




unicode

ကလေးလေး တစ်ယောက်လို လွတ်လပ်ပေါ့ပါးနေပြီး ချစ်စရာ အမူအရာလေးတွေ နဲ့ အသည်းယားကောင်းနေတဲ့ ဖြူဖြူထွေး

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ ဟာသ ဗီဒီယိုလေးတွေ နဲ့ လူသိများလာခဲ့ပြီး နောက်ပိုင်းမှာတော့ သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ကြော်ငြာတွေများစွာ ရိုက်ကူးနေရပြီး ဗီဒီယိုဇာတ်ကားတွေ မှာလည်း ပါဝင်သရုပ်ဆောင် လာတာတွေ့ရပါတယ်။ ဒါ့အပြင် ဖြူဖြူထွေး က စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတတ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ ချစ်ခင်နေရတဲ့ သူလေးပါနော်..။

ဖြူဖြူထွေး က သူမရရှိတဲ့ အနုပညာ ငွေကြေးထဲက ငွေတချို့ကိုလည်း လိုအပ်တဲ့သူတွေအတွက် လှူဒါန်းပေးတာကို ပရိသတ်တွေမြင်တွေ့နေရမှာသေချာပါတယ်။ ဒါ့အပြင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းလောက်အောင်ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးတွေကို အမြဲဖော်ပြပေးပါတယ်နော်..။ ယခုမှာ ဆိုရင်လည်း ဖြူဖြူထွေး က ပရိသတ်တွေ အသည်းယားစရာ ဖြစ်လောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူထွေး က လူငယ်ဆန် တဲ့ ဖက်ရှင်ဝတ်စုံလေးကို အထာကျကျဝတ်ပြီး ချစ်စရာ အမူအရာလေးတွေနဲ့ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဟန်ဆောင်မှုကင်းတဲ့ အပြုံးချိုချိုလေးတွေအပြင် ဖက်ရှင်ဝတ်စုံလေးနဲ့လည်း လိုက်ဖက်နေပြီး ပရိသတ်အတွက် ချစ်အားပိုစေမှာအမှန်ပါနော်..။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီးချောလေး ဖြူဖြူထွေး ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ကြည့်ရှု့လို့ရအောင် ကူးယူပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source -Phyu Phyu Htwe’s fb account

Add a Comment

Your email address will not be published. Required fields are marked *

11 − 10 =