အိမ္နီး ခ်င္းႏိုင္ငံေတြ ကိုဗစ္ ဒုတိယလႈိင္း နဲ႔ အလူးအ လဲ ျဖစ္ေနခ်ိန္ မွာ ေပါ့ဆ လြန္းေန တဲ့ ေ႐ႊျမန္မာေတြ

အေရွ႕ေတာင္ အာရွမွာ ကိုဗစ္ ကူးစက္မႈကို အေစာႀကီး ထိန္းခ်ဳပ္ ႏိုင္တယ္ဆိုၿပီး ေမာ္ႂကြား ခဲ့တဲ့ ဗီယက္နမ္… အခုေတာ့ ဒါနန္းၿမိဳ႕ႀကီး ကိုေတာင္ ေလာ့ခ္ေဒါင္း ခ်ၿပီး လူရွစ္ေသာင္းေက်ာ္ ၿမိဳ႕ ကေန စြန႔္ခြါ ေနရၿပီ..

အခုဆိုရင္ သုံးရက္အတြင္း ၁၂၇ဦးတိုးၿပီး စုစုေပါင္း (၅၈၆) ဦး ျဖစ္သြားေလၿပီ ေသဆုံးသူ မရွိလို႔ ေႂကြးေၾကာ္ခဲ့တာ အခုဆိုရင္ ႏွစ္ရက္အတြင္း ၃ေယာက္ ေသဆုံးခဲ့.. လာအိုလည္း ပိုး လုံဝကင္းစင္ ႏိုင္ငံက ေနၿပီးေတာ့ သုံလဝန္းက်င္ ၾကာေတာ့ ပိုးျပန္ေတြ႕.. ကိုဗစ္ ကူးစက္မႈ မရွိေတာ့ဘူးဆိုၿပီး celebrate လုပ္ခဲ့တဲ့ ဩစီ… ေနာက္ တေက်ာ့ျပန္ ကူးေတာ့ လူေတြ အိမ္ျပင္ မထြက္ ရေတာ့ဘူး..

ကိုယ္ေတြရဲ႕ အေနာက္ဘက္က အိႏၵိယ … ကူးစက္မႈက ေန႔တိုင္းနီးပါ အျမင့္ဆုံး စံခ်ိန္တင္ေတြႀကီးဘဲ့ အခု ဆိုရင္ ကူးစက္မႈက လူဆယ့္ခုႏွစ္သိန္း ေက်ာ္ အထိ ေရာက္သြားခဲ့ၿပီး တစ္ပါတ္အတြင္း ကမာၻ႔ ကူးစက္မႈႏႈန္း အျမန္ဆုံး ႏိုင္ငံအျဖစ္ စံခ်ိန္တင္သြားခဲ့ၿပီ.. ဘဂၤလားေဒ့ရွ္ကလည္း ဇူလိုင္လ (၂) ရက္ေန႔က အျမင့္ဆုံး စံခ်ိန္တင္ ၄၀၁၉ ဦး တိုးခဲ့ၿပီး အခုေနာက္ပိုင္း တစ္ေန႔ သုံးေထာင္ ဝန္းက်င္ တိုးၿမဲ.. အခုဆိုရင္ ကူးစက္မႈက ႏွစ္သိန္း ေလးေသာင္းနီးပါး..

ကိုယ္ေတြ အေရွ႕ဘက္ အနီးကပ္ဆုံး ထိုင္းႏိုင္ငံ… ၿပီးခဲ့တဲ့ ၂ ပါတ္အတြင္း အီဂ်စ္နဲ႔ ဆူဒန္ ႏိုင္ငံသား ကေနပါလာတဲ့ ပိုးကေန outbreak ျဖစ္ဖို႔ သီသီေလးပဲ လိုေတာ့တယ္ အစိုးရ အခ်ိန္မွီ အုပ္မိ ႏိုင္ခဲ့လို႔ ကံေကာင္းလြန္း လို႔သာ ဒုတိယ အေက်ာ့ ကူးစက္မႈ အႏၲရာယ္ ကေန လႊတ္ေျမာက္ သြားခဲ့တယ္ ဒါေတာင္ ထိုင္းအစိုးရကို over response လုပ္လြန္းတယ္ အျဖစ္သည္း လြန္းတယ္လို႔ ေျပာၾက ေသးတယ္။

အဲလို လုပ္ႏိုင္မွ ေတာ္ကာက်တယ္ ဆိုတာ လူေတြ ေနာက္ မွ သေဘာေပါက္ၾကတာ ဒုတိယ လႈိင္းက အင္မတန္ ျဖစ္လြယ္တယ္ ဆိုတာ ေရွ႕က ႏိုင္ငံေတြကို ၾကည့္တာနဲ႔ သိႏိုင္တယ္ ဒါေၾကာင့္ မလို႔ ကိုယ္ေတြလည္း နည္းနည္းေလးမွ သတိ လက္လြတ္ေနလို႔ မျဖစ္ေသးဘူးဆိုတာ အေသအခ်ာပါပဲ။

unicode

အိမ်နီး ချင်းနိုင်ငံတွေ ကိုဗစ် ဒုတိယလှိုင်း နဲ့ အလူးအ လဲ ဖြစ်နေချိန် မှာ ပေါ့ဆ လွန်းနေ တဲ့ ရွှေမြန်မာတွေ

အရှေ့တောင် အာရှမှာ ကိုဗစ် ကူးစက်မှုကို အစောကြီး ထိန်းချုပ် နိုင်တယ်ဆိုပြီး မော်ကြွား ခဲ့တဲ့ ဗီယက်နမ်… အခုတော့ ဒါနန်းမြို့ကြီး ကိုတောင် လော့ခ်ဒေါင်း ချပြီး လူရှစ်သောင်းကျော် မြို့ ကနေ စွန့်ခွါ နေရပြီ..

အခုဆိုရင် သုံးရက်အတွင်း ၁၂၇ဦးတိုးပြီး စုစုပေါင်း (၅၈၆) ဦး ဖြစ်သွားလေပြီ သေဆုံးသူ မရှိလို့ ကြွေးကြော်ခဲ့တာ အခုဆိုရင် နှစ်ရက်အတွင်း ၃ယောက် သေဆုံးခဲ့.. လာအိုလည်း ပိုး လုံဝကင်းစင် နိုင်ငံက နေပြီးတော့ သုံလဝန်းကျင် ကြာတော့ ပိုးပြန်တွေ့.. ကိုဗစ် ကူးစက်မှု မရှိတော့ဘူးဆိုပြီး celebrate လုပ်ခဲ့တဲ့ ဩစီ… နောက် တကျော့ပြန် ကူးတော့ လူတွေ အိမ်ပြင် မထွက် ရတော့ဘူး..

ကိုယ်တွေရဲ့ အနောက်ဘက်က အိန္ဒိယ … ကူးစက်မှုက နေ့တိုင်းနီးပါ အမြင့်ဆုံး စံချိန်တင်တွေကြီးဘဲ့ အခု ဆိုရင် ကူးစက်မှုက လူဆယ့်ခုနှစ်သိန်း ကျော် အထိ ရောက်သွားခဲ့ပြီး တစ်ပါတ်အတွင်း ကမ္ဘာ့ ကူးစက်မှုနှုန်း အမြန်ဆုံး နိုင်ငံအဖြစ် စံချိန်တင်သွားခဲ့ပြီ.. ဘင်္ဂလားဒေ့ရှ်ကလည်း ဇူလိုင်လ (၂) ရက်နေ့က အမြင့်ဆုံး စံချိန်တင် ၄၀၁၉ ဦး တိုးခဲ့ပြီး အခုနောက်ပိုင်း တစ်နေ့ သုံးထောင် ဝန်းကျင် တိုးမြဲ.. အခုဆိုရင် ကူးစက်မှုက နှစ်သိန်း လေးသောင်းနီးပါး..

ကိုယ်တွေ အရှေ့ဘက် အနီးကပ်ဆုံး ထိုင်းနိုင်ငံ… ပြီးခဲ့တဲ့ ၂ ပါတ်အတွင်း အီဂျစ်နဲ့ ဆူဒန် နိုင်ငံသား ကနေပါလာတဲ့ ပိုးကနေ outbreak ဖြစ်ဖို့ သီသီလေးပဲ လိုတော့တယ် အစိုးရ အချိန်မှီ အုပ်မိ နိုင်ခဲ့လို့ ကံကောင်းလွန်း လို့သာ ဒုတိယ အကျော့ ကူးစက်မှု အန္တရာယ် ကနေ လွှတ်မြောက် သွားခဲ့တယ် ဒါတောင် ထိုင်းအစိုးရကို over response လုပ်လွန်းတယ် အဖြစ်သည်း လွန်းတယ်လို့ ပြောကြ သေးတယ်။

အဲလို လုပ်နိုင်မှ တော်ကာကျတယ် ဆိုတာ လူတွေ နောက် မှ သဘောပေါက်ကြတာ ဒုတိယ လှိုင်းက အင်မတန် ဖြစ်လွယ်တယ် ဆိုတာ ရှေ့က နိုင်ငံတွေကို ကြည့်တာနဲ့ သိနိုင်တယ် ဒါကြောင့် မလို့ ကိုယ်တွေလည်း နည်းနည်းလေးမှ သတိ လက်လွတ်နေလို့ မဖြစ်သေးဘူးဆိုတာ အသေအချာပါပဲ။

Add a Comment

Your email address will not be published. Required fields are marked *

five × 3 =