




crd : panpyoelat

unicode

COVID-19 ကြောင့် အဖိတ်အစင် များပြီး စိုးရိမ်စရာ ကောင်းလာတဲ့ အမေဇုန်တော ထဲက လူရိုင်းတွေ ရဲ့ဘဝ

COVID-19 ရဲ့ ရိုက်ခတ်မှု ဒဏ်ကို တစ်ကမ္ဘာလုံးက ခံစားနေ ရတာဖြစ်ပြီး ဒီအထဲ မှာမှ အမေဇုန်တောထဲက လူရိုင်းတွေလည်း အပါအဝင်ပါ။ အမေဇုန်မိုးသစ်တောရဲ့ အကြီးဆုံးမြို့တော်ဝန်က အမေဇုန်တောထဲက လူရိုင်းတွေဟာ COVID-19 ဒဏ်ကို တဖြည်းဖြည်း ခံစားနေရပြီး သူတို့ကို အစိုးရ ကလည်း ကာကွယ်မှုတွေ ပြုလုပ်ပေးခြင်း မရှိဘူး လို့ ဆိုခဲ့ ပါတယ်။

COVID-19 ကူးစက်မှုနှုန်းမြင့်မားပြီး ကတည်း COVID-19 ကြောင့် အမေဇုန်မိုးသစ်တောထဲက လူရိုင်း (၂၅) ယောက်ခန့်ဟာ သေဆုံးသွား ခဲ့ရပြီလို့ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ ပါတယ်။မေလ (၁၉) ရက်နေ့က အွန်လိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင် တစ်ခုမှာလည်း အမေဇုန်ပြည်နယ် ရဲ့ မြို့တော်ဝန် Manaus က လူရိုင်းတွေကို ဘာအကွယ်မှ မပြုလုပ်ပေးတဲ့ ဘရာဇီးအစိုးရကို ဝေဖန် သွားခဲ့ပြီး ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုနဲ့ တူနေကြောင်း ဆိုခဲ့ ပါတယ်။

“လူအခွင့်အရေး ကို ချိုးဖောက်ပြီး ကျွန်တော့်ရဲ့ဒေသမှာ သူတို့ လုပ်နေတာတွေက ပြစ်မှုတစ်ခုပါပဲ”လို့ ဆိုခဲ့တာပါ။ Pan American ကျန်းမာရေး အဖွဲ့အစည်းကလည်း အမေဇုန်တောထဲတွင် COVID-19 ကူးစက်မှု နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။