ပြဲမထုတ္ေသးဘဲ ဝွက္ဖဲ လုပ္ထားေသာ ထရမ့္ ရဲ႕ ေနာက္ဆုံးေပၚ အထူးတပ္ဖြဲ႕ႀကီး (သို႔) အေမရိကန္ စစ္တပ္ ရဲ႕ ထုတ္မျပေသးတဲ့ ဝွက္ဖဲ တခ်ပ္

“တ႐ုတ္ လိုက္လို႔ မမီေသးတဲ့ အေမရိကန္ ရဲ႕ ေနာက္ဆုံးေပၚ တပ္ဖြဲ႕၊ (ဒီတပ္ဖြဲ႕ကို အခုခ်ိန္ထိ ပြဲမထုတ္ေသးဘဲ ဝွက္ဖဲလုပ္ထားတဲ့ ထရမ့္ရဲ႕ အႀကံအစည္ေနာက္ကြယ္)” အေမရိကန္ တပ္မေတာ္ တြင္ ၾကည္း၊ ေရ၊ ေလ၊ မရိန္း၊ ကမ္းေျခေစာင့္ဟု (၅) ပိုင္းခြဲျခားထားရာမွ ဒီဇင္ဘာ ၂၀ ၂၀၁၉ တြင္ သမၼတ ေဒၚနယ္ထရမ့္ အမိန႔္ႏွင့္ အာကာသတပ္ဖြဲ႕ (United States Space Force – USSF) အား စတင္ဖြဲ႕စည္းခဲ့ပါတယ္။

ယခင္က အာကာသတပ္ဖြဲ႕သည္ အေမရိကန္ေလတပ္၏ လက္ေအာက္ခံဌာန အျဖစ္ရွိေနခဲ့ရာမွ တ႐ုတ္ႏွင့္ စီးပြားေရး စစ္ပြဲ (Trade war) စတင္ၿပီး တ႐ုတ္တို႔၏ တိုးတက္လာေသာ အာကာသနည္းပညာကို အံတုဖို႔အတြက္ ဒီတပ္ဖြဲ႕ကို ဖြဲ႕စည္းျခင္း ျဖစ္တယ္လို႔ ယူဆရပါတယ္။ ဌာနခ်ဳပ္ကို Vandenberg Air Force Base၊ California တြင္ အေျခစိုက္ၿပီး လက္ေအာက္ခံအျဖစ္ ေလတပ္တပ္ရင္း (၆) တပ္၊ ေလတပ္အထူးစစ္ဆင္ေရးဗဟိုဌာန၊ အာကာသႏွင့္ ပဲ့ထိန္းဒုံးဆိုင္ရာ ဗဟိုဌာနတို႔ျဖင့္ ဖြဲ႕စည္းထားပါတယ္။

ေလတပ္မွ အရာရွိ စစ္သည္ ၈၆၀၀ ခန႔္တာ ဝန္ထမ္းေဆာင္ရန္ ဆႏၵျပဳထားၿပီး တပ္သားသစ္မ်ားကိုလည္း ဆက္လက္စုေဆာင္းလ်က္ ရွိပါတယ္။ လက္ရွိ ၂၀၂၀ ခုႏွစ္ ဘတ္ဂ်က္ အသုံးျပဳမႈမွာ ေဒၚလာ သန္း ၄၀ ခန႔္သာရွိေသာ္လည္း လာမည့္ ၂၀၂၁ ဘက္ဂ်က္ကာလတြင္ ျပဳျပင္ထိန္းသိမ္းေရးအတြက္ ေဒၚလာ ၂ ဘီလ်ံေက်ာ္၊ ပစၥည္းဝယ္ယူေရးႏွင့္ျဖည့္တင္းေရး အတြက္ ေဒၚလာ ၂ ဘီလ်ံေက်ာ္၊ သုေတသန ဖြံၿဖိဳးေရး စမ္းသပ္ေရး အတြက္

ေဒၚလာ ၁၀ ဘီလ်ံေက်ာ္ စုစုေပါင္း ၁၄ ဘီလ်ံေက်ာ္ ေတာင္းခံရန္ လ်ာထားသတ္မွတ္ထားပါတယ္။ ေနာက္ဆုံးမွ ဖြဲ႕စည္းထားေသာ တပ္ဖြဲ႕ျဖစ္ေသာ္လည္း ေနာင္အနာဂတ္စစ္ပြဲမ်ားကို ေမွ်ာ္မွန္းၿပီး စနစ္တက် ေသခ်ာစြာ စုစည္းတည္ေဆာက္လ်က္ရွိပါတယ္။ အာကာသတပ္ဖြဲ႕ဆိုင္ရာ စစ္ဦးစီးခ်ဳပ္မွာ Gen. John W. Jay Raymond ျဖစ္ပါတယ္။ အေမရိကန္ ေလတပ္ အကယ္ဒမီေက်ာင္း ၂၀၂၀ သင္တန္း တြင္

ေလတပ္ ဗိုလ္ေလာင္း ၁၀၅၃ ေယာက္ တက္ေရာက္ ခဲ့ၿပီး ၎တို႔ထဲမွ ၈၆ ေယာက္မွာ အာကာသတပ္ဖြဲ႕ အရာရွိအျဖစ္ ပထမဦးဆုံးအႀကိမ္ ျပန္တမ္းဝင္ ခန႔္အပ္ႏိုင္ခဲ့သည္။ သာမာန္ေလတပ္အရာရွိေလာင္းမွာ အဝါခါး စည္းႀကိဳး ျဖစ္ၿပီး အာကာသတပ္ဖြဲ႕ အရာရွိေလာင္းမွာ ေငြေရာင္ ခါးစည္းႀကိဳး အျဖစ္ေျပာင္းလဲ သတ္မွတ္ ခဲ့ပါတယ္။

unicode

ပွဲမထုတ်သေးဘဲ ဝှက်ဖဲ လုပ်ထားသော ထရမ့် ရဲ့ နောက်ဆုံးပေါ် အထူးတပ်ဖွဲ့ကြီး (သို့) အမေရိကန် စစ်တပ် ရဲ့ ထုတ်မပြသေးတဲ့ ဝှက်ဖဲ တချပ်

“တရုတ် လိုက်လို့ မမီသေးတဲ့ အမေရိကန် ရဲ့ နောက်ဆုံးပေါ် တပ်ဖွဲ့၊ (ဒီတပ်ဖွဲ့ကို အခုချိန်ထိ ပွဲမထုတ်သေးဘဲ ဝှက်ဖဲလုပ်ထားတဲ့ ထရမ့်ရဲ့ အကြံအစည်နောက်ကွယ်)” အမေရိကန် တပ်မတော် တွင် ကြည်း၊ ရေ၊ လေ၊ မရိန်း၊ ကမ်းခြေစောင့်ဟု (၅) ပိုင်းခွဲခြားထားရာမှ ဒီဇင်ဘာ ၂၀ ၂၀၁၉ တွင် သမ္မတ ဒေါ်နယ်ထရမ့် အမိန့်နှင့် အာကာသတပ်ဖွဲ့ (United States Space Force – USSF) အား စတင်ဖွဲ့စည်းခဲ့ပါတယ်။

ယခင်က အာကာသတပ်ဖွဲ့သည် အမေရိကန်လေတပ်၏ လက်အောက်ခံဌာန အဖြစ်ရှိနေခဲ့ရာမှ တရုတ်နှင့် စီးပွားရေး စစ်ပွဲ (Trade war) စတင်ပြီး တရုတ်တို့၏ တိုးတက်လာသော အာကာသနည်းပညာကို အံတုဖို့အတွက် ဒီတပ်ဖွဲ့ကို ဖွဲ့စည်းခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။ ဌာနချုပ်ကို Vandenberg Air Force Base၊ California တွင် အခြေစိုက်ပြီး လက်အောက်ခံအဖြစ် လေတပ်တပ်ရင်း (၆) တပ်၊ လေတပ်အထူးစစ်ဆင်ရေးဗဟိုဌာန၊ အာကာသနှင့် ပဲ့ထိန်းဒုံးဆိုင်ရာ ဗဟိုဌာနတို့ဖြင့် ဖွဲ့စည်းထားပါတယ်။

လေတပ်မှ အရာရှိ စစ်သည် ၈၆၀၀ ခန့်တာ ဝန်ထမ်းဆောင်ရန် ဆန္ဒပြုထားပြီး တပ်သားသစ်များကိုလည်း ဆက်လက်စုဆောင်းလျက် ရှိပါတယ်။ လက်ရှိ ၂၀၂၀ ခုနှစ် ဘတ်ဂျက် အသုံးပြုမှုမှာ ဒေါ်လာ သန်း ၄၀ ခန့်သာရှိသော်လည်း လာမည့် ၂၀၂၁ ဘက်ဂျက်ကာလတွင် ပြုပြင်ထိန်းသိမ်းရေးအတွက် ဒေါ်လာ ၂ ဘီလျံကျော်၊ ပစ္စည်းဝယ်ယူရေးနှင့်ဖြည့်တင်းရေး အတွက် ဒေါ်လာ ၂ ဘီလျံကျော်၊ သုတေသန ဖွံဖြိုးရေး စမ်းသပ်ရေး အတွက်

ဒေါ်လာ ၁၀ ဘီလျံကျော် စုစုပေါင်း ၁၄ ဘီလျံကျော် တောင်းခံရန် လျာထားသတ်မှတ်ထားပါတယ်။ နောက်ဆုံးမှ ဖွဲ့စည်းထားသော တပ်ဖွဲ့ဖြစ်သော်လည်း နောင်အနာဂတ်စစ်ပွဲများကို မျှော်မှန်းပြီး စနစ်တကျ သေချာစွာ စုစည်းတည်ဆောက်လျက်ရှိပါတယ်။ အာကာသတပ်ဖွဲ့ဆိုင်ရာ စစ်ဦးစီးချုပ်မှာ Gen. John W. Jay Raymond ဖြစ်ပါတယ်။ အမေရိကန် လေတပ် အကယ်ဒမီကျောင်း ၂၀၂၀ သင်တန်း တွင်

လေတပ် ဗိုလ်လောင်း ၁၀၅၃ ယောက် တက်ရောက် ခဲ့ပြီး ၎င်းတို့ထဲမှ ၈၆ ယောက်မှာ အာကာသတပ်ဖွဲ့ အရာရှိအဖြစ် ပထမဦးဆုံးအကြိမ် ပြန်တမ်းဝင် ခန့်အပ်နိုင်ခဲ့သည်။ သာမာန်လေတပ်အရာရှိလောင်းမှာ အဝါခါး စည်းကြိုး ဖြစ်ပြီး အာကာသတပ်ဖွဲ့ အရာရှိလောင်းမှာ ငွေရောင် ခါးစည်းကြိုး အဖြစ်ပြောင်းလဲ သတ်မှတ် ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

4 + 19 =