လီလီပန်းတွေ သယ်ဆောင်ရန် အတွက် ကွန်တိန်နာ (၁)ခုစာ နဲ့ တင် သိန်း (၁၀၀) ကျော် အခွန်ဆောင်ရတယ် ဆိုတဲ့ လွင်မိုး




unicode

လွင်မိုးကတော့ တစ်ချိန်က အောင်မြင်ကျော်ကြား တဲ့ ပြည်သူချစ် မင်းသားချောတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းများကိုပဲ ဇောက်ချ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ချစ်ရတဲ့ တစ်ဦးတည်းသော မြေးလေးနဲ့ အတူဆော့ကစားနေတဲ့ ပုံရိပ်လေးများကို ပရိတ်သတ်တွေထံ မျှဝေတတ်သူပါ။ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင် နေတဲ့ လွင်မိုးကတော့ လီလီပန်းများကိုလည်း သေချာ စနစ်တကျ စိုက်ပျိုးကာ ဈေးကွက်တင်သွင်း ဖြန့်ချီနေပါတယ်။ ကိုဗစ်အကြပ်အတည်း ကာလများမှာတော့ မှာယူသူ မရှိတဲ့အတွက် လီလီပန်းခင်းကြီးကို ဖျက်ဆီးခဲ့ရတာကြောင့် ပရိတ်သတ်တွေ အားလုံးက နှမြောတသ ဖြစ်ခဲ့ကြရပါတယ်။

ယနေ့မှာတော့ လွင်မိုးက လီလီပန်းတွေ ပြန်လည် စိုက်ပျိုးရန်အတွက် မျိုးဥများကို Holland နိုင်ငံမှ သေချာစနစ်တကျ မှာယူကာ အခွန်ဆောင်ခဲ့တဲ့အကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ လွင်မိုးပြောခဲ့တာကတော့ ” နိုင်ငံတော်အတွက် လီလီပန်း ဥ ပေ ၄၀ကွန်တိန်နာ အခွန် ၁၃၃ သိန်းကျော်ပေးဆောင်ပြီးပါပြီ။ ၄၅ ရက်ကြာ holland နိင်ငံမှ -1.5° C နဲ့အေးခဲထားတဲ့ ပန်းဥတွေကို စိုက်ပျိုးရေးကဆိပ်ကမ်းမှာဖောက်ဖွင့်ပြီးနမူနာယူပါတယ်။ဟုတ်ကဲ့ အဲဒီမှာပဲ ပေးထားတဲ့အာမခံသက်တမ်းလည်းတခါတည်းကုန်ဆုံးပါတော့တယ်။ ဟဲဟိုးအအေးခန်းအတွင်းသို့၂၄ နာရီအတွင်းပို့ဆောင်သိုလှောင်ပြီးပါကြောင်း ” ဆိုကာ လီလီပန်း များ ပြန်လည် စိုက်ပျိုးတော့မယ့်အကြောင်းကို မျှဝေခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ ဦးလွင်မိုးကတော့ ကိုဗစ်ကာလမှာ လီလီပန်းတွေကို ဖျက်ဆီး လိုက်ရပေမဲ့ နောက်ထပ် ပြန်လည်ပြီး လီလီပန်းတွေ ဦးမော့လာမယ့်အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီး ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Add a Comment

Your email address will not be published. Required fields are marked *

2 × 5 =