



Writer_HULK ( YGN Times )

unicode

မြန်မာနိုင်ငံ မှာ ကားစက်ရုံ တည်ဆောက်မယ် လို့ ကြေညာလိုက် တဲ့ ဂျပန် နာမည်ကြီး ကားကုမ္မဏီ ဖြစ်တဲ့ မီဆူဘီရှီ ( Mitsubishi )

ဂျပန်နာမည်ကြီး ကားကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Mitsubishi Motors ကမြန်မာနိုင်ငံမှာ ကားစက်ရုံ တည်ဆောက်ဖို့ပြင်ဆင်နေတယ်လို့ ကုမ္မဏီရဲ့ CEO Takao Kato က တရားဝင် အတည်ပြုပြောကြားလိုက်ပါတယ်။

Mitsubishi ဟာ အရှေ့တောင်အာရှမှာ ဈေးကွက် ဝေစုပိုမိုရရှိဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီးအဓိကပြိုင်ဘက်တွေဖြစ်တဲ့ Toyota နဲ့Suzuki တို့နဲ့ပိုမိုယှဉ်ပြိုင်နိုင်ဖို့အတွက်အခုလိုစက်ရုံတွေတည်ဆောက်နေတာလဲဖြစ်ပါတယ်။ Mitsubishi Motors ဟာ ကားစက်ရုံတွေကို ဗီယက်နမ် ၊ ထိုင်း ၊ အင်ဒိုးနီးရှားနဲ့ ဖီလစ်ပိုင်တို့မှာတည်ဆောက်ထားတာဖြစ်ပြီး အခု မြန်မာနိုင်ငံလဲပါဝင်လာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကားဈေးကွက်မှာ ဂျပန်ကား ကုမ္မဏီတွေရဲ့ရင်းနှီးမြှုပ်နှံမူအဖြစ် Nissan၊ Suzuki နဲ့Toyota ကုမ္မဏီတို့က ကနဦး ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီးယခု Mitsubishi ဟာ မြန်မာကားဈေးကွက်မှာ နောက်ထပ်ရင်းနှီးမြှုပ်နှံမူပြုလုပ်လာတဲ့ဂျပန်ကားကုမ္မဏီလဲဖြစ်ပါတယ်။

Ref ; Nikkei Asian Review
Writer_HULK ( YGN Times )

Add a Comment

Your email address will not be published. Required fields are marked *

17 − seven =