တစ်ရက် အတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ အများဆုံး အစီရင် ခံစာ ရရှိကြောင်း WHO ထုတ်ပြန်

တစ်ရက် အတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ အများဆုံး အစီရင် ခံစာ ရရှိကြောင်း WHO ထုတ်ပြန်

ပြီးခဲ့သည့် မေလ ၁၉ ရက် တစ်ရက်တည်း အတွင်း ကမ္ဘာတဝန်း ၌ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၀၆,၀၀၀ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်သွားခဲ့သည်။

အဆိုပါ ပမာဏသည် COVID-19 ရောဂါ စတင်ကူးစက်ဖြစ်ပွားပြီးနောက်ပိုင်း တစ်နေ့တည်း အတွင်း အများဆုံး တွေ့ရှိမှု ပမာဏ ဖြစ်သည်ဟု WHO က ပြောသည်။ ယင်းအတွက်ကြောင့် ယခုအခါ ကမ္ဘာတဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဦးရေသည် ၅ သန်းနီးပါးအထိ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။

ယခုအခါ ချမ်းသာသောနိုင်ငံ အများအပြား သည် လော့ခ်ဒေါင်း အစီအမံများအောက်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သော်လည်း ဆင်းရဲနွမ်းပါးသော နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေမှုအပေါ် အထူးစိုးရိမ်ပူပန်ကြောင်း၊ ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု နေ့စဉ်များပြားနေတဲ့ အချိန်မှာ ကပ်ရောဂါပြီးဆုံးဖို့ အချိန်ကြာဦးမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့ကထုတ်ဖော်ပြောဆိုပါတယ်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဟာ ဒီ ကပ်ရောဂါကြီးကို ဆက်လက် ရင်ဆိုင်သွားရဦးမှာပါ၊ ခုချိန်မှာ ဝင်ငွေနည်းပါး တဲ့ နိုင်ငံတွေ၊ ဝင်ငွေအလယ်အလတ်တန်း နိုင်ငံတွေမှာ ကူးစက်မှုဖြစ်စဉ်တွေ မြင့်တက်နေတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ တော်တော်လေး စိုးရိမ်နေမိပါတယ်”ဟု WHO ၏ ညွန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်စ် က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။

စမ်းသပ် စစ်ဆေးမှုနည်းပါးတဲ့ နိုင်ငံအများအပြားမှာ အချက် အလက်တွေ လွဲချော်နိုင်ခြင်းနဲ့ အတူ အမှန် တကယ်ကူးစက်ခံရသူအရေအတွက်ဟာ လက်ရှိ ပမာဏထက် ပိုမိုမြင့်မားလာဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၃၂၆၀၀၀ ဦးသေဆုံးသွားပြီဖြစ်တယ်လို့ အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်းတက္ကသိုလ် ရဲ့ အချက်အလက်တွေ မှာ ဖော်ပြ ထားပါတယ်။

crd : whitesone