ကမ္းကုန္ေအာင္ သရဲေျခာက္ ခံလိုက္ရတဲ့ အေတြ႕အႀကဳံ ကို မွ်ေဝ လိုက္တဲ့ “ေမပန္းခ်ီ”

သိပၸံပညာေတြ ဘယ္ေလာက္ ထြန္း ကားကား သိပၸံ နည္းက် အေျဖရွာမရတဲ့ သဘာဝလြန္ျဖစ္ရပ္ေတြကေတာ့ လူေတြႀကဳံေတြေန ရစၿမဲပါ။ နာနာဘာဝ ဝိဉာဥ္ေတြ လူေတြေဘးမွာ တကယ္ရွိတယ္ဆိုတာ မယုံၾကည္ေသးတဲ့ သူေတြလည္း ပတ္ဝန္းက်င္မွာ ဒုနဲ႕ ေဒးပဲမဟုတ္ပါလား ပရိသတ္ႀကီးေရ… တခ်ိဳ႕သူေတြ အတြက္ ဝိဉာဥ္ သရဲေတြကို ေသဆုံးသြားတဲ့အထိ မျမင္ဖူးလိုက္ၾကတဲ့ သူေတြရွိေပမယ့္ တခ်ိဳ႕ကံနိမ့္ၿပီး လိပ္ျပာလွတဲ့ သူေတြ အတြက္ေတာ့ ဒီလိုသဘာဝနယ္လြန္ျဖစ္ရပ္ေတြဆိုတာ လက္တစ္ကမ္းမွာပါပဲေနာ္။

ပရိသတ္ရဲ႕ အခ်စ္ေတာ္ ေမပန္းခ်ီ ကေတာ့ မေန႕ညက သူတို႔ အိမ္မွာ ဘယ္သူမွ အိပ္မရေအာင္ သရဲေျခာက္ခံခဲ့ရတဲ့ အေၾကာင္းကို မွ်ေဝခဲ့ပါတယ္။ သူကေတာ့ ညတိုင္းလိုလို ည(၂)နာရီ(၃)နာရီေလာက္ဆို အသက္(၃၀)(၄၀)ဝန္းက်င္ အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕ရေလ့ရွိၿပီး ကိုယ့္ကိုလည္း အႏၲရာယ္ မျပဳတာေၾကာင့္ ဘယ္သူ႕ကိုမွလည္း မေျပာျပခဲ့ပါဘူး။ ဒါေပမယ့္ မေန႕ကညေနက ေရတင္ရင္း အုတ္ကန္ထဲမွာေႁမြ တစ္ေကာင္ေတြ႕တာေၾကာင့္ အိမ္ကလူေတြနဲ႕ ေမာင္းထုတ္ေနခဲ့ရာက အမွတ္မထင္ ညီမျဖစ္သူက အေမျဖစ္သူပုံကို ဓာတ္ပုံရိုက္ခဲ့တယ္လို႔ ဆို ပါတယ္။ တစ္အိမ္လုံးနီးပါး ဆံပင္အတိုျဖစ္ေပမယ့္(မိခင္ကိုယ္တိုင္လည္း) ဓာတ္ပုံထဲမွာေတာ့ ဆံပင္ေက်ာအလယ္ေလာက္ ရွည္ေနတဲ့အျပင္ ေဘာင္းဘီဒူးဖုံးကလည္း ေျခမ်က္စိထိ အရွည္ျဖစ္လို႔ေနပါတယ္။

အဲ့ဒီ ဓာတ္ပုံရိုက္လိုက္တာ ကေတာ့ Effect မပါတဲ့ ရိုးရိုး ကင္မရာနဲ႕ ရိုက္လိုက္တာပါ။ ဒါေပမယ့္ တျခားသူတစ္ေယာက္ အျဖစ္ ဓာတ္ပုံထဲမွာေပၚလာခဲ့တာပါ။ တိုေနတဲ့ေဘာင္းဘီကို ရွည္ေအာင္ ကင္မရာရႈေထာင့္ေပါင္းစုံ ကရိုက္လည္း အေျဖရွာမရခဲ့ပါဘူးတဲ့။ ထပ္ၿပီးေတာ့လည္း အႏၲရာယ္ မျပဳဖို႔ ေမတၱာပို႔ အမွ်ေဝၿပီးေနာက္ အားသြင္းထားတဲ့ဖုန္းကို ကိုင္လိုက္ရာမွာလည္း ဓာတ္လိုက္ခဲ့တယ္ လို႔ဆိုပါတယ္။ တစ္ညလုံးလည္း အပုပ္နံ႕ေတြေပးေနတာေၾကာင့္ တစ္အိမ္လုံးဘယ္သူမွ အိပ္မရခဲ့ပါဘူးတဲ့ ပရိသတ္ႀကီးေရ… ေမပန္းခ်ီ ကေတာ့ ဒီအိမ္ မွာေမြးကတည္း ကေန လာတာ မဟုတ္ဘဲ အခုလိုလာေရာက္ေနထိုင္တဲ့ အခ်ိန္မွာ ဒီလိုေတြျဖစ္ေနတာျဖစ္ေၾကာင္း မွ်ေဝခဲ့ပါတယ္။

သူကိုယ္တိုင္ ရိပ္ခနဲ ရိပ္ခ နဲျမင္ေနတာေတာ့ ၾကာၿပီျဖစ္ေပမယ့္ ဒီတစ္ေခါက္ မွာေတာ့ ကင္မရာထဲ ပါလာ႐ုံသာမက တစ္ညလုံး အိပ္မရေတာ့တာေၾကာင့္ သူႀကဳံေတြ႕ခဲ့ရတဲ့ အေျခအေနကို မွ်ေဝခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ… ပရိသတ္ႀကီးေရာ နာနာဘာဝ ဝိဉာဥ္ေတြနဲ႕ ႀကဳံဆုံခဲ့ဖူးၾကလား မွ်ေဝခဲ့ ပါဦးေနာ္။

Source – May Panche

unicode

သိပ္ပံပညာတွေ ဘယ်လောက် ထွန်း ကားကား သိပ္ပံ နည်းကျ အဖြေရှာမရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကတော့ လူတွေကြုံတွေနေ ရစမြဲပါ။ နာနာဘာဝ ဝိဉာဉ်တွေ လူတွေဘေးမှာ တကယ်ရှိတယ်ဆိုတာ မယုံကြည်သေးတဲ့ သူတွေလည်း ပတ်ဝန်းကျင်မှာ ဒုနဲ့ ဒေးပဲမဟုတ်ပါလား ပရိသတ်ကြီးရေ… တချို့သူတွေ အတွက် ဝိဉာဉ် သရဲတွေကို သေဆုံးသွားတဲ့အထိ မမြင်ဖူးလိုက်ကြတဲ့ သူတွေရှိပေမယ့် တချို့ကံနိမ့်ပြီး လိပ်ပြာလှတဲ့ သူတွေ အတွက်တော့ ဒီလိုသဘာဝနယ်လွန်ဖြစ်ရပ်တွေဆိုတာ လက်တစ်ကမ်းမှာပါပဲနော်။

ပရိသတ်ရဲ့ အချစ်တော် မေပန်းချီ ကတော့ မနေ့ညက သူတို့ အိမ်မှာ ဘယ်သူမှ အိပ်မရအောင် သရဲခြောက်ခံခဲ့ရတဲ့ အကြောင်းကို မျှဝေခဲ့ပါတယ်။ သူကတော့ ညတိုင်းလိုလို ည(၂)နာရီ(၃)နာရီလောက်ဆို အသက်(၃၀)(၄၀)ဝန်းကျင် အမျိုးသမီးတစ်ယောက်ကို တွေ့ရလေ့ရှိပြီး ကိုယ့်ကိုလည်း အန္တရာယ် မပြုတာကြောင့် ဘယ်သူ့ကိုမှလည်း မပြောပြခဲ့ပါဘူး။ ဒါပေမယ့် မနေ့ကညနေက ရေတင်ရင်း အုတ်ကန်ထဲမှာမြွေ တစ်ကောင်တွေ့တာကြောင့် အိမ်ကလူတွေနဲ့ မောင်းထုတ်နေခဲ့ရာက အမှတ်မထင် ညီမဖြစ်သူက အမေဖြစ်သူပုံကို ဓာတ်ပုံရိုက်ခဲ့တယ်လို့ ဆို ပါတယ်။ တစ်အိမ်လုံးနီးပါး ဆံပင်အတိုဖြစ်ပေမယ့်(မိခင်ကိုယ်တိုင်လည်း) ဓာတ်ပုံထဲမှာတော့ ဆံပင်ကျောအလယ်လောက် ရှည်နေတဲ့အပြင် ဘောင်းဘီဒူးဖုံးကလည်း ခြေမျက်စိထိ အရှည်ဖြစ်လို့နေပါတယ်။

အဲ့ဒီ ဓာတ်ပုံရိုက်လိုက်တာ ကတော့ Effect မပါတဲ့ ရိုးရိုး ကင်မရာနဲ့ ရိုက်လိုက်တာပါ။ ဒါပေမယ့် တခြားသူတစ်ယောက် အဖြစ် ဓာတ်ပုံထဲမှာပေါ်လာခဲ့တာပါ။ တိုနေတဲ့ဘောင်းဘီကို ရှည်အောင် ကင်မရာရှုထောင့်ပေါင်းစုံ ကရိုက်လည်း အဖြေရှာမရခဲ့ပါဘူးတဲ့။ ထပ်ပြီးတော့လည်း အန္တရာယ် မပြုဖို့ မေတ္တာပို့ အမျှဝေပြီးနောက် အားသွင်းထားတဲ့ဖုန်းကို ကိုင်လိုက်ရာမှာလည်း ဓာတ်လိုက်ခဲ့တယ် လို့ဆိုပါတယ်။ တစ်ညလုံးလည်း အပုပ်နံ့တွေပေးနေတာကြောင့် တစ်အိမ်လုံးဘယ်သူမှ အိပ်မရခဲ့ပါဘူးတဲ့ ပရိသတ်ကြီးရေ… မေပန်းချီ ကတော့ ဒီအိမ် မှာမွေးကတည်း ကနေ လာတာ မဟုတ်ဘဲ အခုလိုလာရောက်နေထိုင်တဲ့ အချိန်မှာ ဒီလိုတွေဖြစ်နေတာဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။

သူကိုယ်တိုင် ရိပ်ခနဲ ရိပ်ခ နဲမြင်နေတာတော့ ကြာပြီဖြစ်ပေမယ့် ဒီတစ်ခေါက် မှာတော့ ကင်မရာထဲ ပါလာရုံသာမက တစ်ညလုံး အိပ်မရတော့တာကြောင့် သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို မျှဝေခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ… ပရိသတ်ကြီးရော နာနာဘာဝ ဝိဉာဉ်တွေနဲ့ ကြုံဆုံခဲ့ဖူးကြလား မျှဝေခဲ့ ပါဦးနော်။

Source – May Panche

Add a Comment

Your email address will not be published. Required fields are marked *

3 + five =