အိမ်ခြေ (၁၀၀)ကျော် ကို ဆန်၊ဆီ နဲ့ ငွေကြေးများ တတ်နိုင် သလောက်လှူဒါန်း ခဲ့တဲ့ ဒိန်းဒေါင်
|အိမ်ခြေ (၁၀၀)ကျော် ကို ဆန်၊ဆီ နဲ့ ငွေကြေးများ တတ်နိုင် သလောက်လှူဒါန်း ခဲ့တဲ့ ဒိန်းဒေါင်
ပရိသတ်ကြီးရေ ဒိန်းဒေါင် ကတော့ ဟာသလူရွှင်တော် တစ်ယောက်အပြင် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အောင်မြင်စွာနဲ့ရပ်တည်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုရမှာပါ။ဒိန်းဒေါင်ကတော့ အလှူအတန်းရက်ရောသူဖြစ်တာကြောင့် မကြာခဏဆိုသလို လှူဒါန်းမှုတွေပြုလုပ်နေသူ တစ်ဦးဖြစ်ပါတယ်။
ဒိန်းဒေါင်ကတော့ အခုလို Covid-19 ကာလမှာ ဆိုရင်လည်း လိုအပ်တဲ့နေရာတွေအတွက် သူတတ်နိုင်တဲ့ ဘက်ကနေပြီး လှူဒါန်းမှုတွေပြုခဲ့ပါတယ်။ဒီနေ့မှာဆိုရင်လည်း အိမ်ခြေ(၁၀၀)ကျော်ကို ဆန်၊ဆီနဲ့ငွေကြေးများကို တတ်နိုင်သလောက်လှူဒါန်းခဲ့တဲ့အကြောင်းကကို သူ့ရဲ့ လှူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထား ပါတယ်။
ဒိန်းဒေါင်ကတော့ “ဆန်3ပြည် ဆီ55ကျပ်သား ငွေ3000ကျပ် အိမ်ခြေ100ကျော်တို့အားလှူဒန်းပြီးပါပြီအလှူရှင်များကူညီပေးကြသောပရဟိတညီကိုမောင်နှမများအားလုံးသာဓုပါ”ဆိုပြီး သူ့ရဲ့အလှူပုံရိပ်လေးကို မျှဝေပေးထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း ဒိန်းဒေါင်ရဲ့ အလှူအတွက် သာဓုခေါ်ဆိုပေး ခဲ့ပါအုံးနော်..။
Source-Dain Daung