တ႐ုတ္တြင္ ဗိုင္းရပ္စ္ ေျခာက္လွန႔္မႈေတြ ကို ေဘးဖယ္ထားကာ ႏွစ္စဥ္ က်င္းပေနက် ဘီယာပြဲေတာ္ အား စတင္ဆင္ႏႊဲ

တ႐ုတ္ႏိုင္ငံမွာ ႏွစ္စဥ္က်င္းပေနက် Qingdao ဘီယာပြဲေတာ္ ကို သီတင္းပတ္ကုန္ပိုင္း မွာ စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္ကာ ေထာင္ေပါင္းမ်ားစြာေသာ တ႐ုတ္လူမ်ိဳး ဘီယာခ်စ္သူေတြဟာ mask တပ္ဆင္ရတာေတြ၊ ဗိုင္းရပ္စ္ စိုးထိတ္မႈေတြကို ေမ့ထားလိုက္ကာ ဘီယာခြက္ေတြကို ကိုင္ေျမႇာက္လို႔တေပ်ာ္တပါး စုေဝးဆင္ႏႊဲခဲ့ ၾကေၾကာင္း သိရပါတယ္။

ႏိုင္ငံတြင္း ကူးစက္မႈသစ္ အနည္းငယ္ သာရွိေနတာေၾကာင့္ ပြဲေတာ္ကို ေသာၾကာေန႔(ဇူလိုင္ ၃၁) မွာ စတင္ဖြင့္လွစ္ခဲ့ၿပီး ၾသဂုတ္လေႏွာင္းပိုင္းအထိ က်င္းပသြားမွာျဖစ္ကာ ယမကာသမားေတြအေနနဲ႔ အတူတကြ ေသာက္စား ေပ်ာ္ပါးျခင္း၊ ျပပြဲေတြ မီးရႈးမီးပန္းပစ္ေဖာက္မႈေတြကို ၾကည့္ရႈျခင္းနဲ႔ ဘီယာအမ်ိဳးေပါင္း ၁၅၀၀ ေက်ာ္ေလာက္ကို နမူနာ ျမည္းစမ္းႏိုင္ၾကမွာျဖစ္ပါတယ္။

Shandong ျပည္နယ္ရွိ ယင္းဘီယာပြဲေတာ္သို႔ လာေရာက္ ၾကသူေတြဟာ ရွည္လ်ားတဲ့ စားပြဲခုံတန္းေတြမွာ ေက်နပ္ေပ်ာ္႐ႊင္ေနတဲ့ ဘီယာအမုန္းစြဲသူေတြနဲ႔ ျပည့္ေနၿပီး ကပ္ေရာဂါ မတိုင္ခင္က ျမင္ကြင္းပုံစံမ်ိဳး ျမင္ေတြ႕ရပါတယ္။ ဘီယာပြဲေတာ္ဟာ လူထုအတြက္ ပုံမွန္ဘဝေတြျပန္ေရာက္ေစမယ့္ အခြင့္အလမ္း တစ္ခုျဖစ္ေၾကာင္း ႏိုင္ငံပိုင္႐ုပ္သံ CCTV က ေဖာ္ၫႊန္းခဲ့ပါတယ္။

Credit – အကုႏ္သိ

unicode

တရုတ်တွင် ဗိုင်းရပ်စ် ခြောက်လှန့်မှုတွေ ကို ဘေးဖယ်ထားကာ နှစ်စဉ် ကျင်းပနေကျ ဘီယာပွဲတော် အား စတင်ဆင်နွှဲ

တရုတ်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ Qingdao ဘီယာပွဲတော် ကို သီတင်းပတ်ကုန်ပိုင်း မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကာ ထောင်ပေါင်းများစွာသော တရုတ်လူမျိုး ဘီယာချစ်သူတွေဟာ mask တပ်ဆင်ရတာတွေ၊ ဗိုင်းရပ်စ် စိုးထိတ်မှုတွေကို မေ့ထားလိုက်ကာ ဘီယာခွက်တွေကို ကိုင်မြှောက်လို့တပျော်တပါး စုဝေးဆင်နွှဲခဲ့ ကြကြောင်း သိရပါတယ်။

နိုင်ငံတွင်း ကူးစက်မှုသစ် အနည်းငယ် သာရှိနေတာကြောင့် ပွဲတော်ကို သောကြာနေ့(ဇူလိုင် ၃၁) မှာ စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ်လနှောင်းပိုင်းအထိ ကျင်းပသွားမှာဖြစ်ကာ ယမကာသမားတွေအနေနဲ့ အတူတကွ သောက်စား ပျော်ပါးခြင်း၊ ပြပွဲတွေ မီးရှုးမီးပန်းပစ်ဖောက်မှုတွေကို ကြည့်ရှုခြင်းနဲ့ ဘီယာအမျိုးပေါင်း ၁၅၀၀ ကျော်လောက်ကို နမူနာ မြည်းစမ်းနိုင်ကြမှာဖြစ်ပါတယ်။

Shandong ပြည်နယ်ရှိ ယင်းဘီယာပွဲတော်သို့ လာရောက် ကြသူတွေဟာ ရှည်လျားတဲ့ စားပွဲခုံတန်းတွေမှာ ကျေနပ်ပျော်ရွှင်နေတဲ့ ဘီယာအမုန်းစွဲသူတွေနဲ့ ပြည့်နေပြီး ကပ်ရောဂါ မတိုင်ခင်က မြင်ကွင်းပုံစံမျိုး မြင်တွေ့ရပါတယ်။ ဘီယာပွဲတော်ဟာ လူထုအတွက် ပုံမှန်ဘဝတွေပြန်ရောက်စေမယ့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ညွှန်းခဲ့ပါတယ်။

Credit – အကုန္သိ

Add a Comment

Your email address will not be published. Required fields are marked *

nineteen − seventeen =