ဝါဆိုလျပည့္ေန႔ က ကမ္းေျခ တစ္ခုမွာ လူေပါင္း ေသာင္း နဲ႔ ခ်ီ စုေဝးမႈျဖစ္ေပၚခဲ့

ပုံမွန္ weekend ေတြမွာ လည္း လူအမ်ားအျပားလာေလ့ရွိေနတယ္လို႔ သိရပါေသးတယ္။ ပင္လယ္ကမ္းေျခ ကေတာ့ စတင္လူသိလာတာ ၂ ႏွစ္ေက်ာ္ ၃ ႏွစ္ဝန္းက်င္ရွိလာေပမယ့္ ဒီကမ္းေျခဟာ ပညာရွင္ ေတြ တြက္ခ်က္ ထားပုံအရ ေနာက္ထပ္ တည္ရွိႏိုင္လည္း ၄ႏွစ္၅ႏွစ္ေလာက္သာ ဆက္လက္ တည္ရွိႏိုင္တယ္ လို႔ လည္း ဦးေအာင္မင္းမင္းက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကာလ အတြင္း လူစုလူေဝး ျဖစ္ေပၚေစမယ့္ ဘုရားေတြ၊ ႐ုပ္ရွင္႐ုံေတြ၊ ကမ္းေျခေတြ စတဲ့ ေနရာေတြ အားလုံးကို ယာယီ ပိတ္ထားပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ အစိုးရ႐ုံးပိတ္ရက္ ၄ရက္မွာ အမ်ားျပည္သူ အေနနဲ႔ ရန္ကုန္တိုင္းေဒသႀကီး ကြမ္းၿခံကုန္းၿမိဳ႕နယ္က ဆယ္အိမ္တန္း ပင္လယ္ကမ္းေျခ ကို သြားေရာက္ လည္ပတ္ခဲ့ၾကၿပီး လူေပါင္း ေသာင္းနဲ႔ခ်ီ လူစုလူေဝး ျဖစ္ေပၚခဲ့ပါတယ္။

“ဆယ္အိမ္တန္း ကမ္းေျခက တိုင္းေဒသႀကီး အစိုးရ အဖြဲ႕ရဲ႕ တရားဝင္ ခြင့္ျပဳခ်က္ထဲမွာ မရွိဘူး။ ကိုဗစ္ကာလမွာ သူ႔ကို ပိတ္ထားေပမယ့္ လည္း ေနာက္ပိုင္းမွာ ကိုဗစ္က ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ျဖစ္လာတဲ့ အေနအထား မွာေတာ့ လူေတြ ျပန္ေရာက္လာၿပီး အခုလို စည္ကမ္းမဲ့တာပါ။ အေၾကာင္းကလည္း သူက တရားဝင္ကမ္းေျခ မဟုတ္ေတာ့ သူ႔ကို အၿမဲတမ္းႀကီး ပိတ္ထား လို႔လည္း မရဘူး ျဖစ္ေနပါတယ္။”လို႔ ကြမ္းၿခံကုန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေအာင္မင္းမင္းက Duwun ကို ေျပာပါတယ္။ မေန႔က ဝါဆိုလျပည့္ေန႔ အစိုးရ႐ုံးပိတ္ရက္ ျဖစ္တာေၾကာင့္ လူေပါင္း ေသာင္းနဲ႔ခ်ီ လာေရာက္ခဲ့ၾကၿပီး ဒီလို လူေပါင္း ေသာင္းနဲ႔ခ်ီ စုေဝးတဲ့ အခ်ိန္က သၾကၤန္ကာလသာ ႀကဳံခဲ့ဖူးေပမယ့္ အခုလို ကိုဗစ္ကာလ အျခား အပန္းေျဖ ေနရာမ်ား ပိတ္ထားခ်ိန္ မွာေတာ့ ႐ုတ္တရက္ လူမ်ားသြားတာလို႔လည္း ဦးေအာင္မင္းမင္းက ဆက္လက္သုံးသပ္ ေျပာပါတယ္။

“စေန၊တနဂၤေႏြေန႔ေတြဆို ပုံမွန္ ၂ေသာင္း၊၃ေသာင္းေလာက္လာၾကတယ္။ အခုလို ကာလမွာ အားလုံး ပိတ္ထားခ်ိန္ မွာေတာ့ ကြၽန္ေတာ္လည္း ေသခ်ာေတာ့ တြက္ခ်က္ ထားတာ မရွိေပမယ့္ ပုံေတြမွာ ျမင္ရတဲ့ အတိုင္းဆို ၅ေသာင္းေက်ာ္ ၇ေသာင္း နီးနီးေလာက္ရွိႏိုင္ပါတယ္။”လို႔ ဦးေအာင္မင္းမင္းက ဆက္လက္ေျပာပါတယ္။ ဆယ္အိမ္တန္း ကမ္းေျခက တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ တရားဝင္ ခြင့္ျပဳခ်က္ရထားတဲ့ ကမ္းေျခမဟုတ္တဲ့အ တြက္ ကမ္းေျခတစ္ခုမွာ ရွိသင့္တဲ့ မီးျပတိုက္၊ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕၊ စတဲ့ လုံၿခဳံေရးေတြလည္း တရားဝင္ မရွိဘူးလို႔လည္း သိရပါတယ္။

“ျပည္သူလူထု ကေတာ့ ကိုဗစ္ကာလမွာ အစိုးရ ထုတ္ျပန္ခ်က္ေတြကို ေလးစားလိုက္နာေပးေစခ်င္ပါတယ္။ ဒါက လည္း ျပည္သူေတြအတြက္ပဲ ေျပာတာပါ။ ကြၽန္ေတာ္တို႔ကလည္း အုပ္ခ်ဳပ္ေရးပိုင္းမဟုတ္ေတာ့ အႀကံျပဳလို႔ပဲရ တယ္။ဒီအေပၚမွာေတာ့ ကြၽန္ေတာ့္အေနနဲ႔ ဒီကမ္းေျခကို တိုင္းေဒသႀကီး အစိုးရရဲ႕ လက္ေအာက္ကိုထည့္ၿပီး အစိုးရ စီမံခန႔္ခြဲမႈလုပ္ဖို႔ လႊတ္ေတာ္မွာ တင္ျပထားပါတယ္။အစိုးရအဖြဲ႕အေနနဲ႔လည္း ဒီအေပၚမွာ ျပင္ဆင္ေနၿပီး အခုလို ကိုဗစ္ျဖစ္ခ်ိန္မွာ လုပ္ငန္းေတြ ေႏွာင့္ေႏွးသြား တာလည္း ပါပါတယ္။”လို႔ ဦးေအာင္မင္းမင္းက ဆက္လက္ ေျပာပါတယ္။ ပင္လယ္ကမ္းေျခကေတာ့ စတင္ လူသိလာတာ ၂ႏွစ္ေက်ာ္ ၃ႏွစ္ဝန္းက်င္ရွိလာေပမယ့္ ဒီကမ္းေျခဟာ ပညာရွင္ ေတြ တြက္ခ်က္ထားပုံအရ ေနာက္ထပ္ တည္ရွိႏိုင္လည္း ၄ႏွစ္၅ႏွစ္ေလာက္ သာ ဆက္လက္ တည္ရွိႏိုင္တယ္လို႔ လည္း ဦးေအာင္မင္းမင္းက ေျပာပါတယ္။

ဓူဝံ

unicode

ဝါဆိုလပြည့်နေ့ က ကမ်းခြေ တစ်ခုမှာ လူပေါင်း သောင်း နဲ့ ချီ စုဝေးမှုဖြစ်ပေါ်ခဲ့

ပုံမှန် weekend တွေမှာ လည်း လူအများအပြားလာလေ့ရှိနေတယ်လို့ သိရပါသေးတယ်။ ပင်လယ်ကမ်းခြေ ကတော့ စတင်လူသိလာတာ ၂ နှစ်ကျော် ၃ နှစ်ဝန်းကျင်ရှိလာပေမယ့် ဒီကမ်းခြေဟာ ပညာရှင် တွေ တွက်ချက် ထားပုံအရ နောက်ထပ် တည်ရှိနိုင်လည်း ၄နှစ်၅နှစ်လောက်သာ ဆက်လက် တည်ရှိနိုင်တယ် လို့ လည်း ဦးအောင်မင်းမင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကာလ အတွင်း လူစုလူဝေး ဖြစ်ပေါ်စေမယ့် ဘုရားတွေ၊ ရုပ်ရှင်ရုံတွေ၊ ကမ်းခြေတွေ စတဲ့ နေရာတွေ အားလုံးကို ယာယီ ပိတ်ထားပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ အစိုးရရုံးပိတ်ရက် ၄ရက်မှာ အများပြည်သူ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်က ဆယ်အိမ်တန်း ပင်လယ်ကမ်းခြေ ကို သွားရောက် လည်ပတ်ခဲ့ကြပြီး လူပေါင်း သောင်းနဲ့ချီ လူစုလူဝေး ဖြစ်ပေါ်ခဲ့ပါတယ်။

“ဆယ်အိမ်တန်း ကမ်းခြေက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်ထဲမှာ မရှိဘူး။ ကိုဗစ်ကာလမှာ သူ့ကို ပိတ်ထားပေမယ့် လည်း နောက်ပိုင်းမှာ ကိုဗစ်က ပေါ့ပေါ့လျော့လျော့ ဖြစ်လာတဲ့ အနေအထား မှာတော့ လူတွေ ပြန်ရောက်လာပြီး အခုလို စည်ကမ်းမဲ့တာပါ။ အကြောင်းကလည်း သူက တရားဝင်ကမ်းခြေ မဟုတ်တော့ သူ့ကို အမြဲတမ်းကြီး ပိတ်ထား လို့လည်း မရဘူး ဖြစ်နေပါတယ်။”လို့ ကွမ်းခြံကုန်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မင်းမင်းက Duwun ကို ပြောပါတယ်။ မနေ့က ဝါဆိုလပြည့်နေ့ အစိုးရရုံးပိတ်ရက် ဖြစ်တာကြောင့် လူပေါင်း သောင်းနဲ့ချီ လာရောက်ခဲ့ကြပြီး ဒီလို လူပေါင်း သောင်းနဲ့ချီ စုဝေးတဲ့ အချိန်က သင်္ကြန်ကာလသာ ကြုံခဲ့ဖူးပေမယ့် အခုလို ကိုဗစ်ကာလ အခြား အပန်းဖြေ နေရာများ ပိတ်ထားချိန် မှာတော့ ရုတ်တရက် လူများသွားတာလို့လည်း ဦးအောင်မင်းမင်းက ဆက်လက်သုံးသပ် ပြောပါတယ်။

“စနေ၊တနင်္ဂနွေနေ့တွေဆို ပုံမှန် ၂သောင်း၊၃သောင်းလောက်လာကြတယ်။ အခုလို ကာလမှာ အားလုံး ပိတ်ထားချိန် မှာတော့ ကျွန်တော်လည်း သေချာတော့ တွက်ချက် ထားတာ မရှိပေမယ့် ပုံတွေမှာ မြင်ရတဲ့ အတိုင်းဆို ၅သောင်းကျော် ၇သောင်း နီးနီးလောက်ရှိနိုင်ပါတယ်။”လို့ ဦးအောင်မင်းမင်းက ဆက်လက်ပြောပါတယ်။ ဆယ်အိမ်တန်း ကမ်းခြေက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်ရထားတဲ့ ကမ်းခြေမဟုတ်တဲ့အ တွက် ကမ်းခြေတစ်ခုမှာ ရှိသင့်တဲ့ မီးပြတိုက်၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ စတဲ့ လုံခြုံရေးတွေလည်း တရားဝင် မရှိဘူးလို့လည်း သိရပါတယ်။

“ပြည်သူလူထု ကတော့ ကိုဗစ်ကာလမှာ အစိုးရ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးစေချင်ပါတယ်။ ဒါက လည်း ပြည်သူတွေအတွက်ပဲ ပြောတာပါ။ ကျွန်တော်တို့ကလည်း အုပ်ချုပ်ရေးပိုင်းမဟုတ်တော့ အကြံပြုလို့ပဲရ တယ်။ဒီအပေါ်မှာတော့ ကျွန်တော့်အနေနဲ့ ဒီကမ်းခြေကို တိုင်းဒေသကြီး အစိုးရရဲ့ လက်အောက်ကိုထည့်ပြီး အစိုးရ စီမံခန့်ခွဲမှုလုပ်ဖို့ လွှတ်တော်မှာ တင်ပြထားပါတယ်။အစိုးရအဖွဲ့အနေနဲ့လည်း ဒီအပေါ်မှာ ပြင်ဆင်နေပြီး အခုလို ကိုဗစ်ဖြစ်ချိန်မှာ လုပ်ငန်းတွေ နှောင့်နှေးသွား တာလည်း ပါပါတယ်။”လို့ ဦးအောင်မင်းမင်းက ဆက်လက် ပြောပါတယ်။ ပင်လယ်ကမ်းခြေကတော့ စတင် လူသိလာတာ ၂နှစ်ကျော် ၃နှစ်ဝန်းကျင်ရှိလာပေမယ့် ဒီကမ်းခြေဟာ ပညာရှင် တွေ တွက်ချက်ထားပုံအရ နောက်ထပ် တည်ရှိနိုင်လည်း ၄နှစ်၅နှစ်လောက် သာ ဆက်လက် တည်ရှိနိုင်တယ်လို့ လည်း ဦးအောင်မင်းမင်းက ပြောပါတယ်။

ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *

nineteen − fourteen =