တနသၤာရီတိုင္း ေဒသႀကီးအတြင္း ေလျပင္း တိုက္၊ ေတာင္ၿပိဳ၊ ေရႀကီး မႈ ျဖစ္ေပၚေန

“စင္လကု”(Sinlaku) မုန္တိုင္းငယ္၏ အရွိန္ေၾကာင့္ ထိုင္းႏိုင္ငံ တြင္ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးမႈမ်ားျဖစ္ေပၚခဲ့သလို ျမန္မာႏိုင္ငံ တနသၤာရီတိုင္းေဒသ ႀကီးအတြင္းမွေဒသအခ်ိဳ႕တြင္လည္းေရႀကီးမႈ၊ေတာင္ ၿပိဳမႈႏွင့္သြားလာေရးလမ္းပိုင္း ျပတ္ေတာက္မႈမ်ားရွိခဲ့ ေၾကာင္း ထားဝယ္ခ႐ိုင္ႏွင့္ ေဒသအတြင္းမွေဒသခံျပည္သူမ်ား၏ လူမႈကြန္ရက္တြင္ ယေန႔(ၾသဂုတ္ ၃)နံနက္ပိုင္းေဖာ္ျပထားမႈအရ သိရသည္။ထားဝယ္-ေတာင္သုံးလုံးလမ္းပိုင္းရွိ ဘဲမတက္ ေတာင္တြင္ ေတာင္ေဘးသားေျမႀကီးၿပိဳက်မႈ ျဖစ္ပြားခဲ့သလို တနသၤာရီၿမိဳ႕အဝင္ရွိ နဂါး႐ုပ္သည္လည္း ေလျပင္းမ်ားတိုက္ခတ္မႈေၾကာင့္ ၿပိဳလဲက်ခဲ့သည္။ထို႔အတူ အခ်ိဳ႕ေသာ ေက်း႐ြာ မ်ားတြင္ ေရႀကီးမႈမ်ား ဆိုး႐ြားစြာ ျဖစ္ေပၚေနသည္ကို ေဒသခံမ်ား၏ ဓါတ္ပုံ မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

လာအိုႏိုင္ငံေပၚတြင္ ျဖစ္ေပၚေနေသာ၊ အပူပိုင္း မုန္တိုင္းငယ္ “စင္လကု”(Sinlaku) သည္ ေလဖိအား နည္းရပ္ဝန္းအျဖစ္ အားေလ်ာ့သြားၿပီ ျဖစ္ေၾကာင္း ယေန႔ျမန္မာစံေတာ္ခ်ိန္(၁၁:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားကိုအေျခခံ၍ မိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာနမွ ၾသဂုတ္ ၃ ရက္ေန႔မြန္းတည့္ ၁၂ နာရီအခ်ိန္ တြင္ ထုတ္ျပန္ေပးခဲ့သည္။ ေလဖိအားနည္းရပ္ဝန္းအျဖစ္ အားေလ်ာ့သြားၿပီ ျဖစ္ ေသာ္လည္း အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ ျမန္မာႏိုင္ငံဘက္သို႔ျဖည္းညႇင္းစြာ ေ႐ြ႕လ်ားလ်က္ရွိေနသည္ဟု ထူးျခားသည့္အေျခအေနတစ္ရပ္အျဖစ္ ေဖာ္ျပထားသည္။

ယေန႔ညေနအထိ ခန႔္မွန္းခ်က္အျဖစ္ ကခ်င္ျပည္နယ္ တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ ပိုင္းတြင္ေနရာစိပ္စိပ္ႏွင့္က်န္တိုင္းေဒသႀကီးႏွင့္ ျပည္ နယ္မ်ားတြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ မ်ားတြင္ ေဒသအလိုက္ ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ပဲခူးတိုင္းေဒသႀကီး၊ရန္ကုန္တိုင္းေဒသႀကီး၊ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္းႏွင့္အေရွ႕ ပိုင္း)ႏွင့္ ကယားျပည္နယ္တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း၊႐ြာရန္ရာႏႈန္းျပည့္ျဖစ္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ သတင္းထုတ္ ျပန္ေပး ထားသည္။

unicode

“စင်လကု”(Sinlaku) မုန်တိုင်းငယ်၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများဖြစ်ပေါ်ခဲ့သလို မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသ ကြီးအတွင်းမှဒေသအချို့တွင်လည်းရေကြီးမှု၊တောင် ပြိုမှုနှင့်သွားလာရေးလမ်းပိုင်း ပြတ်တောက်မှုများရှိခဲ့ ကြောင်း ထားဝယ်ခရိုင်နှင့် ဒေသအတွင်းမှဒေသခံပြည်သူများ၏ လူမှုကွန်ရက်တွင် ယနေ့(သြဂုတ် ၃)နံနက်ပိုင်းဖော်ပြထားမှုအရ သိရသည်။ထားဝယ်-တောင်သုံးလုံးလမ်းပိုင်းရှိ ဘဲမတက် တောင်တွင် တောင်ဘေးသားမြေကြီးပြိုကျမှု ဖြစ်ပွားခဲ့သလို တနင်္သာရီမြို့အဝင်ရှိ နဂါးရုပ်သည်လည်း လေပြင်းများတိုက်ခတ်မှုကြောင့် ပြိုလဲကျခဲ့သည်။ထို့အတူ အချို့သော ကျေးရွာ များတွင် ရေကြီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည်ကို ဒေသခံများ၏ ဓါတ်ပုံ မှတ်တမ်းများအရ တွေ့ရှိရသည်။

လာအိုနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော၊ အပူပိုင်း မုန်တိုင်းငယ် “စင်လကု”(Sinlaku) သည် လေဖိအား နည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီ ဖြစ်ကြောင်း ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များကိုအခြေခံ၍ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သြဂုတ် ၃ ရက်နေ့မွန်းတည့် ၁၂ နာရီအချိန် တွင် ထုတ်ပြန်ပေးခဲ့သည်။ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီ ဖြစ် သော်လည်း အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြန်မာနိုင်ငံဘက်သို့ဖြည်းညှင်းစွာ ရွေ့လျားလျက်ရှိနေသည်ဟု ထူးခြားသည့်အခြေအနေတစ်ရပ်အဖြစ် ဖော်ပြထားသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်အဖြစ် ကချင်ပြည်နယ် တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းတွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် များတွင် ဒေသအလိုက် နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ ပိုင်း)နှင့် ကယားပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ် ပြန်ပေး ထားသည်။

Add a Comment

Your email address will not be published. Required fields are marked *

5 + 3 =