ့အရေးကြောင့် ပြည်တွင်းရေးလည်း ပိုဆိုးလာနိုင်ပါတယ်

ဘာကြောင့် ဆိုတော့ တရုတ်က ကျရှုံးနေတဲ့အချိန် မြန်မာကို သူ့ထက်သာအောင် အခွင့်အရေး မပေးပဲ အမျိုးမျိုး နှောင့်ယှတ် ယုတ်မာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် US နဲ့ အားပြိုင်မှုကြောင့် သူ့နိုင်ငံ နလံပြထနိုင်ရေး အတွက် မြန်မာပြည်တွင်းကို ရသလောက် ချယ်လှယ်နှောင့်ပြီး၊ ယခုထက် ပိုမိုသော အခွင့်အရေးနဲ့ ပြည်တွင်း မှာ ရှိသမျှ အရိုးရင်းပါ မကျန် အပြောင်မဖို့ ကြိုးစားပါလိမ့်မယ်။ ဒ့ါအပြင် ပြည်တွင်း မငြိမ်းချမ်းမှုနဲ့ စစ်ပွဲတွေ လည်း ဒီထပ် ပိုမိုဖြစ်လာနိုင်ပြီး၊ တရုတ်ရဲ့ နယ်မြေ စီးပွား လုယူ ချဲ့ထွင်မှုကြောင့်၊ နိုင်ငံဟာ ငြိမ်းချမ်းရေးပန်းတိုင်နဲ့ အလှမ်းဝေး သထက်ဝေး ဖြစ်မှာမို့

ယခု ကမ္ဘာ့ အရေးကြောင့် ပြည်တွင်းရေး မကျရှုံးဖို့လိုသလို အောင်မြင်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် သာကော ဟာ US ကို ဆန့်ကျင်ဖ့ို ၊ ‌မွေးစားသား စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး၊ မြန်မာပြည်ကို အပိုင်သိမ်းပိုက်တော့မှာ ဖြစ်သောကြောင့်၊ အာဏာ လက်မလွှတ်ချင်တဲ့ စစ်အာဏာရှင်တွေဟာလည်း သူတို့လွှတ်မြောက်ဖို့အတွက်၊ အရာရာစတေး အသုံးချတော့မှာ ဖြစ်သောကြောင့် ..

လာမည့်ကမ္ဘာ့အရေးမှာ US အောင်မြင်ဖို့လိုသလို ၊ မြန်မာ့အရေး မှာ လည်း NLD ပါတီ အောင်မြင်ဖို့လိုကြောင်းဟာ၊ ကမ္ဘာ့နိုင်ငံသူသားတွေအတွက် အရေးကြီးသော သမိုင်းတဆစ်ချိုး အပြောင်းအလဲ၊ အချိုးအကွေ့ဖြစ် သောကြောင့်၊ ထိုမှတ်တိုင် ကို စိုက်ထူဖို့_စိုက်ထူသူအထဲ ပါဝင်ဖို့၊ ဝန်းရံအားပေး ဖို့ပဲလိုပါတယ်။ ကျန်တာမလိုပါဘူး။ ဒီအတွက်လည်း DASSK နဲ့ ပြည်သူ့အစိုးရဟာ နိုင်ငံ အတွက် ကြိုတင် စီမံမှု၊ ကွပ်ကဲမှုတွေနဲ့အတူ သေချာပြင်ဆင် ပြုလုပ်ထားပြ်ီဆိုတာ၊ ယုံကြည် စိတ်ချ ထားပါပြီ။

သို့ အတွက် ..

ကမ္ဘာကြီး သမိုင်းကြောင်းကောင်းဖို့နဲ့ မြန်မာပြည်ကြီး သမိုင်းကြောင်း ပြောင်း လဲဖို့၊ ကျနော်တို့တွေ ဘာလုပ်ကြ မလဲ… ?!

သုံးသပ်မှု အနေဖြင့်သာ… မင်းကြည်ညိုနေ Mon _ Aug 3 _ 0020.

Add a Comment

Your email address will not be published. Required fields are marked *

three × five =