ကိုဗစ်ပိုး သက်သာပျောက်ကင်း လာတဲ့ အဆိုတော်မျိုးကြီး နှင့် နီတာ တို့ QUARANTINE ပြည့်၍ အိမ်ပြန်ပြီ

ကိုဗစ်ပိုး သက်သာပျောက်ကင်း လာတဲ့ အဆိုတော်မျိုးကြီး နှင့် နီတာ တို့ QUARANTINE ပြည့်၍ အိမ်ပြန်ပြီ

COVID-19 ရောဂါ ပြန်လည် သက်သာ ကောင်းမွန်လာပြီဖြစ်တဲ့ အဆိုတော် မျိုးကြီး နဲ့ နီတာ တို့နှစ်ဦးဟာ ဖောင်ကြီး Quarantine စင်တာ မှာ နှစ်ပတ်ကြာ နေပြီးနောက် မေ (၂၁) ရက် မှာ အိမ်ပြန်ခွင့် ရရှိ ခဲ့ပြီ လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကိုကိုနိုင် က ပြော ပါ တယ် ။

ကိုဗစ်ပိုး သက်သာပျောက်ကင်း လာတဲ့ အဆိုတော် မျိုးကြီး နှင့် နီတာတို့ Quarantine ပြည့်၍ အိမ်ပြန်ခွင့်ရပြီ သူတို့ ၂ ဦး ကို ကျန်းမာရေး အခြေအနေ အရ နှစ်ပတ် စောင့်ကြည့် ကုသခဲ့ရာ မှာ စိတ်ချရတဲ့ အခြေအနေ ဖြစ်တာကြောင့် အိမ်ပြန်ခွင့်ပေး လိုက်တာလို့ ဒေါက်တာ ကိုကိုနိုင်က ပြော ပါတယ် ။

ကိုဗစ်ပိုး သက်သာပျောက်ကင်းလာတဲ့ အဆိုတော် မျိုးကြီး နှင့် နီတာတို့ Quarantine ပြည့်၍ အိမ်ပြန်ခွင့်ရပြီ
“ ဒီနေ့ သူ တို့ကို ဆေးရုံဆင်းပေးလိုက်ပြီ။ စောင့်ကြည်ပြီးတော့ ကုသဖို့ လိုလို့ ဆက်ကုခဲ့တာ။ နှစ်ပတ်ပေါ့ ” လို့ ဒေါက်တာ ကိုကိုနိုင်က ဆိုပါတယ်။
ဒါ့အပြင် သူတို့နှစ်ဦးကို ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထား တဲ့ ညွန်ကြားချက်တွေ ဆက်လက် လိုက်နာဖို့လည်း တိုက်တွန်းခဲ့တယ် လို့ ဒေါက်တာ ကိုကိုနိုင်က ပြော ပါတယ်။

ကိုဗစ်ပိုး သက်သာပျောက်ကင်းလာတဲ့ အဆိုတော်မျိုးကြီး နှင့် နီတာတို့ Quarantine ပြည့်၍ အိမ်ပြန်ခွင့်ရပြီ
အိမ်ပြန်ခါနီးမှာ အဆိုတော် နီတာက ကျန်းမာရေးစင်တာ က မိတ်ဆွေတွေ ကို နှုတ်ဆက်တေး နဲ့ ဖျော်ဖြေပေးခဲ့တယ် လို့ သိရပါတယ်။

အဆိုတော်နီတာ ဟာ မတ် ၂၉ ရက် က ပြုလုပ်တဲ့ ဘာသာရေးအခမ်းအနားတစ်ခု ရဲ့ ရိုက်ကူးရေးလွှင့်တဲ့ အစီအစဉ် မှာ ပါဝင် ခဲ့တာကြောင့် COVID-19 ကူးစက်ခံရသူ ဖြစ် ပါတယ်။

အဆိုတော်မျိုးကြီး ကလည်း အဲဒီ ဘာသာရေး အခမ်းအနား ကို တက်ရောက် ခဲ့တာကြောင့် COVID-19 ကူးစက် ခံခဲ့ရတာပါ ။

One News Myanmar.

Add a Comment

Your email address will not be published. Required fields are marked *

20 − 19 =