မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ရထားလမ္း ေရေက်ာ္ေနသျဖင့္ ရန္ကုန္-မႏၲေလး ရထား ခရီးစဥ္ ယာယီပိတ္ထားရ

ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္ ေတာ္ဝိဘူတာ ႏွင့္ ပိန္းဇလုပ္ဘူတာၾကား မိုင္တိုင္အမွတ္ ၉၈/၅-၁၅ ၾကားရွိ တံတားအမွတ္ (၁၃၆) တြင္ ယမန္ေန႔ရက္မ်ားကမိုးသည္းထန္စြာ ႐ြာသြန္းခဲ့ရာ ရထား လမ္းေရေက်ာ္တိုက္စားမႈ ျဖစ္ခဲ့သည့္အတြက္ ရန္ကုန္ – မႏၲေလး ရထားခရီးစဥ္ကို ယာယီပိတ္ထားရ ေၾကာင္း ျမန္မာ့မီးရထား တိုင္း ၇ က သိရသည္။

ဩဂုတ္လ ၄ ရက္ နံနက္ ၈ နာရီ ၂၁ မိနစ္မွ စ၍ ရထားလမ္း ပိတ္ထားခဲ့ရၿပီး ေရေက်ာ္ေနသည့္ ေနရာသို႔ ျမန္မာ့မီးရထား ႐ုံးခ်ဳပ္ တာဝန္ရွိသူမ်ားႏွင့္ အမွတ္(၆)တိုင္းမွ တာဝန္ ရွိသူမ်ား ေရာက္ရွိ ခဲ့ၿပီး စစ္ေဆးရာ ျပန္လည္ဖြင့္လွစ္ႏိုင္ျခင္း မရွိေသးသျဖင့္ ယေန႔ ရန္ကုန္-မႏၲေလးခရီးစဥ္ ေျပးဆြဲမည့္ အမွတ္(၅) အဆန္ အျမန္ရထားႏွင့္ အမွတ္ (၃)အဆန္အျမန္ရထားခရီးစဥ္တို႔ကို ယာယီ ဖ်က္သိမ္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရ သည္။

ခရီးစဥ္ဖ်က္သိမ္းခဲ့ရသည့္ အတြက္ လက္မွတ္ခေငြမ်ားကို ျပန္အမ္းေပးသြားမည္ ျဖစ္ေၾကာင္းႏွင့္ ရထား လမ္းပိုင္း အျမန္ဆုံး ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ျမန္မာ့မီးရထား တာဝန္ ရွိသူမ်ားမွ ေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္းလည္း သိရသည္။

ျပည္ျမန္မာ

unicode

မိုးသည်းထန်စွာ ရွာသွန်းပြီး ရထားလမ်း ရေကျော်နေသဖြင့် ရန်ကုန်-မန္တလေး ရထား ခရီးစဉ် ယာယီပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တော်ဝိဘူတာ နှင့် ပိန်းဇလုပ်ဘူတာကြား မိုင်တိုင်အမှတ် ၉၈/၅-၁၅ ကြားရှိ တံတားအမှတ် (၁၃၆) တွင် ယမန်နေ့ရက်များကမိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရထား လမ်းရေကျော်တိုက်စားမှု ဖြစ်ခဲ့သည့်အတွက် ရန်ကုန် – မန္တလေး ရထားခရီးစဉ်ကို ယာယီပိတ်ထားရ ကြောင်း မြန်မာ့မီးရထား တိုင်း ၇ က သိရသည်။

ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီ ၂၁ မိနစ်မှ စ၍ ရထားလမ်း ပိတ်ထားခဲ့ရပြီး ရေကျော်နေသည့် နေရာသို့ မြန်မာ့မီးရထား ရုံးချုပ် တာဝန်ရှိသူများနှင့် အမှတ်(၆)တိုင်းမှ တာဝန် ရှိသူများ ရောက်ရှိ ခဲ့ပြီး စစ်ဆေးရာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ယနေ့ ရန်ကုန်-မန္တလေးခရီးစဉ် ပြေးဆွဲမည့် အမှတ်(၅) အဆန် အမြန်ရထားနှင့် အမှတ် (၃)အဆန်အမြန်ရထားခရီးစဉ်တို့ကို ယာယီ ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ခရီးစဉ်ဖျက်သိမ်းခဲ့ရသည့် အတွက် လက်မှတ်ခငွေများကို ပြန်အမ်းပေးသွားမည် ဖြစ်ကြောင်းနှင့် ရထား လမ်းပိုင်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ့မီးရထား တာဝန် ရှိသူများမှ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *

two + 9 =