တ႐ုတ္ဟာ ကမာၻသူ/သား အစုလိုက္ အၿပဳံလိုက္ေသေစမႈ ရဲ႕ တရားခံလို႔ သမၼတထရန႔္ေျပာၿပီ

တ႐ုတ္ဟာ ကမာၻသူ/သား အစုလိုက္ အၿပဳံလိုက္ေသေစမႈ ရဲ႕ တရားခံလို႔ သမၼတထရန႔္ေျပာၿပီ

ေမလ ၂၀ ရက္ေန႔ ထုတ္ျပန္ခ်က္ေတြအရ သမၼတထရန႔္ ဟာ တ႐ုတ္ႏိုင္ငံ ကို Covid-19 နဲ႔ပတ္သတ္လို႔ ဆက္လက္ ဖိအားေပးေနၿပီး ကမာၻေပၚက လူအစုလိုက္အၿပဳံလိုက္ေသေစမႈရဲ႕ တရားခံလို႔ ထပ္မံစြပ္စြဲလိုက္တယ္လို႔သိရပါတယ္။ ဒါ့အျပင္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲ အတြက္ သူ႔ကို ကန႔္လန႔္တိုက္ေနတယ္ လို႔လည္း ေျပာၾကား ခဲ့ပါေသးတယ္။ ယခုဆိုရင္ မႏွစ္ကဒီဇင္ဘာမွာ စတင္ခဲ့တယ္လို႔ ယူဆရတဲ့ Covid-19 ဟာ လူ ၃၂၃,၀၀၀ ရဲ႕အသက္ကိုဆြဲႏႈတ္သြားၿပီျဖစ္သလို ကမာၻ႔စီးပြားေရးကိုလည္း အႀကီးအက်ယ္ ထိခိုက္ေစခဲ့ပါၿပီ။

အေမရိကန္တို႔ဘက္က ခိုင္လုံတဲ့ သက္ေသမျပႏိုင္ေသးေပမဲ့ Covid-19 ဟာ ဓာတ္ခြဲခန္းမွတစ္ဆင့္ မေတာ္တဆထြက္ေပၚလာျခင္းျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး တ႐ုတ္အေပၚ အယုံၾကည္လြန္ခဲ့တဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးကိုလည္း ရန္ပုံေငြရပ္ဆိုင္းျခင္းတို႔ လုပ္ေဆာင္ေနပါၿပီ။ အေမရိကန္စြပ္စြဲသမွ်ကို ဒိုင္ခံခုခံေနတဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Zhao Lijian ကေတာ့ Covid-19 ကိုအေမရိကန္စစ္တပ္က တ႐ုတ္ျပည္တြင္းသို႔ ယူေဆာင္ခဲ့တယ္လို႔ ျပန္လည္တုံ႔ျပန္ခဲ့သလို အေမရိကန္ရဲ႕ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးအေပၚစြပ္စြဲခ်က္ အခ်ိဳ႕ဟာ မမွန္ကန္ပဲ အလိမ္အညာေတြနဲ႔ ေကာလာဟလ ေတြပါဝင္ေနတယ္လို႔ ျပန္လည္ေခ်ပခဲ့ပါတယ္။

ဒါ့အျပင္ Bangladesh ဝန္ႀကီးခ်ဳပ္ Sheikh Hasina နဲ႔ ဖုန္းဆက္သြယ္မႈတစ္ခုမွာ သမၼတရွီက ” တ႐ုတ္ႏိုင္ငံ ဟာ Covid-19 နဲ႔ပတ္သတ္ၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြခံစားေနရတဲ့ ျပသနာေတြ ကို အတူ ရင္ဆိုင္ေျဖရွင္းေပးမွာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံဟာ ဘယ္ေတာ့မွလ်စ္လ်ဴရႈသြားမွာ မဟုတ္ဘူးလို႔” ေျပာၾကားခဲ့တာပါ။ သို႔ေပမယ့္လဲ ယခုအခ်ိန္အထိ တ႐ုတ္ႏိုင္ငံက ျပည္ပ စုံစမ္းေရးအဖြဲ႕ကို ဝူဟန္ဓာတ္ခြဲခန္းထဲေပးဝင္ဖို႔ ျငင္းဆန္ေနဆဲျဖစ္ ပါတယ္။

crd : panpyoelat

unicode

တရုတ်ဟာ ကမ္ဘာသူ/သား အစုလိုက် အပြုံလိုက်သေစေမှု ရဲ့ တရားခံလို့ သမ္မတထရန့်ပြောပြီ

မေလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွေအရ သမ္မတထရန့် ဟာ တရုတ်နိုင်ငံ ကို Covid-19 နဲ့ပတ်သတ်လို့ ဆက်လက် ဖိအားပေးနေပြီး ကမ္ဘာပေါ်က လူအစုလိုက်အပြုံလိုက်သေစေမှုရဲ့ တရားခံလို့ ထပ်မံစွပ်စွဲလိုက်တယ်လို့သိရပါတယ်။ ဒါ့အပြင် နိုဝင်ဘာရွေးကောက်ပွဲ အတွက် သူ့ကို ကန့်လန့်တိုက်နေတယ် လို့လည်း ပြောကြား ခဲ့ပါသေးတယ်။ ယခုဆိုရင် မနှစ်ကဒီဇင်ဘာမှာ စတင်ခဲ့တယ်လို့ ယူဆရတဲ့ Covid-19 ဟာ လူ ၃၂၃,၀၀၀ ရဲ့အသက်ကိုဆွဲနှုတ်သွားပြီဖြစ်သလို ကမ္ဘာ့စီးပွားရေးကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့ပါပြီ။

အမေရိကန်တို့ဘက်က ခိုင်လုံတဲ့ သက်သေမပြနိုင်သေးပေမဲ့ Covid-19 ဟာ ဓာတ်ခွဲခန်းမှတစ်ဆင့် မတော်တဆထွက်ပေါ်လာခြင်းဖြစ်တယ်လို့ ယုံကြည်နေပြီး တရုတ်အပေါ် အယုံကြည်လွန်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကိုလည်း ရန်ပုံငွေရပ်ဆိုင်းခြင်းတို့ လုပ်ဆောင်နေပါပြီ။ အမေရိကန်စွပ်စွဲသမျှကို ဒိုင်ခံခုခံနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian ကတော့ Covid-19 ကိုအမေရိကန်စစ်တပ်က တရုတ်ပြည်တွင်းသို့ ယူဆောင်ခဲ့တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့သလို အမေရိကန်ရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအပေါ်စွပ်စွဲချက် အချို့ဟာ မမှန်ကန်ပဲ အလိမ်အညာတွေနဲ့ ကောလာဟလ တွေပါဝင်နေတယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။

ဒါ့အပြင် Bangladesh ဝန်ကြီးချုပ် Sheikh Hasina နဲ့ ဖုန်းဆက်သွယ်မှုတစ်ခုမှာ သမ္မတရှီက ” တရုတ်နိုင်ငံ ဟာ Covid-19 နဲ့ပတ်သတ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေခံစားနေရတဲ့ ပြသနာတွေ ကို အတူ ရင်ဆိုင်ဖြေရှင်းပေးမှာဖြစ်ပြီး တရုတ်နိုင်ငံဟာ ဘယ်တော့မှလျစ်လျူရှုသွားမှာ မဟုတ်ဘူးလို့” ပြောကြားခဲ့တာပါ။ သို့ပေမယ့်လဲ ယခုအချိန်အထိ တရုတ်နိုင်ငံက ပြည်ပ စုံစမ်းရေးအဖွဲ့ကို ဝူဟန်ဓာတ်ခွဲခန်းထဲပေးဝင်ဖို့ ငြင်းဆန်နေဆဲဖြစ် ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

18 − seventeen =