
သိန်း ၈၀၀၀ တန် ကားလက်ဆောင် ပေးတဲ့ ယောက်ျားကို လိုချင်ရင် …..ကိုယ် ကိုယ်​တိုင်၌က ရုပ်ပိုင်းဆိုင်​ရာရော …. စိတ်ပိုင်းဆိုင်​ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက်တန်အောင်ကြိုးစားကြပါ ..
















သားတို့ရဲ့ဆရာစွာ

unicode

စာသားတွေ က ကြမ်းထော်နေတာပဲ မိုက်တယ် ရေးချက်ကို ကြိုက်လို့ ကူးပြီးပြန်တင်တာပါ …

သိန်း ၈၀၀၀ တန် ကားလက်ဆောင် ပေးတဲ့ ယောကျ်ားကို လိုချင်ရင် …..ကိုယ် ကိုယ်​တိုင်၌က ရုပ်ပိုင်းဆိုင်​ရာရော …. စိတ်ပိုင်းဆိုင်​ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက်တန်အောင်ကြိုးစားကြပါ ..

ကိုယ်တိုင်က ၁၀တန်းလည်းမအောင် ဝင်ငွေက တလ ၂ သိန်းမပြည့် ၊ ရုပ်ရည်ကရွက်ကြမ်း ရည်ကြို …. မိဘကလည်း လက်လုပ် လက်စား ဘဝသမား

အဲ့လိုလူမျိုးတွေက သိန်း ၈၀၀၀ တန် ကားလက်ဆောင်ပေးတဲ့ postကို …. သူတို့ရည်းစား ကောင်လေးတွေဝေါမှာ လာလာ Tag ကြတာမြင်တော့ ငါ့တပည့်တွေအစားရင်နာမိတယ်

Ro ခွင့်ရှိတယ် Overtine ခွင့်မရှိဘူး။လက်ချင်းချိတ်ပြီး 200 တန်​ YBS တူတူစီးရဲတဲ့ လက်တွဲဖော် အစစ်ကိုသာရှာကြပါ သားတို့။

မင်းဆီမှာငွေတသောင်းပဲရှိမှန်းသိရက်နဲ့ ငွေ၈၀၀၀သုံးရက်တဲ့မိန်းမဟာ မင်းသိန်း၁၀၀ရှိရင် သူ သိန်း၈၀ဖြုန်းဖို့ ဝန်လေးမှာမဟုတ်ဘူး …..

မင်းမှာရှိတဲ့ငွေ၁၀၀၀၀ကို မုန့်၂၀၀၀ဖိုးလောက်စားပြီး ကျန်တဲ့ပိုက်ဆံ ကိုမင်းအဆင်ပြေဖို့ အလိုက်တသိချန်ထားပေးတဲ့မိန်းမမျိုးသာ လက်တွဲဖော်ဖြစ်သင့်တာပေါ့။

ဘူဖေးအဝစားဘယ်လောက် ဟိုဆိုင်​မှာ စားရင် ဘယ်လောက် ဒါ တွေ Share ပြီး “လိုက်ကျွေးကိုကို” ဆိုတာမျိုးထက် “ကို့ကို သဲဒါမျိုးလေးချက်ကျွေးမယ်” “ကို ဒါမျိုးလေးကြိုက်လား သဲချက်ပေးမယ်” ဆိုတာပဲ ရေးသင့်တယ်​ …. တင်သင့်တယ် ….. Ro သင်​့တယ်​ …

မိန်းကလေးဖိနပ်ကို ဒူးထောက်ပြီးစီးပေးတဲ့ postတွေကို ထိုင် Share ပြီး ဒါမျိုးမှ Ro တယ်ထင်နေတာမျိုးထက်

ရွှေတိဂုံဘုရားကို ဖိနပ်လေးကိုယ်စီကိုင်ပြီး လှေကားထစ် တွေပေါ်တက်တိုင်​း မင်းမျက်နှာလေးကိုတစိမ့်စိမ့်ကြည့် ပြီး ပီတိဖြစ်မယ့်မိန်းကလေးမျိုးကိုသာရှာသင့်တယ် ….

ကားသိပ်မက်တဲ့မိန်းမမျိုးဟာကားရှိတဲ့လူတွေ့ရင်ပါသွားမှာပဲ….. ကားစုတ် ရှိတဲ့သူဆီကနေ နောက်ဆုံးပေါ် ကား​ကောင်​းရှိတဲ့သူဆီပါသွားမှာပဲ …..

မင်းကိုတော့ ကျော်သူ့ ကားပေါ်တင်ရင် တင်ပေးလိမ့်မယ် ……သူကတော့ ဇိမ်​ခံကားပေါ်ကနေမင်းကိုတာ့တာပြသွား မှာ​အ​သေချာဘဲလေ …..

စည်​းစိမ်​ချမ်းသာတာကိုမက်တဲ့မိန်းမဟာ …. မင်းထက်ချမ်းသာတဲ့သူနဲ့တွေ့ရင် ပါသွားမှာ … Six pack ကိုမှကြိုက်တဲ့မိန်းမဟာ ….. မင်းဗိုက်ပူလာ တဲ့အချိန်ထားခဲ့မှာပဲ …

ရုပ်ချောတာကြိုက်တဲ့မိန်းမဟာ မင်းအိုမင်းလာချိန်….မင်းထက်ပိုမိုချောမောတဲ့သူနဲ့ ​တွေ့ရင် ပါသွားမှာပဲ …မင်းမှမင်​းဘဲဖြစ်နေလို့ မင်းကို ချစ်နေတဲ့မိန်းမမျိုးကသာမင်းကိုတသက်လုံးချစ်နေမှာ ​သေချာတယ်။

မင်းဆီမှာရှိတဲ့ မင်းမလုပ်နိုင်တဲ့အရာတွေကို အပြစ်မြင် ငြူစူစောင်းမြောင်းပီး​သောက​တွေ​ပေနေမယ့် အစား မင်းမလုပ်နိုင်တာတွေကိုသူဝိုင်းကူပြီးမင်းလုပ်နိုင်စွမ်း ရှိတာတွေကိုအပြုံးတွေနဲ့ချီးကျူးနေမယ့်မိန်းမမျိုးကသာလျှင်မင်းကိုတဘဝလုံးစာလက်တွဲထားနိုင်မှာပါ …..

ချောကလတ်နဲ့ပန်းစည်းမျှော်နေတာထက် မင်းစာမေးပွဲ မင်းအလုပ် …. မင်​း ရဲ့ဘဝ​နောင်​​ရေး​တွေအတွက် ဘုရား ဆွမ်းတော်ကပ် ပန်းပူဇော်ပြီး မင်းကွယ်ရာမှာ မင်းတဦး တည်​းအတွက် သစ္စာရှိရှိ ဆုတောင်းပေးနေမယ့်မိန်းမမျိုး ကသာ အမိနဲ့တူသောမိန်းမ ….

ညီမနှင့်တူသောမိန်းမ … ကျွန်​နဲ့တူ​သောမိန်​းမ မျိုးပါ။အဲတော့ ၃သောင်းတန် ပီဇာတစ်ပြားစားရဖို့အငတ်ခံငွေ စုရဦးမယ့်အစား …. ၁၀၀ ကျပ်​တန် ဆမူစာလေးစားပြီး အပိုငွေကိုစုကြပါ …

သားတို့ရဲ့ဆရာစွာ

Add a Comment

Your email address will not be published. Required fields are marked *

3 × 4 =