လူေတြ အရမ္းစိတ္ဝင္စားေနတဲ့ ပခုကၠဴသီဟိုဋ္ရွင္ ဘုရားလႈိဏ္ေခါင္း နဲ႔ ပတ္သတ္ၿပီး မွတ္ခ်က္ တစ္ခုထြက္ေပၚလာၿပီ

ယခု သတင္းကို ( Pyi Myanmar ) စာမ်က္ႏွာ မွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕၏ က်က္သေရေဆာင္ သီဟိုဋ္ရွင္ ဘုရားလႈိဏ္ေခါင္းေတြ႕ရွိမႈအေပၚ လက္ရွိစစ္ေဆးေဆာင္႐ြက္ထားမႈအရ ယာယီ မွတ္ခ်က္တစ္ခုထြက္ရွိလာေၾကာင္း ပခုကၠဴၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးခိုင္ေဇာ္ထြန္းက ျပည္ျမန္မာသို႔ေျပာသည္။

“လႈိဏ္ေခါင္းထဲမွာ ႏွစ္နာရီေလာက္ ထိဆင္းၾကည့္တယ္၊ ေရဆို႔ထုတ္တဲ့အခန္းေတြလို႔ယူဆတယ္ ေျပာ တယ္၊ ဌာပနာတိုက္ေတာ့မဟုတ္ပါဘူး၊အေပၚက ဘုရားေတြေရသပၸာယ္တဲ့အခါမွာ ေရေတြေဘးကို ျပန္႔မသြားေစေအာင္စီးဆင္းတဲ့ေနရာလႈိဏ္ေခါင္းလိုလဲေျပာၾကတယ္၊အခန္းေတြကေတာ့ တစ္ခန္းကို ၂ေပခြဲေလာက္ရွိတဲ့အေပါက္ေတြနဲ႔ ဆက္ထားတယ္၊ႏွစ္ခန္းတြဲေတြပါ၊ အခန္းကထုတစ္ေပခြဲေလာက္ရွိတဲ့နံရံေတြ ရွိတယ္၊အေပါက္ကေတာ့ မုခ္ဦးေလးေတြလို လုပ္ထားတယ္”၄င္ေျပာသည္။

လက္ရာမ်ားမွာ လႈိဏ္ေခါင္းျပဳလုပ္ထား သည့္အုတ္မ်ားမွာ ေရွးေဟာင္းအုတ္မ်ားျဖစ္ကာ တစ္ေပအက်ယ္ပ တ္လည္ရွိၿပီး အုတ္ခဲမ်ားကို သ႐ိုး၊ အဂၤေတ မ်ားျဖင့္တြဲစပ္ထားေၾကာင္းသိရၿပီး လက္ရွိတြင္ စည္ပင္ေရေျမာင္း ေဖာက္ရန္တူးထားသည့္အေပါက္အား ယာယီပိတ္ထားကာ ေရွးေဟာင္းသုေတသနဦးစီးဌာနမွ ဆက္လက္ၿပီး သုေတသနလုပ္ငန္းမ်ားထပ္မံ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းႏွင့္ ယင္းလႈိဏ္ေခါင္း ေနရာအားမည္သို႔ လုပ္ေ ဆာင္သြားမည္ကိုအတည္ျပဳလို႔မရေသးေၾကာင္းသိရသည္။

ကိုထြဋ္ ဓာတ္ပုံ လြင္နီ

unicode

လူတွေ အရမ်းစိတ်ဝင်စားနေတဲ့ ပခုက္ကူသီဟိုဋ်ရှင် ဘုရားလှိုဏ်ခေါင်း နဲ့ ပတ်သတ်ပြီး မှတ်ချက် တစ်ခုထွက်ပေါ်လာပြီ

ယခု သတင်းကို ( Pyi Myanmar ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၏ ကျက်သရေဆောင် သီဟိုဋ်ရှင် ဘုရားလှိုဏ်ခေါင်းတွေ့ရှိမှုအပေါ် လက်ရှိစစ်ဆေးဆောင်ရွက်ထားမှုအရ ယာယီ မှတ်ချက်တစ်ခုထွက်ရှိလာကြောင်း ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ထွန်းက ပြည်မြန်မာသို့ပြောသည်။

“လှိုဏ်ခေါင်းထဲမှာ နှစ်နာရီလောက် ထိဆင်းကြည့်တယ်၊ ရေဆို့ထုတ်တဲ့အခန်းတွေလို့ယူဆတယ် ပြော တယ်၊ ဌာပနာတိုက်တော့မဟုတ်ပါဘူး၊အပေါ်က ဘုရားတွေရေသပ္ပာယ်တဲ့အခါမှာ ရေတွေဘေးကို ပြန့်မသွားစေအောင်စီးဆင်းတဲ့နေရာလှိုဏ်ခေါင်းလိုလဲပြောကြတယ်၊အခန်းတွေကတော့ တစ်ခန်းကို ၂ပေခွဲလောက်ရှိတဲ့အပေါက်တွေနဲ့ ဆက်ထားတယ်၊နှစ်ခန်းတွဲတွေပါ၊ အခန်းကထုတစ်ပေခွဲလောက်ရှိတဲ့နံရံတွေ ရှိတယ်၊အပေါက်ကတော့ မုခ်ဦးလေးတွေလို လုပ်ထားတယ်”၄င်ပြောသည်။

လက်ရာများမှာ လှိုဏ်ခေါင်းပြုလုပ်ထား သည့်အုတ်များမှာ ရှေးဟောင်းအုတ်များဖြစ်ကာ တစ်ပေအကျယ်ပ တ်လည်ရှိပြီး အုတ်ခဲများကို သရိုး၊ အင်္ဂတေ များဖြင့်တွဲစပ်ထားကြောင်းသိရပြီး လက်ရှိတွင် စည်ပင်ရေမြောင်း ဖောက်ရန်တူးထားသည့်အပေါက်အား ယာယီပိတ်ထားကာ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဆက်လက်ပြီး သုတေသနလုပ်ငန်းများထပ်မံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယင်းလှိုဏ်ခေါင်း နေရာအားမည်သို့ လုပ်ေ ဆာင်သွားမည်ကိုအတည်ပြုလို့မရသေးကြောင်းသိရသည်။

ကိုထွဋ် ဓာတ်ပုံ လွင်နီ

Add a Comment

Your email address will not be published. Required fields are marked *

four + eleven =