ေကာင္း လိုက္ တဲ့ အျမင္ ၊ ေကာင္း လိုက္ တဲ့ စာ …

ကြၽန္မစာ ေတြ အမ်ားႀကီး သင္ခဲ့တယ္ စီးပြား ေရး ပညာမွာ ေပၚျပဴလာအျဖစ္ဆုံး ဘြဲ႕တစ္ခုကိုရခဲ့တယ္ ကြၽန္မ ေက်ာင္းကို ျပန္သြားတဲ့အခါ အခု ေက်ာင္း တက္ ေနၾကတဲ့ လူငယ္ေတြက ကြၽန္မကို ဟာ..10th Batch က အစ္မႀကီးရယ္လို႔ ႏႈတ္ဆက္ၾက အသိအမွတ္ျပဳၾကတယ္ သူတို႔ အခုႀကဳံေနရတဲ့ အခက္အခဲေတြ ကို ေက်ာ္ျဖတ္ ခဲ့ၿပီးသြားသူ တစ္ေယာက္အေနနဲ႔ေပါ့..

ဒီ အသိုင္းအဝိုင္းထဲက ျပန္ထြက္လာခ်ိန္မွာ ကြၽန္မဟာ လွည္းတန္း ေစ်းမွာ ေစ်းဝယ္ေနတဲ့ သာမာန္မိန္းမ တစ္ေယာက္ပဲျဖစ္သြားတယ္ အတန္းပညာ မတတ္တဲ့ အိမ္ရွင္မတစ္ေယာက္ သာမာန္မိန္းမတစ္ေယာက္လို႔လည္း ျမင္မိရင္ ျမင္မိၾကလိမ့္မယ္.. ကြၽန္မ ဘာဘြဲ႕ရခဲ့လည္း ဘယ္သူမွ စိတ္မဝင္စားဘူး ဘြဲ႕ေတြ ဒီကရီေတြ ဆိုတာ တန္ဖိုးသိသူေတြ လက္ထဲမွာပဲ အသုံးဝင္ေနတာပါလားလို႔ ေတြးမိတယ္

ပညာေတြ အရမ္းတတ္တယ္လို႔ ထင္ခဲ့ေပမဲ့ ခုခ်ိန္ ကားလာျပင္ခိုင္းရင္ျပင္တတ္မွာမဟုတ္ဘူး ကားျပင္ဆရာ ကလည္း ကိုယ္ရထားတဲ့ ဘြဲ႕မ်ိဳး မက္ေမာမွာမဟုတ္ဘူး ပညာဆိုတာလည္း အကန႔္အသတ္ေလးေတြနဲ႔ရွိေနတာပါလား စဥ္းစားမိလာတယ္ အဲေတာ့..ပညာဆိုတာ တကယ္ေတာ့ ဆင္ျခင္တုံတရားပဲ လို႔ သိလာတယ္… ကြၽန္မ တစ္ခါ သူငယ္ခ်င္း တစ္ေယာက္ကို စာအုပ္လက္ေဆာင္ယူခဲ့ေပးဖို႔ ေမ့ခဲ့လို႔..ျမန္မာပလာဇာက အင္းဝ စာအုပ္ဆိုင္မွာ

မြန္ေဟာ္စီရဲ႕ စိတ္ေပ်ာ္ေအာင္ေနတတ္ဖို႔ ဆိုတဲ့ စာအုပ္ကေလး ဝင္ဝယ္တယ္..ဒီစာအုပ္က Best seller ထဲပါတယ္ တစ္အုပ္ပဲ က်န္ေတာ့တယ္တဲ့.. ပိုက္ဆံ ၃၀၀၀ေပးၿပီး ေကာင္တာကလွည့္အထြက္.. အေရာင္းစာေရးမေလးတစ္ေယာက္ ကြၽန္မကို ေျပာေျပာဆိုဆို ဝင္တိုက္တယ္… စိတ္ေပ်ာ္ေအာင္ေနတတ္ဖို႔ အုပ္၂၀ထပ္မွာပါဦးေဟ့..တဲ့..ကြၽန္မၿပဳံးမိတယ္ ကြၽန္မ ဘယ္သူလဲဆိုတာ ဘယ္သူမွ စိတ္မဝင္စားခဲ့ပါဘူး..

ေအာင္ျမင္ ေက်ာ္ၾကားမႈေနာက္ကို ကြၽန္မလိုက္ေနေပမဲ့..ဒီေအာင္ျမင္မႈဆိုတာ ကြၽန္မကို အစဥ္အၿမဲ အေလးျပဳမေနတဲ့အရာပါလား သေဘာေပါက္မိတယ္ ဒါေၾကာင့္..ေအာင္ျမင္မႈဆိုတာ တကယ္ေတာ့ ေလာဘ ေဒါသ နဲ႔ ေမာဟကို ထိန္းခ်ဳပ္ ကြပ္ကဲႏိုင္တာကသာ ေအာင္ျမင္မႈအစစ္အမွန္ျဖစ္တယ္လို႔ လက္ခံလာမိတယ…္ အလုပ္ေတြေတာ္ေတာ္လုပ္ခဲ့တယ္ အလုပ္ထဲမွာ ရာထူးတစ္ခုရွိခဲ့တယ္ ဒါေပမဲ့ အလုပ္ရပ္လိုက္တဲ့ေန႔မွာ ကြၽန္မဟာ ဘာမွမဟုတ္ေတာ့ျပန္ဘူး…

ပြဲလမ္းသဘင္ေတြေရာက္ေတာ့ အရင္လို ေရွ႕ဆုံးဝိုင္းမွာ ရာထူးရာခံရွိသူေတြနဲ႔ မထိုင္ရေတာ့ဘူး ဟိုလိုလို ဒီလိုလိုနဲ႔ ေနာက္နားေလး မသိမသာပို႔တာခံရတယ္ ဆရာႀကီးတို႔ ဆရာမႀကီးတို႔ဆိုတဲ့ ရာထူး ရာခံ ဂုဏ္ျဒပ္ေတြဟာ ကိုယ့္ကို တစ္သက္လုံး မေစာင့္ေရွာက္ႏိုင္ပါလား သိသြားတယ္ အဲဒီေနာက္ပိုင္း..သူကေတာ့ ဘာမို႔လို႔ အထင္ႀကီးတယ္ သူ႔ကိုေတာ့ အထင္ေသးတယ္..ဆိုတာေတြမရွိေတာ့ဘူး ေနရာ ဆိုတာ ဘယ္ေနရာျဖစ္ျဖစ္ ေနတတ္ဖို႔ကသာ အေရးႀကီးပါတယ္လို႔ ေတြးတတ္လာတယ္..ပိုက္ဆံေတြရွာခဲ့တယ္

ဒီပိုက္ဆံေတြနဲ႔ မိသားစုကို ေထာက္ပံခဲ့တယ္..ခရီးေတြသြားခဲ့တယ္ ဝတ္ေကာင္းစားလွေတြဝတ္ခဲ့ စားခဲ့တယ္ ဒါေပမဲ့..ကိုယ့္ေလာက္မရွိတဲ့ သူေရွ႕မွာ ကိုယ္က သူေဌးျဖစ္ေနၿပီး ကိုယ့္ထက္အဆတစ္ရာေလာက္ ခ်မ္းသာတဲ့သူေတြေရွ႕မွာ ကိုယ္က မရွိဆင္းရဲသားေလးျဖစ္သြားတာ ေတြ႕ရေတာ့.. ပိုက္ဆံနဲ႔ ျပၿပီးဘယ္လိုပဲ ဂုဏ္ဆာ ေနၾကပါေစ..အဲဒီ ဂုဏ္ေတြ ေျမာင္းထဲေရာက္သြားတဲ့ အခါေတြလည္း ရွိပါေသးလား ..ျမင္တတ္လာတယ္.. ပိုက္ဆံဆိုတာ..ဘယ္ေလာက္ရွိရွိ ကိုယ္နဲ႔ မထိုက္တန္..ကိုယ့္အတြက္ မဟုတ္ရင္ ဘယ္ေလာက္ပဲ ပင္ပင္ပန္းပန္း ရွာေဖြ ရွာေဖြ.. ထားခဲ့ရတာပါပဲ..

ကြၽန္မတို႔ေတြေန႔တိုင္း ရွင္သန္ေနၾကပါတယ္ ပညာေနာက္ကို လိုက္ေနလား ေအာင္ျမင္ ေက်ာ္ၾကားမႈ ေနာက္ကို လိုက္ေနလား ရာထူးရာခံဂုဏ္ျဒပ္ေတြစည္းစိမ္ခ်မ္းသာပကာသနေတြ..ေနာက္ကိုမ်ား လိုက္ေနမိလား.. ဘာေတြေနာက္လိုက္ၿပီး..ဘယ္လိုပုံစံနဲ႔ ရွင္သန္ေနၾကတာလဲ…ကိုယ့္ကိုကိုယ္ ေမးၾကည့္မိတာျဖစ္ပါတယ္.. ဘဝ အေတြ႕အႀကဳံေတြအရ ဒါေတြဟာ တခဏ အခ်ိန္အတိုင္းအတာတစ္ခု အေျခအေနတစ္ခုအတြက္သာ အသုံးဝင္တာေသခ်ာၿပီး ေနာက္ဆုံးေတာ့လည္း

ကိုယ့္ကို အၿမဲမေစာင့္ေရွာက္ႏိုင္ဘူး ဆိုတာ လက္ခံလာမိတယ္ကိုယ္ ယုံၾကည္အားကိုးလို႔မရဘူးဆိုတာသိလာတယ္ တကယ္ေတာ့ လိုက္ခ်င္းလိုက္ရင္.. ကိုယ့္ကို ဒီတစ္ဘဝအတြက္သာမက သံသရာမွာပါ ကာကြယ္ ေစာင့္ေရွာက္ေပးမဲ့ တရားေတြ အက်င့္ေတြ ဉာဏ္ေတြေနာက္ကို လိုက္ၾကရမွာပါ ဒါကို ကြၽန္မ ေစာၿပီး သိခဲ့တာ..ကံေကာင္းပါတယ္ကြၽန္မတို႔ လူအမ်ားစုဟာ ဘယ္ေတာ့မွၿပီးျပည့္စုံသြားၿပီလို႔မရွိတဲ့ အရာေတြရဲ႕ ေနာက္ကို အေမာတေကာ လိုက္ေနၾကပါတယ္

ဘယ္လိုလိုက္လိုက္ ေသသာသြားေရာ…ဘယ္ေတာ့မွလည္း ၿပီးဆုံးသြားသည္မရွိပါ.. ကြၽန္မလည္းအပါအဝင္ေပါ့ေလ..ေမာလိုက္တာ..ဘာကိုလိုက္မွန္းမသိလိုက္ေနမိတာ..ဒါေပမဲ့..ကြၽန္မေလ..လုံးဝမရပ္ႏိုင္ေသးသည့္တိုင္

အရွိန္ေလွ်ာ့ၿပီး ဘရိတ္ေတာ့ အုပ္လိုက္ႏိုင္ၿပီရွင့္။

Credit to Mon Halsey

unicode

ကောင်း လိုက် တဲ့ အမြင် ၊ ကောင်း လိုက် တဲ့ စာ …

ကျွန်မစာ တွေ အများကြီး သင်ခဲ့တယ် စီးပွား ရေး ပညာမှာ ပေါ်ပြူလာအဖြစ်ဆုံး ဘွဲ့တစ်ခုကိုရခဲ့တယ် ကျွန်မ ကျောင်းကို ပြန်သွားတဲ့အခါ အခု ကျောင်း တက် နေကြတဲ့ လူငယ်တွေက ကျွန်မကို ဟာ..10th Batch က အစ်မကြီးရယ်လို့ နှုတ်ဆက်ကြ အသိအမှတ်ပြုကြတယ် သူတို့ အခုကြုံနေရတဲ့ အခက်အခဲတွေ ကို ကျော်ဖြတ် ခဲ့ပြီးသွားသူ တစ်ယောက်အနေနဲ့ပေါ့..

ဒီ အသိုင်းအဝိုင်းထဲက ပြန်ထွက်လာချိန်မှာ ကျွန်မဟာ လှည်းတန်း စျေးမှာ စျေးဝယ်နေတဲ့ သာမာန်မိန်းမ တစ်ယောက်ပဲဖြစ်သွားတယ် အတန်းပညာ မတတ်တဲ့ အိမ်ရှင်မတစ်ယောက် သာမာန်မိန်းမတစ်ယောက်လို့လည်း မြင်မိရင် မြင်မိကြလိမ့်မယ်.. ကျွန်မ ဘာဘွဲ့ရခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားဘူး ဘွဲ့တွေ ဒီကရီတွေ ဆိုတာ တန်ဖိုးသိသူတွေ လက်ထဲမှာပဲ အသုံးဝင်နေတာပါလားလို့ တွေးမိတယ်

ပညာတွေ အရမ်းတတ်တယ်လို့ ထင်ခဲ့ပေမဲ့ ခုချိန် ကားလာပြင်ခိုင်းရင်ပြင်တတ်မှာမဟုတ်ဘူး ကားပြင်ဆရာ ကလည်း ကိုယ်ရထားတဲ့ ဘွဲ့မျိုး မက်မောမှာမဟုတ်ဘူး ပညာဆိုတာလည်း အကန့်အသတ်လေးတွေနဲ့ရှိနေတာပါလား စဉ်းစားမိလာတယ် အဲတော့..ပညာဆိုတာ တကယ်တော့ ဆင်ခြင်တုံတရားပဲ လို့ သိလာတယ်… ကျွန်မ တစ်ခါ သူငယ်ချင်း တစ်ယောက်ကို စာအုပ်လက်ဆောင်ယူခဲ့ပေးဖို့ မေ့ခဲ့လို့..မြန်မာပလာဇာက အင်းဝ စာအုပ်ဆိုင်မှာ

မွန်ဟော်စီရဲ့ စိတ်ပျော်အောင်နေတတ်ဖို့ ဆိုတဲ့ စာအုပ်ကလေး ဝင်ဝယ်တယ်..ဒီစာအုပ်က Best seller ထဲပါတယ် တစ်အုပ်ပဲ ကျန်တော့တယ်တဲ့.. ပိုက်ဆံ ၃၀၀၀ပေးပြီး ကောင်တာကလှည့်အထွက်.. အရောင်းစာရေးမလေးတစ်ယောက် ကျွန်မကို ပြောပြောဆိုဆို ဝင်တိုက်တယ်… စိတ်ပျော်အောင်နေတတ်ဖို့ အုပ်၂၀ထပ်မှာပါဦးဟေ့..တဲ့..ကျွန်မပြုံးမိတယ် ကျွန်မ ဘယ်သူလဲဆိုတာ ဘယ်သူမှ စိတ်မဝင်စားခဲ့ပါဘူး..

အောင်မြင် ကျော်ကြားမှုနောက်ကို ကျွန်မလိုက်နေပေမဲ့..ဒီအောင်မြင်မှုဆိုတာ ကျွန်မကို အစဉ်အမြဲ အလေးပြုမနေတဲ့အရာပါလား သဘောပေါက်မိတယ် ဒါကြောင့်..အောင်မြင်မှုဆိုတာ တကယ်တော့ လောဘ ဒေါသ နဲ့ မောဟကို ထိန်းချုပ် ကွပ်ကဲနိုင်တာကသာ အောင်မြင်မှုအစစ်အမှန်ဖြစ်တယ်လို့ လက်ခံလာမိတယ…် အလုပ်တွေတော်တော်လုပ်ခဲ့တယ် အလုပ်ထဲမှာ ရာထူးတစ်ခုရှိခဲ့တယ် ဒါပေမဲ့ အလုပ်ရပ်လိုက်တဲ့နေ့မှာ ကျွန်မဟာ ဘာမှမဟုတ်တော့ပြန်ဘူး…

ပွဲလမ်းသဘင်တွေရောက်တော့ အရင်လို ရှေ့ဆုံးဝိုင်းမှာ ရာထူးရာခံရှိသူတွေနဲ့ မထိုင်ရတော့ဘူး ဟိုလိုလို ဒီလိုလိုနဲ့ နောက်နားလေး မသိမသာပို့တာခံရတယ် ဆရာကြီးတို့ ဆရာမကြီးတို့ဆိုတဲ့ ရာထူး ရာခံ ဂုဏ်ဒြပ်တွေဟာ ကိုယ့်ကို တစ်သက်လုံး မစောင့်ရှောက်နိုင်ပါလား သိသွားတယ် အဲဒီနောက်ပိုင်း..သူကတော့ ဘာမို့လို့ အထင်ကြီးတယ် သူ့ကိုတော့ အထင်သေးတယ်..ဆိုတာတွေမရှိတော့ဘူး နေရာ ဆိုတာ ဘယ်နေရာဖြစ်ဖြစ် နေတတ်ဖို့ကသာ အရေးကြီးပါတယ်လို့ တွေးတတ်လာတယ်..ပိုက်ဆံတွေရှာခဲ့တယ်

ဒီပိုက်ဆံတွေနဲ့ မိသားစုကို ထောက်ပံခဲ့တယ်..ခရီးတွေသွားခဲ့တယ် ဝတ်ကောင်းစားလှတွေဝတ်ခဲ့ စားခဲ့တယ် ဒါပေမဲ့..ကိုယ့်လောက်မရှိတဲ့ သူရှေ့မှာ ကိုယ်က သူဌေးဖြစ်နေပြီး ကိုယ့်ထက်အဆတစ်ရာလောက် ချမ်းသာတဲ့သူတွေရှေ့မှာ ကိုယ်က မရှိဆင်းရဲသားလေးဖြစ်သွားတာ တွေ့ရတော့.. ပိုက်ဆံနဲ့ ပြပြီးဘယ်လိုပဲ ဂုဏ်ဆာ နေကြပါစေ..အဲဒီ ဂုဏ်တွေ မြောင်းထဲရောက်သွားတဲ့ အခါတွေလည်း ရှိပါသေးလား ..မြင်တတ်လာတယ်.. ပိုက်ဆံဆိုတာ..ဘယ်လောက်ရှိရှိ ကိုယ်နဲ့ မထိုက်တန်..ကိုယ့်အတွက် မဟုတ်ရင် ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာဖွေ ရှာဖွေ.. ထားခဲ့ရတာပါပဲ..

ကျွန်မတို့တွေနေ့တိုင်း ရှင်သန်နေကြပါတယ် ပညာနောက်ကို လိုက်နေလား အောင်မြင် ကျော်ကြားမှု နောက်ကို လိုက်နေလား ရာထူးရာခံဂုဏ်ဒြပ်တွေစည်းစိမ်ချမ်းသာပကာသနတွေ..နောက်ကိုများ လိုက်နေမိလား.. ဘာတွေနောက်လိုက်ပြီး..ဘယ်လိုပုံစံနဲ့ ရှင်သန်နေကြတာလဲ…ကိုယ့်ကိုကိုယ် မေးကြည့်မိတာဖြစ်ပါတယ်.. ဘဝ အတွေ့အကြုံတွေအရ ဒါတွေဟာ တခဏ အချိန်အတိုင်းအတာတစ်ခု အခြေအနေတစ်ခုအတွက်သာ အသုံးဝင်တာသေချာပြီး နောက်ဆုံးတော့လည်း

ကိုယ့်ကို အမြဲမစောင့်ရှောက်နိုင်ဘူး ဆိုတာ လက်ခံလာမိတယ်ကိုယ် ယုံကြည်အားကိုးလို့မရဘူးဆိုတာသိလာတယ် တကယ်တော့ လိုက်ချင်းလိုက်ရင်.. ကိုယ့်ကို ဒီတစ်ဘဝအတွက်သာမက သံသရာမှာပါ ကာကွယ် စောင့်ရှောက်ပေးမဲ့ တရားတွေ အကျင့်တွေ ဉာဏ်တွေနောက်ကို လိုက်ကြရမှာပါ ဒါကို ကျွန်မ စောပြီး သိခဲ့တာ..ကံကောင်းပါတယ်ကျွန်မတို့ လူအများစုဟာ ဘယ်တော့မှပြီးပြည့်စုံသွားပြီလို့မရှိတဲ့ အရာတွေရဲ့ နောက်ကို အမောတကော လိုက်နေကြပါတယ်

ဘယ်လိုလိုက်လိုက် သေသာသွားရော…ဘယ်တော့မှလည်း ပြီးဆုံးသွားသည်မရှိပါ.. ကျွန်မလည်းအပါအဝင်ပေါ့လေ..မောလိုက်တာ..ဘာကိုလိုက်မှန်းမသိလိုက်နေမိတာ..ဒါပေမဲ့..ကျွန်မလေ..လုံးဝမရပ်နိုင်သေးသည့်တိုင်

အရှိန်လျှော့ပြီး ဘရိတ်တော့ အုပ်လိုက်နိုင်ပြီရှင့်။

Credit to Mon Halsey

Add a Comment

Your email address will not be published. Required fields are marked *

twelve + fourteen =