ျမန္မာႏိုင္ငံ အေပၚကို စီးပိုးဖို႔ ခ်မွတ္ ထားတဲ့ တ႐ုတ္ ရဲ႕ Plan A , B , C (သို႔) မဟာဗ်ဴဟာ တခ်က္ခ်တာ မွားတာနဲ႔ ကြၽန္သက္ ၁၀၀ ရွည္သြားႏိုင္တဲ့ အေျခအေန

ျမန္မာႏိုင္ငံအတြင္းမွ တ႐ုတ္ကုန္သြယ္ထြက္ေပါက္မ်ား ျမန္မာ့ ပင္လယ္ထြက္ေပါက္မွာ စစ္ေတြ ၊ ေက်ာက္ျဖဴ ၊ သံတြဲ ၊ ပုသိမ္ ၊ ရန္ကုန္ ၊ ေမာ္လၿမိဳင္ ၊ထားဝယ္ ၊ ၿမိတ္ ၊ေကာ့ေသာင္း ဆိုၿပီး ဆိပ္ကမ္းေတြတည္ေဆာက္ထား ရွိပါတယ္ ။အဲ့ဒီထဲကမွ ေက်ာက္ျဖဴ ၊ေမာ္လၿမိဳင္၊ ထားဝယ္ ဆိပ္ကမ္းေတြကေတာ့ ေဆာက္လက္စ အျဖစ္ပဲ ရွိပါေသးတယ္ ။ဆိပ္ကမ္းေတြ အားလုံးထဲကမွ လက္ရွိအေနအထားအရ မဟာဗ်ဴဟာအက်ဆုံး ဆိပ္ကမ္းေတြကေတာ့ေက်ာက္ျဖဴ ၊ သီလဝါ ၊ေမာ္လၿမိဳင္ ၊ ထားဝယ္ ေရနက္ဆိပ္ကမ္းတို႔ပဲ ျဖစ္ပါတယ္ ။

တ႐ုတ္ႏိုင္ငံဖက္ကေနေဖာ္ေဆာင္လ်က္ရွိတဲ့ ေခတ္သစ္ပိုးလမ္းမ BRI /OBOR လမ္းေၾကာင္းျဖစ္ေသာေက်ာက္ျဖဴ-မႏၲေလး-ကူမင္ လမ္းေၾကာင္းကလည္း မႏၲေလးက ျဖတ္ပါတယ္ ။
ဘဂၤလားေဒ့ရွ္ ၊တ႐ုတ္၊အိႏၵိယ၊ျမန္မာ့ စီးပြားေရးစၾကၤန္လမ္းBCIM- EC ကလည္း မႏၲေလးက ျဖတ္ပါတယ္ ။ဧရာဝတီျမစ္ဝွမ္းစီမံကိန္းျဖစ္တဲ့ ဧရာဝတီျမစ္ေၾကာင္းတစ္ေလ်ာက္ကေန ကုန္သြယ္မဲ့လမ္းေၾကာင္း ရန္ကုန္-မႏၲေလး-ျမစ္ႀကီးနား-ကူမင္ကလည္း မႏၲေလးက ျဖတ္ပါတယ္ ။

ဒါေၾကာင့္ ၎ကုန္သြယ္ေရးလမ္းေၾကာင္းတို႔၏ ဆုံခ်က္ ျဖစ္တဲ့ မႏၲေလးၿမိဳ႕အနီးမွာ ” ၿမိဳ႕သာစီမံကိန္း ၊အမရပူရစီမံကိန္း”တို႔ဟာ ျမန္မာ- တ႐ုတ္ စီးပြားေရးစၾကၤန္လမ္း CMEC -EC အတြက္တည္ေဆာက္ဖို႔ တ႐ုတ္ဖက္က ရည္စူးတာျဖစ္ပါတယ္ ။ေနာက္တစ္ခုက ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းရွိမယ္ ၊ ျမစ္ႀကီးနားစီးပြားေရးဇုံ စီမံကိန္းေတြ ရွိမယ္ေပါ့ ။ သံလြင္ျမစ္အေရွ႕ျခမ္းစီမံကိန္းေတြကေတာ့ ထားဝယ္ေရနက္ဆိပ္ကမ္း – ကူမင္ ကူသန္းလမ္းေၾကာင္းနဲ႔ ခ်ိတ္ဖို႔ ရည္႐ြယ္ပါတယ္ ။

အခ်က္အျခာက်တဲ့ ေက်ာက္ျဖဴ ၊ ရန္ကုန္ ႏွင့္ မႏၲေလး ကို ခ်ဳပ္ကိုင္ထားႏိုင္ရင္ျမန္မာ့စီးပြားေရးတက္ျခင္းက်ျခင္းေတြကိုပါ ထိန္းခ်ဳပ္လို႔ ရေနႏိုင္ပါၿပီ။ျမန္မာ့ႏိုင္ငံရဲ႕ ပထဝီႏိုင္ငံေရး အခ်က္အျခာက်တဲ့ေနရာေတြကို ဆုပ္ကိုင္ထားၿပီးျမန္မာ့စီးပြားေရးကိုပါ ခ်ဳပ္ကိုင္ထားလို႔ရတဲ့ အေနအထားအခင္းအက်င္းဆိုတာ ျမင္ယုံနဲ႔ သိသာပါတယ္ ။တနည္း ျမန္မာ့ပထဝီႏိုင္ငံေရး အခ်က္အျခာက်တဲ့ေနရာကို ေျခကုပ္ယူထားၿပီး စီးပြားေရးကို ခ်ဳပ္ကိုင္ထားႏိုင္ရင္ က်ည္တခ်က္ေဖာက္စရာမလိုဘဲ ျမန္မာျပည္ကို သိမ္းပိုက္ႏိုင္ျခင္းပါပဲ ။ျမန္မာႏိုင္ငံအေပၚကို စီးပိုးဖို႔ ခ်မွတ္ထားတဲ့ တ႐ုတ္ရဲ႕ Plan A , B , C ဆိုရင္လည္း မမွားပါဘူး။လမ္းေၾကာင္းတစ္ခုမရရင္ ေနာက္လမ္းေၾကာင္း တစ္ခုနဲ႔သြားမဲ့ အႀကံအစည္မ်ိဳးပါ ။

အဆုံးစြန္ဆုံး တ႐ုတ္ဟာ ေက်ာက္ျဖဴကို လက္လႊတ္ရသည့္တိုင္ေအာင္ ၊ဧရာဝတီျမစ္ဝွမ္းစီမံကိန္း အေကာင္အထည္ေဖာ္ခြင့္မရသည့္တိုင္ေအာင္ ၊၎တို႔ႏွင့္ဆက္စပ္ေသာ ၿမိဳ႕ျပစီမံကိန္းေတြ အေကာင္အထည္ေဖာ္ခြင့္မရသည့္တိုင္ေအာင္ထားဝယ္ေရနက္ဆိပ္ကမ္း မွ ကူမင္ကို ကုန္သြယ္လို႔ ရပါတယ္ ။ဒါဆို ဘာလို႔ တ႐ုတ္ဟာ ​ေက်ာက္ျဖဴတို႔ ၊ ဧရာဝတီျမစ္ဝွမ္းစီမံကိန္းတို႔ ၊၎တို႔ႏွင့္ဆက္စပ္ေသာ ၿမိဳ႕ျပစီမံကိန္းေတြအေပၚမွာ အသည္းအသန္ျဖစ္ေနရသလဲဆိုတာ တခ်က္ေတြးၾကည့္ရေအာင္ ။

မလကၠာ ေရလက္ၾကားဟာလည္း စစ္ေရးအေနတင္းမာလာၿပီျဖစ္တဲ့အတြက္ လက္ရွိသြယ္တန္းထားတဲ့ ေက်ာက္ျဖဴ- ကူမင္ ေလာင္စာပိုက္လိုင္းဟာလည္း အေနအထားတစ္ခု တင္းမာရင္ ပိတ္ဆို႔သြားႏိုင္တာပါပဲ။ဒါေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ပထဝီႏိုင္ငံေရးအခ်က္အျခာက်တဲ့ေနရာေတြကို ေျခကုပ္ယူထားႏိုင္ၿပီးျမန္မာ့စီးပြားေရးအေပၚမွာ ရာခိုင္ႏႈန္း အေတာ္မ်ားမ်ားလႊမ္းမိုးခ်ဳပ္ကိုင္ထားႏိုင္ပါမွအိႏၵိယသမုဒၵရာေရပိုင္နက္ စိုးမိုးေရးကို ထိန္းခ်ဳပ္ထားႏိုင္မွာျဖစ္တဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္ ။

ဒီအေရးေတြကို ျပည္သူ႔ အစိုးရမွ ေကာင္းမြန္စြာ ကိုင္တြယ္ႏိုင္လိမ့္မည္ဟု ေမွ်ာ္မွန္းရပါတယ္။သတိႀကီးႀကီးထားၿပီး ေဆာင္႐ြက္လိမ့္မယ္လို႔လည္း ယုံၾကည္ပါတယ္ ။သို႔မဟုတ္ရင္ မဟာဗ်ဴဟာ တခ်က္ခ်တာ မွားတာနဲ႔ ကြၽန္သက္ ၁၀၀ ဆိုလည္း မမွားပါဘူး ။ျမန္မာကို ကမာၻကေစာင့္ၾကည့္ေနတဲ့အခ်က္ ဤမွ်သာ –

unicode

မြန်မာနိုင်ငံ အပေါ်ကို စီးပိုးဖို့ ချမှတ် ထားတဲ့ တရုတ် ရဲ့ Plan A , B , C (သို့) မဟာဗျူဟာ တချက်ချတာ မှားတာနဲ့ ကျွန်သက် ၁၀၀ ရှည်သွားနိုင်တဲ့ အခြေအနေ

မြန်မာနိုင်ငံအတွင်းမှ တရုတ်ကုန်သွယ်ထွက်ပေါက်များ မြန်မာ့ ပင်လယ်ထွက်ပေါက်မှာ စစ်တွေ ၊ ကျောက်ဖြူ ၊ သံတွဲ ၊ ပုသိမ် ၊ ရန်ကုန် ၊ မော်လမြိုင် ၊ထားဝယ် ၊ မြိတ် ၊ကော့သောင်း ဆိုပြီး ဆိပ်ကမ်းတွေတည်ဆောက်ထား ရှိပါတယ် ။အဲ့ဒီထဲကမှ ကျောက်ဖြူ ၊မော်လမြိုင်၊ ထားဝယ် ဆိပ်ကမ်းတွေကတော့ ဆောက်လက်စ အဖြစ်ပဲ ရှိပါသေးတယ် ။ဆိပ်ကမ်းတွေ အားလုံးထဲကမှ လက်ရှိအနေအထားအရ မဟာဗျူဟာအကျဆုံး ဆိပ်ကမ်းတွေကတော့ကျောက်ဖြူ ၊ သီလဝါ ၊မော်လမြိုင် ၊ ထားဝယ် ရေနက်ဆိပ်ကမ်းတို့ပဲ ဖြစ်ပါတယ် ။

တရုတ်နိုင်ငံဖက်ကနေဖော်ဆောင်လျက်ရှိတဲ့ ခေတ်သစ်ပိုးလမ်းမ BRI /OBOR လမ်းကြောင်းဖြစ်သောကျောက်ဖြူ-မန္တလေး-ကူမင် လမ်းကြောင်းကလည်း မန္တလေးက ဖြတ်ပါတယ် ။
ဘင်္ဂလားဒေ့ရှ် ၊တရုတ်၊အိန္ဒိယ၊မြန်မာ့ စီးပွားရေးစင်္ကြန်လမ်းBCIM- EC ကလည်း မန္တလေးက ဖြတ်ပါတယ် ။ဧရာဝတီမြစ်ဝှမ်းစီမံကိန်းဖြစ်တဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျောက်ကနေ ကုန်သွယ်မဲ့လမ်းကြောင်း ရန်ကုန်-မန္တလေး-မြစ်ကြီးနား-ကူမင်ကလည်း မန္တလေးက ဖြတ်ပါတယ် ။

ဒါကြောင့် ၎င်းကုန်သွယ်ရေးလမ်းကြောင်းတို့၏ ဆုံချက် ဖြစ်တဲ့ မန္တလေးမြို့အနီးမှာ ” မြို့သာစီမံကိန်း ၊အမရပူရစီမံကိန်း”တို့ဟာ မြန်မာ- တရုတ် စီးပွားရေးစင်္ကြန်လမ်း CMEC -EC အတွက်တည်ဆောက်ဖို့ တရုတ်ဖက်က ရည်စူးတာဖြစ်ပါတယ် ။နောက်တစ်ခုက ရန်ကုန်မြို့သစ်စီမံကိန်းရှိမယ် ၊ မြစ်ကြီးနားစီးပွားရေးဇုံ စီမံကိန်းတွေ ရှိမယ်ပေါ့ ။ သံလွင်မြစ်အရှေ့ခြမ်းစီမံကိန်းတွေကတော့ ထားဝယ်ရေနက်ဆိပ်ကမ်း – ကူမင် ကူသန်းလမ်းကြောင်းနဲ့ ချိတ်ဖို့ ရည်ရွယ်ပါတယ် ။

အချက်အခြာကျတဲ့ ကျောက်ဖြူ ၊ ရန်ကုန် နှင့် မန္တလေး ကို ချုပ်ကိုင်ထားနိုင်ရင်မြန်မာ့စီးပွားရေးတက်ခြင်းကျခြင်းတွေကိုပါ ထိန်းချုပ်လို့ ရနေနိုင်ပါပြီ။မြန်မာ့နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အချက်အခြာကျတဲ့နေရာတွေကို ဆုပ်ကိုင်ထားပြီးမြန်မာ့စီးပွားရေးကိုပါ ချုပ်ကိုင်ထားလို့ရတဲ့ အနေအထားအခင်းအကျင်းဆိုတာ မြင်ယုံနဲ့ သိသာပါတယ် ။တနည်း မြန်မာ့ပထဝီနိုင်ငံရေး အချက်အခြာကျတဲ့နေရာကို ခြေကုပ်ယူထားပြီး စီးပွားရေးကို ချုပ်ကိုင်ထားနိုင်ရင် ကျည်တချက်ဖောက်စရာမလိုဘဲ မြန်မာပြည်ကို သိမ်းပိုက်နိုင်ခြင်းပါပဲ ။မြန်မာနိုင်ငံအပေါ်ကို စီးပိုးဖို့ ချမှတ်ထားတဲ့ တရုတ်ရဲ့ Plan A , B , C ဆိုရင်လည်း မမှားပါဘူး။လမ်းကြောင်းတစ်ခုမရရင် နောက်လမ်းကြောင်း တစ်ခုနဲ့သွားမဲ့ အကြံအစည်မျိုးပါ ။

အဆုံးစွန်ဆုံး တရုတ်ဟာ ကျောက်ဖြူကို လက်လွှတ်ရသည့်တိုင်အောင် ၊ဧရာဝတီမြစ်ဝှမ်းစီမံကိန်း အကောင်အထည်ဖော်ခွင့်မရသည့်တိုင်အောင် ၊၎င်းတို့နှင့်ဆက်စပ်သော မြို့ပြစီမံကိန်းတွေ အကောင်အထည်ဖော်ခွင့်မရသည့်တိုင်အောင်ထားဝယ်ရေနက်ဆိပ်ကမ်း မှ ကူမင်ကို ကုန်သွယ်လို့ ရပါတယ် ။ဒါဆို ဘာလို့ တရုတ်ဟာ ​ကျောက်ဖြူတို့ ၊ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းတို့ ၊၎င်းတို့နှင့်ဆက်စပ်သော မြို့ပြစီမံကိန်းတွေအပေါ်မှာ အသည်းအသန်ဖြစ်နေရသလဲဆိုတာ တချက်တွေးကြည့်ရအောင် ။

မလက္ကာ ရေလက်ကြားဟာလည်း စစ်ရေးအနေတင်းမာလာပြီဖြစ်တဲ့အတွက် လက်ရှိသွယ်တန်းထားတဲ့ ကျောက်ဖြူ- ကူမင် လောင်စာပိုက်လိုင်းဟာလည်း အနေအထားတစ်ခု တင်းမာရင် ပိတ်ဆို့သွားနိုင်တာပါပဲ။ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအချက်အခြာကျတဲ့နေရာတွေကို ခြေကုပ်ယူထားနိုင်ပြီးမြန်မာ့စီးပွားရေးအပေါ်မှာ ရာခိုင်နှုန်း အတော်များများလွှမ်းမိုးချုပ်ကိုင်ထားနိုင်ပါမှအိန္ဒိယသမုဒ္ဒရာရေပိုင်နက် စိုးမိုးရေးကို ထိန်းချုပ်ထားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ် ။

ဒီအရေးတွေကို ပြည်သူ့ အစိုးရမှ ကောင်းမွန်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု မျှော်မှန်းရပါတယ်။သတိကြီးကြီးထားပြီး ဆောင်ရွက်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ။သို့မဟုတ်ရင် မဟာဗျူဟာ တချက်ချတာ မှားတာနဲ့ ကျွန်သက် ၁၀၀ ဆိုလည်း မမှားပါဘူး ။မြန်မာကို ကမ္ဘာကစောင့်ကြည့်နေတဲ့အချက် ဤမျှသာ –

Add a Comment

Your email address will not be published. Required fields are marked *

three × 4 =