




unicode

အလွမ်းရာသီ သီချင်း ဗီဒီယိုထဲက သတို့သမီး ဝတ်စုံလေး နဲ့ ပုံရိပ်လေးတွေ ပရိသတ်တွေကို ထုတ်ပြ လိုက်တဲ့ နန်းဆုရတီစိုး

ချစ်ပရိသတ်ကြီးရေ အပြုံးချိုချိုလေးတွေရယ်နဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေသူလေး နန်းဆုရတီစိုး ကိုတော့ အထူးတလည်မိတ်ဆက်စရာမလိုဘူးထင်ပါတယ်နော်။ဖြူဝင်းဥတဲ့ အသားရည်လေးရယ် သွယ်လျကျစ်လစ်ပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတိုင်း အားကျနှစ်သက် ချစ်ခင်နေရသူလေးဆို လည်းမမှားပါဘူးနော်။

နန်းဆုကတော့ အနုပညာအလုပ်တွေကို ကြိုးစား လုပ်ဆောင်နေတာဖြစ်ပြီး သီချင်းအသစ်လေးတွေလည်းထွက်ရှိထားတာဖြစ်ပါတယ်။နန်းဆုရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း သူမကိုချစ်ကြတဲ့ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံကြတာလည်းတွေ့မြင်ရပါတယ်။ နန်းဆုရဲ့သီချင်းဟောင်းလေးတွေနဲ့သီချင်းသစ်တွေဟာဆိုရင် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတာလည်းဖြစ်ပါတယ်။

အခုလည်း ခရီးတွေထွက်ရှိနေတာဖြစ်ပြီး သီချင်း အသစ်လေးတွေ ကြိုးစားဖန်တီးနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ အလွမ်းရာသီ သီချင်းလေးထဲက သတို့သမီးဝတ်စုံလေးနဲ့ ကြွေရုပ်လေးလို ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ ပုံလေးတွေကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ နန်းဆုတစ်ယောက် မိမိုက်လွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source : Nansu yati Soe Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

16 − fifteen =