ယန္လိမန္း Li-Meng Yan (သို႔မဟုတ္) ကမာၻကို ကိုင္လႈပ္ေသာ ထိုဆက္ရက္(Covid ကိစၥမွာ တ႐ုတ္ဘက္ကေန အေမရိကန္ဘက္ေျပးလာသူ)

ယန္လိမန္း (Li-Meng Yan) ဆိုတာ တ႐ုတ္ ပိုးမႊားေဗဒပညာရွင္အမ်ိဳးသမီးတစ္ေယာက္ပါ။သူမဟာ ဧၿပီလ ၂၈ ရက္ေန႔မွာ အေမရိကန္ျပည္ေထာင္စုဘက္ကို ထြက္ေျပးခဲ့ပါတယ္။Fox News နဲ႔ေတြ႕ဆုံရာမွာ သူမအေနနဲ႔ Covid-19 ေရာဂါပိုးဟာ တ႐ုတ္စစ္ဘက္ဆိုင္ရာဓာတ္ခြဲခန္းတစ္ခုမွာစတင္ခဲ့ၿပီး တ႐ုတ္အာဏာပိုင္ေတြက #အဲ့ဒီအခ်က္ကိုဖုံးကြယ္ထားတယ္လို႔သူမယုံၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ဒီေနရာမွာ က်ေနာ္တို႔သိထားရမွာက ဒါဟာ တ႐ုတ္ေရာဂါပိုးမႊားပညာရွင္တစ္ေယာက္ရဲ႕ ယုံၾကည္ခ်က္သာျဖစ္ပါတယ္။တကယ္ဟုတ္မဟုတ္ေျပာလို႔မရေသးပါ။သို႔ေသာ္ Covid-19 နဲ႔ပက္သက္လို႔ #သူမဘယ္ေလာက္ထဲထဲဝင္ဝင္သိထားသလဲက တကမာၻလုံးအတြက္အေရးႀကီးပါတယ္။အခုအခ်ိန္အထိ သူမအေၾကာင္းကို Reuters လို သတင္းဌာနမ်ိဳးက ေသေသခ်ာခ်ာမေရးေသးတဲ့အတြက္ရထားတဲ့သတင္းအတိုအစေတြကို စုၿပီးတင္ျပလိုက္ပါတယ္။သူ႔အေၾကာင္းကို ဇူလိုင္လ ၁၂ ရက္ေန႔ msn သတင္းမွာ ဖတ္ခဲ့ဖူးပါတယ္။သူမဟာ ထိုင္ဝမ္သတင္းဌာနနဲ႔လည္း အင္တာဗ်ဴးထားသလို စပိန္ေန႔စဥ္သတင္းစာ El Mundo နဲ႔လည္းဇူလိုင္လထဲမွာ အင္တာဗ်ဴးထားတာေတြ႕ရပါတယ္။

သူမဟာ 🇨🇳 တ႐ုတ္ျပည္ Central South University of China ကေန ေဆးပညာ MD ဘြဲ႕ရရွိခဲ့ပါတယ္။Southern Medical University of China ကေန PhD ဘြဲ႕ရထားတာပါ။Covid-19 ျဖစ္ခ်ိန္မွာ 🇭🇰 ေဟာင္ေကာင္တကၠသိုလ္ရွိ ျပည္သူ႔က်န္းမာေရးေဆးပညာေက်ာင္းမွာေရာဂါ ပိုးမႊားေဗဒနဲ႔ ေရာဂါခံႏိုင္အားေဗဒ ကြၽမ္းက်င္ပညာရွင္အျဖစ္ တာဝန္ထမ္းေဆာင္ေနတာ ျဖစ္ပါတယ္။သူမရဲ႕ယုံၾကည္ထားခ်က္မ်ား…တ႐ုတ္အစိုးရေရာ WHO အဖြဲ႕ႀကီးကေရာ Covid-19 ဟာ #လူအခ်င္းခ်င္းကူးစက္ႏိုင္တယ္ဆိုတာသတင္းေတြမထြက္လာခင္ အေစာႀကီးကတည္းက သိထားတာကို သတင္းထိမ္ခ်န္ထားတယ္။အကယ္၍ ဒီအခ်က္ကို ေစာေစာစီးစီး ကမာၻကိုအသိေပးခဲ့ရင္ အခုလို လူေပါင္းမ်ားစြာ အသက္ဆုံးရႈံးမွာမဟုတ္ဘူး။တ႐ုတ္စစ္ဘက္ဓာတ္ခြဲခန္းရွိ က်ိဳးရွန္းလင္းႏို႔ဗိုင္းရပ္စ္ (Zhoushan bat virus) နဲ႔ Covid-19 ကို ျဖစ္ေစတဲ့Sars-CoV-2 ဗိုင္းရပ္စ္တို႔က E ပ႐ိုတိန္း ၁၀၀ ရာႏႈန္းတူညီတယ္လို႔ သူမက ယုံၾကည္ထားပါတယ္။

သူမရဲ႕ေျပာၾကားခ်က္မ်ား….ဝူဟန႔္ၿမိဳ႕မွာ Covid-19 စျဖစ္ေတာ့ ကမာၻမွာ ပထမဦးဆုံးေလ့လာခြင့္ရတဲ့ ပညာရွင္ေတြထဲမွာ သူမလည္းပါပါတယ္တဲ့။ေဟာင္ေကာင္တကၠသိုလ္ရွိ WHO ရဲ႕ ၫႊန္းဆိုဓာတ္ခြဲခန္း (reference lab) မွသူမရဲ႕ အထက္အရာရွိ Dr. Leo Poon ကေန သူမကို ၂၀၁၉ ဒီဇင္ဘာလထဲမွာ ဝူဟန႔္ၿမိဳ႕မွာSARS နဲ႔ဆင္တူတဲ့ ေရာဂါမ်ိဳး က်ေရာက္ေနလို႔ သြားေလ့လာခိုင္းပါတယ္တဲ့။အဲ့ဒီမွာ သူမဟာ တ႐ုတ္ျပည္မႀကီးက ကြၽမ္းက်င္ပညာရွင္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး အလုပ္လုပ္ခဲ့ရပါတယ္တဲ့။အဲ… အဲ့ဒီမွာ ပညာရွင္တစ္ေယာက္က သူမကို အဲ့ဒီေရာဂါဟာလူအခ်င္းခ်င္းကူးစက္ေစႏိုင္တဲ့ေရာဂါလို႔ ဒီဇင္ဘာ ၃၁ ရက္ေန႔ကတည္းက ေျပာျပပါသတဲ့။

အဲ့လိုအႏၲရာယ္ႀကီးမွန္းသိတာမို႔ သူမရဲ႕အထက္အရာရွိေတြကို အႀကိမ္ႀကိမ္ သတင္းပို႔ပါသတဲ့။ေနာက္ဆုံး ဇန္နဝါရီလ ၁၆ ရက္ေန႔မွာ သတင္းပို႔ရာမွာ သူမရဲ႕အထက္အရာရွိက“#သတိထားတိတ္တိတ္ေန” လို႔ သတိေပးခဲ့ပါသတဲ့။အဲ့ဒါနဲ႔ သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြဟာ WHO ရဲ႕ ၫႊန္းဆိုဓာတ္ခြဲခန္း ျဖစ္ေနေပမယ့္ေတြ႕ရွိခ်က္ေတြကို ကမာၻကိုခ်မျပပဲ ေႏွာင့္ေႏွးေနတယ္ လို႔ ယူဆၿပီး အေမရိကန္ျပည္ေထာင္စုကို ထြက္ေျပးလာခဲ့တာပါတဲ့။သူမရဲ႕အဓိကရည္႐ြယ္ခ်က္ကေတာ့ Covid ရဲ႕ အမွန္တရားသတင္း (the message of the truth of Covid)ကို လူေတြသိေအာင္ခ်ျပဖို႔ပါပဲတဲ့။

သုမရဲ႕တ႐ုတ္ျပည္ထဲမွာေတြ႕ရွိခ်က္မ်ားကို ထုတ္ေဖာ္ေျပာလိုတာျဖစ္ပါတယ္တဲ့ ။တ႐ုတ္ျပည္ထဲမွာ ဒါမ်ိဳးထုတ္ေဖာ္ေျပာလိုက္လို႔ကေတာ့ “#အစအနရွာမရျဖစ္သြားမွာေပါ့” တဲ့။ဟုတ္ၿပီ… ဒါေတြက သူမရဲ႕ေျပာၾကားခ်က္ေတြျဖစ္ၿပီး ဘယ္ေလာက္မွန္ကန္သလဲဆိုတာ ေစာင့္ၾကည့္ရပါမယ္။ေၾကာင္ၾကာၾကာေရမငုပ္ပါ။🇭🇰 ေဟာင္ေကာင္တကၠသိုလ္ ဘက္ကေတာ့ ယန္လိမန္း (Li-Meng Yan) ရဲ႕ေျပာဆိုခ်က္ေတြကို ျငင္းဆိုထားပါတယ္။သူမဟာ Covid လူလူခ်င္းကူးစက္မႈအေၾကာင္း သုေသသနကို ၂၀၁၉ ဒီဇင္ဘာနဲ႔ ၂၀၂၀ ဇန္နဝါရီလထဲမွာ လုပ္ထားတာမရွိပါတဲ့။သူမဟာ သူမရဲ႕ကိုယ္တိုင္ သိပၸံနည္းက်သုေသသနလုပ္ထားခ်က္ေတြကို ေျပာေနတာမဟုတ္ပဲ သူမတဆင့္စကားအၾကားကိုသာ မူတည္ၿပီး ေျပာဆိုေနတာျဖစ္တယ္လို႔ ဆိုပါတယ္။ၿပီးခဲ့တဲ့ ေမလတုန္းက သူမပါဝင္ေရးသားခဲ့တဲ့ သုေသသနစာတမ္းတစ္ေစာင္ ထြက္ဖူးပါတယ္။ေဟာင္ေကာင္တကၠသိုလ္က လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အတူေရးသားခဲ့တဲ့ စာတမ္းပါ။Covid ေရာဂါပိုး ႂကြက္ကေလးေတြအၾကား ကူးစက္မႈ အေၾကာင္းပါ။

သူမအေၾကာင္းကိုေလ့လာၾကည့္ရာမွာ မတူညီတဲ့ တိရိစာၦန္ေတြမွာ ကူးစက္ေရာဂါ ျဖစ္ပြားပုံကို သုေသသနျပဳေနသူျဖစ္ပါတယ္။လတ္တေလာအေနနဲ႔ တုပ္ေကြးလို ကူးစက္ေရာဂါကာကြယ္ေဆးနဲ႔ ဆဲလ္ေတြရဲ႕ခုခံႏိုင္စြမ္းအား၊ပဋိပစၥည္း universal influenza vaccine, cross-reactive antibodies, cellular immunology)စသည္တို႔ကို အားစိုက္ေလ့လာေနတာ ေတြ႕ရပါတယ္။သူမအေနနဲ႔ သူမယုံၾကည္ရာကို ထုတ္ေဖာ္ေျပာဆိုခြင့္ရွိတယ္လို႔ ျမင္ပါတယ္။တ႐ုတ္အာဏာပိုင္ေတြအေနနဲ႔ေတာ့ ကမာၻကအခုလို ဝိုင္းလက္ညိဳးအထိုးခံရခ်ိန္မွာမွန္တာမွားတာအသာထား အခက္ေတြ႕မွာ ျဖစ္တဲ့အတြက္ သူမကို အမႈန႔္ႀကိတ္ပစ္ခ်င္မွာပါ။သူမနဲ႔ပတ္သက္ခဲ့ရတဲ့ တ႐ုတ္နဲ႔ ေဟာင္ေကာင္က လုပ္ေဖာ္ကိုင္ဖက္ေတြလည္း အကုန္ပ်ားတုပ္ခံမွာျဖစ္ပါတယ္။ထရမ့္ႀကီးကေတာ့ သူမကို ၿပဳံးၿပဳံးႀကီး ႀကိဳဆိုေနႏိုင္ပါတယ္။

Richard Myo Thant

unicode

ယန်လိမန်း Li-Meng Yan (သို့မဟုတ်) ကမ္ဘာကို ကိုင်လှုပ်သော ထိုဆက်ရက်(Covid ကိစ္စမှာ တရုတ်ဘက်ကနေ အမေရိကန်ဘက်ပြေးလာသူ)

ယန်လိမန်း (Li-Meng Yan) ဆိုတာ တရုတ် ပိုးမွှားဗေဒပညာရှင်အမျိုးသမီးတစ်ယောက်ပါ။သူမဟာ ဧပြီလ ၂၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုဘက်ကို ထွက်ပြေးခဲ့ပါတယ်။Fox News နဲ့တွေ့ဆုံရာမှာ သူမအနေနဲ့ Covid-19 ရောဂါပိုးဟာ တရုတ်စစ်ဘက်ဆိုင်ရာဓာတ်ခွဲခန်းတစ်ခုမှာစတင်ခဲ့ပြီး တရုတ်အာဏာပိုင်တွေက #အဲ့ဒီအချက်ကိုဖုံးကွယ်ထားတယ်လို့သူမယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ဒီနေရာမှာ ကျနော်တို့သိထားရမှာက ဒါဟာ တရုတ်ရောဂါပိုးမွှားပညာရှင်တစ်ယောက်ရဲ့ ယုံကြည်ချက်သာဖြစ်ပါတယ်။တကယ်ဟုတ်မဟုတ်ပြောလို့မရသေးပါ။သို့သော် Covid-19 နဲ့ပက်သက်လို့ #သူမဘယ်လောက်ထဲထဲဝင်ဝင်သိထားသလဲက တကမ္ဘာလုံးအတွက်အရေးကြီးပါတယ်။အခုအချိန်အထိ သူမအကြောင်းကို Reuters လို သတင်းဌာနမျိုးက သေသေချာချာမရေးသေးတဲ့အတွက်ရထားတဲ့သတင်းအတိုအစတွေကို စုပြီးတင်ပြလိုက်ပါတယ်။သူ့အကြောင်းကို ဇူလိုင်လ ၁၂ ရက်နေ့ msn သတင်းမှာ ဖတ်ခဲ့ဖူးပါတယ်။သူမဟာ ထိုင်ဝမ်သတင်းဌာနနဲ့လည်း အင်တာဗျူးထားသလို စပိန်နေ့စဉ်သတင်းစာ El Mundo နဲ့လည်းဇူလိုင်လထဲမှာ အင်တာဗျူးထားတာတွေ့ရပါတယ်။

သူမဟာ 🇨🇳 တရုတ်ပြည် Central South University of China ကနေ ဆေးပညာ MD ဘွဲ့ရရှိခဲ့ပါတယ်။Southern Medical University of China ကနေ PhD ဘွဲ့ရထားတာပါ။Covid-19 ဖြစ်ချိန်မှာ 🇭🇰 ဟောင်ကောင်တက္ကသိုလ်ရှိ ပြည်သူ့ကျန်းမာရေးဆေးပညာကျောင်းမှာရောဂါ ပိုးမွှားဗေဒနဲ့ ရောဂါခံနိုင်အားဗေဒ ကျွမ်းကျင်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။သူမရဲ့ယုံကြည်ထားချက်များ…တရုတ်အစိုးရရော WHO အဖွဲ့ကြီးကရော Covid-19 ဟာ #လူအချင်းချင်းကူးစက်နိုင်တယ်ဆိုတာသတင်းတွေမထွက်လာခင် အစောကြီးကတည်းက သိထားတာကို သတင်းထိမ်ချန်ထားတယ်။အကယ်၍ ဒီအချက်ကို စောစောစီးစီး ကမ္ဘာကိုအသိပေးခဲ့ရင် အခုလို လူပေါင်းများစွာ အသက်ဆုံးရှုံးမှာမဟုတ်ဘူး။တရုတ်စစ်ဘက်ဓာတ်ခွဲခန်းရှိ ကျိုးရှန်းလင်းနို့ဗိုင်းရပ်စ် (Zhoushan bat virus) နဲ့ Covid-19 ကို ဖြစ်စေတဲ့Sars-CoV-2 ဗိုင်းရပ်စ်တို့က E ပရိုတိန်း ၁၀၀ ရာနှုန်းတူညီတယ်လို့ သူမက ယုံကြည်ထားပါတယ်။

သူမရဲ့ပြောကြားချက်များ….ဝူဟန့်မြို့မှာ Covid-19 စဖြစ်တော့ ကမ္ဘာမှာ ပထမဦးဆုံးလေ့လာခွင့်ရတဲ့ ပညာရှင်တွေထဲမှာ သူမလည်းပါပါတယ်တဲ့။ဟောင်ကောင်တက္ကသိုလ်ရှိ WHO ရဲ့ ညွှန်းဆိုဓာတ်ခွဲခန်း (reference lab) မှသူမရဲ့ အထက်အရာရှိ Dr. Leo Poon ကနေ သူမကို ၂၀၁၉ ဒီဇင်ဘာလထဲမှာ ဝူဟန့်မြို့မှာSARS နဲ့ဆင်တူတဲ့ ရောဂါမျိုး ကျရောက်နေလို့ သွားလေ့လာခိုင်းပါတယ်တဲ့။အဲ့ဒီမှာ သူမဟာ တရုတ်ပြည်မကြီးက ကျွမ်းကျင်ပညာရှင်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ခဲ့ရပါတယ်တဲ့။အဲ… အဲ့ဒီမှာ ပညာရှင်တစ်ယောက်က သူမကို အဲ့ဒီရောဂါဟာလူအချင်းချင်းကူးစက်စေနိုင်တဲ့ရောဂါလို့ ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက ပြောပြပါသတဲ့။

အဲ့လိုအန္တရာယ်ကြီးမှန်းသိတာမို့ သူမရဲ့အထက်အရာရှိတွေကို အကြိမ်ကြိမ် သတင်းပို့ပါသတဲ့။နောက်ဆုံး ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သတင်းပို့ရာမှာ သူမရဲ့အထက်အရာရှိက“#သတိထားတိတ်တိတ်နေ” လို့ သတိပေးခဲ့ပါသတဲ့။အဲ့ဒါနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ WHO ရဲ့ ညွှန်းဆိုဓာတ်ခွဲခန်း ဖြစ်နေပေမယ့်တွေ့ရှိချက်တွေကို ကမ္ဘာကိုချမပြပဲ နှောင့်နှေးနေတယ် လို့ ယူဆပြီး အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးလာခဲ့တာပါတဲ့။သူမရဲ့အဓိကရည်ရွယ်ချက်ကတော့ Covid ရဲ့ အမှန်တရားသတင်း (the message of the truth of Covid)ကို လူတွေသိအောင်ချပြဖို့ပါပဲတဲ့။

သုမရဲ့တရုတ်ပြည်ထဲမှာတွေ့ရှိချက်များကို ထုတ်ဖော်ပြောလိုတာဖြစ်ပါတယ်တဲ့ ။တရုတ်ပြည်ထဲမှာ ဒါမျိုးထုတ်ဖော်ပြောလိုက်လို့ကတော့ “#အစအနရှာမရဖြစ်သွားမှာပေါ့” တဲ့။ဟုတ်ပြီ… ဒါတွေက သူမရဲ့ပြောကြားချက်တွေဖြစ်ပြီး ဘယ်လောက်မှန်ကန်သလဲဆိုတာ စောင့်ကြည့်ရပါမယ်။ကြောင်ကြာကြာရေမငုပ်ပါ။🇭🇰 ဟောင်ကောင်တက္ကသိုလ် ဘက်ကတော့ ယန်လိမန်း (Li-Meng Yan) ရဲ့ပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။သူမဟာ Covid လူလူချင်းကူးစက်မှုအကြောင်း သုသေသနကို ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဇန်နဝါရီလထဲမှာ လုပ်ထားတာမရှိပါတဲ့။သူမဟာ သူမရဲ့ကိုယ်တိုင် သိပ္ပံနည်းကျသုသေသနလုပ်ထားချက်တွေကို ပြောနေတာမဟုတ်ပဲ သူမတဆင့်စကားအကြားကိုသာ မူတည်ပြီး ပြောဆိုနေတာဖြစ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ မေလတုန်းက သူမပါဝင်ရေးသားခဲ့တဲ့ သုသေသနစာတမ်းတစ်စောင် ထွက်ဖူးပါတယ်။ဟောင်ကောင်တက္ကသိုလ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူရေးသားခဲ့တဲ့ စာတမ်းပါ။Covid ရောဂါပိုး ကြွက်ကလေးတွေအကြား ကူးစက်မှု အကြောင်းပါ။

သူမအကြောင်းကိုလေ့လာကြည့်ရာမှာ မတူညီတဲ့ တိရိစ္ဆာန်တွေမှာ ကူးစက်ရောဂါ ဖြစ်ပွားပုံကို သုသေသနပြုနေသူဖြစ်ပါတယ်။လတ်တလောအနေနဲ့ တုပ်ကွေးလို ကူးစက်ရောဂါကာကွယ်ဆေးနဲ့ ဆဲလ်တွေရဲ့ခုခံနိုင်စွမ်းအား၊ပဋိပစ္စည်း universal influenza vaccine, cross-reactive antibodies, cellular immunology)စသည်တို့ကို အားစိုက်လေ့လာနေတာ တွေ့ရပါတယ်။သူမအနေနဲ့ သူမယုံကြည်ရာကို ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်လို့ မြင်ပါတယ်။တရုတ်အာဏာပိုင်တွေအနေနဲ့တော့ ကမ္ဘာကအခုလို ဝိုင်းလက်ညိုးအထိုးခံရချိန်မှာမှန်တာမှားတာအသာထား အခက်တွေ့မှာ ဖြစ်တဲ့အတွက် သူမကို အမှုန့်ကြိတ်ပစ်ချင်မှာပါ။သူမနဲ့ပတ်သက်ခဲ့ရတဲ့ တရုတ်နဲ့ ဟောင်ကောင်က လုပ်ဖော်ကိုင်ဖက်တွေလည်း အကုန်ပျားတုပ်ခံမှာဖြစ်ပါတယ်။ထရမ့်ကြီးကတော့ သူမကို ပြုံးပြုံးကြီး ကြိုဆိုနေနိုင်ပါတယ်။

Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *

13 − thirteen =