



Source – Mai Mai Seng
Rainbow- Cele Gabar

unicode

မီးဖိုချောင်ထဲ မှာ ပဲ အိုးကိုင်နေတာ မဟုတ်ပါဘူး ဆို တဲ့ မိုင်းမိုင်ဆိုင်း

မိုင်းမိုင်ဆိုင်းကတော့ မြန်မာ အိုင်ဒေါသီချင်း ဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာနဲ့ ဂီတခရီးလမ်းကို လျှောက်လှမ်းလာသူတစ်ယောက်ပါ။ လတ်တလောကိုဗစ်ကာလ ပွဲတွေရပ်နားထားချိန်မှာတော့ သူ့ရဲ့ ကိုယ်ပိုင်လက်ရာ ကြက်ကင်နဲ့ အခြားအကင်များကို အွန်လိုင်းကတဆင့်ရောင်းချနေတာပဲ ဖြစ်ပါတယ်။

ကိုဗစ်ကာလ အတွင်း မွေးရပ်မြေ ကချင်ပြည်နယ်မှာ စတင်ရောင်း ခဲ့ပေမယ့် အခုဆိုရင်တော့ ရန်ကုန်မှာ လိုက်လံပို့ဆောင်ကာ ရောင်းချနေပါတယ်။ အားပေးကြမ်းလွန်းတဲ့စားသုံးသူတွေကြောင့် ပိတ်ရက်မရှိ ရောင်းနေရသလို အချိန်ပြည့်မီးဖိုချောင်ထဲက မထွက်ရအောင် ကိုယ်တိုင်လုပ်နေရတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သီချင်း အသစ်တွေကိုလည်း စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက် စတူဒီယိုက ပုံရိပ်တချို့နဲ့ အတူ သတင်းကောင်းလေးပေးခဲ့ပါတယ်။

” Something is coming very soon!! အမိုက်စား တစ်ခု မကြာခင်လာမယ်နော်…. မီးဖိုချောင်ထဲ ဟင်းအိုးပဲ ကိုင်နေတာမဟုတ်ရပါပုနော်… Studio ထဲမိုက်လည်းကိုင်‌ နေပါတယ်လို့” ဆိုပြီးရေးသားကာ ပရိသတ်တွေအတွက် အမိုက်စားတစ်ခုစီစဉ်နေကြောင်း မျှဝေလာပါတယ် ပရိသတ်ကြီးရေ… မိုင်းမိုင်ဆိုင်းကတော့ မီးဖိုထဲမှာ ဟင်းအိုးလည်း ကိုင်နေသလို သီချင်း အသစ်စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက်လည်း စတူဒီယိုသွားနေပါပြီတဲ့နော်။

Source – Mai Mai Seng
Rainbow- Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

five × five =