လူ႔သက္တမ္း ႏွစ္ (၈၀) မွာ (၁၂) ႀကိမ္သာ မဲေပးခြင့္ရွိလို႔ အသုံးခ်ေစခ်င္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း

ငါးႏွစ္မွာမွတစ္ရက္အခ်ိန္ေပးရတဲ့တာဝန္ကိုေက်ပြန္ေအာင္ႏိုင္ငံသားတိုင္းက လုပ္ဖို႔လိုပါတယ္တယ္ လို႔လည္း အတိုင္ပင္ခံက ေျပာခဲ့ပါေသးတယ္။လူတို႔ရဲ႕သက္တမ္းကို ႏွစ္၈၀နဲ႔ တြက္ရင္ေတာင္ ဆႏၵမဲေပးပိုင္ခြင့္ အလြန္ဆုံး ၁၂ႀကိမ္သာရွိတဲ့အတြက္ ဒီအခြင့္အေရးကို အသုံးခ်ၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔ျပဳလုပ္တဲ့ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရးအြန္လိုင္းေဆြးေႏြးပြဲမွာ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

“ကြၽန္မတြက္တယ္ ။ လူတစ္ေယာက္ရဲ႕ ဘဝမွာ အသက္၁၈ႏွစ္ကေနစၿပီး မဲေပးမယ္ ။ ေ႐ြးေကာက္ပြဲ ကို ၅ႏွစ္ တစ္ႀကိမ္လုပ္မယ္ဆိုရင္ အသက္၈၀အထိ ေနရင္ေတာင္မွ ၁၂ႀကိမ္ပဲ မဲေပးပိုင္ခြင့္ရွိပါတယ္ ။ အဲဒီေတာ့ စဥ္းစားလိုက္မယ္ဆိုရင္ အသက္၈၀အတြင္းမွာ ၁၂ရက္ပဲ ကိုယ့္ႏိုင္ငံရဲ႕ အနာဂတ္အတြက္၊ ကိုယ့္ႏိုင္ငံရဲ႕ တိုးတက္မႈအတြက္ ေ႐ြးေကာက္ပြဲအရလုပ္ပိုင္ခြင့္အရ ၁၂ႀကိမ္ပဲ။ ဒီ၁၂ႀကိမ္မွာ ၁၂ရက္ ေလးကို အသုံးခ်ေစခ်င္တယ္ ။ အေကာင္းဆုံးအသုံးခ်ႏိုင္ေအာင္လည္း ကြၽန္မတို႔အစိုးရက ကူညီေပးဖို႔ ၊ အေျခအေနေတြ စီစဥ္ေပးဖို႔ တာဝန္ရွိပါတယ္ “ လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္ ။ COVID-19 ကာကြယ္ ၊ ထိန္းခ်ဳပ္ ၊ ကုသေရးကာလမွာ ေ႐ြးေကာက္ပြဲ က်င္းပေအာင္ျမင္ခဲ့တဲ့ စကၤာပူ ၊ ကိုရီးယားႏိုင္ငံေတြလိုပဲ ေ႐ြးေကာက္ပြဲေအာင္ျမင္ဖို႔ဆိုတာ ေငြေၾကးခ်မ္းသာႂကြယ္ဝမႈအေပၚ အေျခမတည္ဘဲ ျမန္မာႏိုင္ငံသားတို႔ရဲ႕ တာဝန္ ၊ စည္းကမ္း ၊ သစၥာတရားမ်ားနဲ႔ ျပသခ်င္တယ္လို႔ အတိုင္ပင္ခံက ဆိုပါတယ္။

“ အခု ျမန္မာႏိုင္ငံမွာ အခုထိက ကိုဗစ္ကို ထိန္းခ်ဳပ္ႏိုင္တယ္။ ဆက္ၿပီးေတာ့လည္း ဘယ္ေလာက္ ခရီးရွည္ဦးမလဲ မသိဘူး ။ အဲဒီၾကားထဲ ေ႐ြးေကာက္ပြဲက ပါလာေတာ့ ကြၽန္မကေတာ့ ျပည္သူျပည္သားေတြရဲ႕အခြင့္အေရးနဲ႔ တာဝန္အရေရာ ၊ ကြၽန္မတို႔ႏိုင္ငံရဲ႕သိကၡာအရေရာ ဒီေ႐ြးေကာက္ပြဲကို ေအာင္ေအာင္ျမင္ျမင္နဲ႔ က်န္းမာေရးအရေရာ လုံလုံၿခဳံၿခဳံက်င္းပႏိုင္တယ္ဆိုတာ ျပခ်င္တယ္ ။ ကြၽန္မတို႔ရဲ႕ တာဝန္သိမႈ ၊ ကြၽန္မတို႔ရဲ႕ စည္းကမ္းထိန္းသိမ္းမႈ ၊ ကြၽန္မတို႔ရဲ႕ ႏိုင္ငံအေပၚမွာ သစၥာေစာင့္သိမႈ ဒီအေပၚမွာ အေျခခံၿပီး ေအာင္ျမင္ေအာင္ လုပ္သြားႏိုင္တယ္ဆိုတာ ျပခ်င္ပါတယ္ “ လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္ ။

ဒါ့အျပင္ ႏိုင္ငံသားေတြအေနနဲ႔ မဲမေပးဘဲ စနစ္ကိုအေၾကာင္းျပေနျခင္းက တာဝန္မဲ့တဲ့ လုပ္ရပ္ ျဖစ္ေၾကာင္းလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္က ေထာက္ျပေျပာဆိုခဲ့ပါေသးတယ္။“ ကိုယ့္ႏိုင္ငံအတြက္ တာဝန္ယူခ်င္တဲ့စိတ္က လူတိုင္းလူတိုင္းမွာရွိရမယ္ ။ ကိုယ္ႀကိဳက္သလိုမဲေပးရမယ္။ ဒါေပမယ့္ မဲမေပးဘဲနဲ႔ေတာ့ ဒီစနစ္ႀကီးကို မႀကိဳက္ဘူး ၊ ဟိုဟာမႀကိဳက္ဘူးတို႔ ဒီဟာမႀကိဳက္ဘူးတို႔ေျပာတာ အင္မတန္တာဝန္မဲ့တာပဲ ။ ငါးႏွစ္မွာမွ တစ္ရက္အခ်ိန္ေပးရတဲ့ တာဝန္ကို ေက်ပြန္ေအာင္ ႏိုင္ငံသူႏိုင္ငံသားအားလုံးက လုပ္ဖို႔လိုပါတယ္ “ လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္ ။

ဒါေၾကာင့္ ျပည္သူလူထုရဲ႕အခြင့္အေရးအျပည့္အဝရရွိေအာင္ ေဆာင္႐ြက္ေပးဖို႔ သက္ဆိုင္ရာ ဌာနအသီးသီးက ပူးေပါင္းေဆာင္႐ြက္ေပးဖို႔နဲ႔ တာဝန္ေက်ပြန္ေအာင္ ေဆာင္႐ြက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ႏိုင္ငံေတာ္အတိုပင္ခံပုဂၢိဳလ္က ေျပာၾကားခဲ့ပါတယ္ ။

ဒီေန႔ ၾသဂုတ္လ ၅ရက္မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂိုလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ အလုပ္သမား ၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ဦးျမင့္ႏိုင္ ၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရဲ႕ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးထက္ေအာင္တို႔က COVID-19 ကာကြယ္ ၊ ထိန္းခ်ဳပ္ ၊ ကုသေရးကာလတြင္ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ေနမႈမ်ားနဲ႔စပ္လ်ဥ္းၿပီး အြန္လိုင္း ေဆြးေႏြးပြဲျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

unicode

လူ့သက်တမ်း နှစ် (၈၀) မှာ (၁၂) ကြိမ်သာ မဲပေးခွင့်ရှိလို့ အသုံးချစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ငါးနှစ်မှာမှတစ်ရက်အချိန်ပေးရတဲ့တာဝန်ကိုကျေပွန်အောင်နိုင်ငံသားတိုင်းက လုပ်ဖို့လိုပါတယ်တယ် လို့လည်း အတိုင်ပင်ခံက ပြောခဲ့ပါသေးတယ်။လူတို့ရဲ့သက်တမ်းကို နှစ်၈၀နဲ့ တွက်ရင်တောင် ဆန္ဒမဲပေးပိုင်ခွင့် အလွန်ဆုံး ၁၂ကြိမ်သာရှိတဲ့အတွက် ဒီအခွင့်အရေးကို အသုံးချကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအွန်လိုင်းဆွေးနွေးပွဲမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

“ကျွန်မတွက်တယ် ။ လူတစ်ယောက်ရဲ့ ဘဝမှာ အသက်၁၈နှစ်ကနေစပြီး မဲပေးမယ် ။ ရွေးကောက်ပွဲ ကို ၅နှစ် တစ်ကြိမ်လုပ်မယ်ဆိုရင် အသက်၈၀အထိ နေရင်တောင်မှ ၁၂ကြိမ်ပဲ မဲပေးပိုင်ခွင့်ရှိပါတယ် ။ အဲဒီတော့ စဉ်းစားလိုက်မယ်ဆိုရင် အသက်၈၀အတွင်းမှာ ၁၂ရက်ပဲ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက်၊ ကိုယ့်နိုင်ငံရဲ့ တိုးတက်မှုအတွက် ရွေးကောက်ပွဲအရလုပ်ပိုင်ခွင့်အရ ၁၂ကြိမ်ပဲ။ ဒီ၁၂ကြိမ်မှာ ၁၂ရက် လေးကို အသုံးချစေချင်တယ် ။ အကောင်းဆုံးအသုံးချနိုင်အောင်လည်း ကျွန်မတို့အစိုးရက ကူညီပေးဖို့ ၊ အခြေအနေတွေ စီစဉ်ပေးဖို့ တာဝန်ရှိပါတယ် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။ COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးကာလမှာ ရွေးကောက်ပွဲ ကျင်းပအောင်မြင်ခဲ့တဲ့ စင်္ကာပူ ၊ ကိုရီးယားနိုင်ငံတွေလိုပဲ ရွေးကောက်ပွဲအောင်မြင်ဖို့ဆိုတာ ငွေကြေးချမ်းသာကြွယ်ဝမှုအပေါ် အခြေမတည်ဘဲ မြန်မာနိုင်ငံသားတို့ရဲ့ တာဝန် ၊ စည်းကမ်း ၊ သစ္စာတရားများနဲ့ ပြသချင်တယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။

“ အခု မြန်မာနိုင်ငံမှာ အခုထိက ကိုဗစ်ကို ထိန်းချုပ်နိုင်တယ်။ ဆက်ပြီးတော့လည်း ဘယ်လောက် ခရီးရှည်ဦးမလဲ မသိဘူး ။ အဲဒီကြားထဲ ရွေးကောက်ပွဲက ပါလာတော့ ကျွန်မကတော့ ပြည်သူပြည်သားတွေရဲ့အခွင့်အရေးနဲ့ တာဝန်အရရော ၊ ကျွန်မတို့နိုင်ငံရဲ့သိက္ခာအရရော ဒီရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျန်းမာရေးအရရော လုံလုံခြုံခြုံကျင်းပနိုင်တယ်ဆိုတာ ပြချင်တယ် ။ ကျွန်မတို့ရဲ့ တာဝန်သိမှု ၊ ကျွန်မတို့ရဲ့ စည်းကမ်းထိန်းသိမ်းမှု ၊ ကျွန်မတို့ရဲ့ နိုင်ငံအပေါ်မှာ သစ္စာစောင့်သိမှု ဒီအပေါ်မှာ အခြေခံပြီး အောင်မြင်အောင် လုပ်သွားနိုင်တယ်ဆိုတာ ပြချင်ပါတယ် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။

ဒါ့အပြင် နိုင်ငံသားတွေအနေနဲ့ မဲမပေးဘဲ စနစ်ကိုအကြောင်းပြနေခြင်းက တာဝန်မဲ့တဲ့ လုပ်ရပ် ဖြစ်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထောက်ပြပြောဆိုခဲ့ပါသေးတယ်။“ ကိုယ့်နိုင်ငံအတွက် တာဝန်ယူချင်တဲ့စိတ်က လူတိုင်းလူတိုင်းမှာရှိရမယ် ။ ကိုယ်ကြိုက်သလိုမဲပေးရမယ်။ ဒါပေမယ့် မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကို မကြိုက်ဘူး ၊ ဟိုဟာမကြိုက်ဘူးတို့ ဒီဟာမကြိုက်ဘူးတို့ပြောတာ အင်မတန်တာဝန်မဲ့တာပဲ ။ ငါးနှစ်မှာမှ တစ်ရက်အချိန်ပေးရတဲ့ တာဝန်ကို ကျေပွန်အောင် နိုင်ငံသူနိုင်ငံသားအားလုံးက လုပ်ဖို့လိုပါတယ် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။

ဒါကြောင့် ပြည်သူလူထုရဲ့အခွင့်အရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ ဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်အတိုပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ် ။

ဒီနေ့ သြဂုတ်လ ၅ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်တို့က COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးကာလတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနဲ့စပ်လျဉ်းပြီး အွန်လိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *

three × 1 =