ဖေ့ဘုတ်စ် မှာ တင်မိတဲ့ ပို့စ် တစ်ခု ကြောင့် ထွန်းအိန္ဒြာဗို နှင့် တင်ဇာမော် တို့၏ ဖျော်ဖြေပွဲ ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ရ

ဩဂုတ် ၅ရက်တွင် ကျင်းပရန်စီစဉ်ထားသည့် နာမည်ကြီးအမျိုးသမီး အဆိုရှင်နှစ် ဦး၏ ဖျော်ဖြေပွဲကို အနုပညာသီးသန့် တင်ဆက်ချင်သောကြောင့် ရက်ရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သည့် King7 Dynasty ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုဝေမင်းမောင်က ပြောသည်။

‘‘ဒီပွဲက အစောကြီးကတည်းက စောင့်ကြည့်တဲ့သူတွေများတယ်။ အခုပွဲနားနီး လာတဲ့အချိန်မှာ မခိုင်ကြီးရဲ့ ပို့စ်လေးတစ်ခုက ဝေဖန်မှုတွေ၊ စောင့်ကြည့်တဲ့သူ တွေများသွားစေတယ်။

အခုချိန်မှာ ကိုယ်တို့အနေနဲ့ကတော့ အနု ပညာသီးသန့် တင်ဆက်ချင်တဲ့အတွက် ရွှေ့လိုက် တာပါ။ မခိုင်ကြီး ကိုလည်း အပြစ်ပြောတာမဟုတ်ပါဘူး။ ဒီအနေအထားအရ ရွှေ့သင့်တယ်ထင်လို့ပါ’’ ဟု ၄က ပြောသည်။

ထွန်းအိန္ဒြာဗိုနှင့် တင်ဇာမော်တို့ ပါဝင်သည့် Makeup Room ဖျော်ဖြေပွဲကို ဩဂုတ် ၅ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့်ရက် ပိုင်းက မဲစာရင်းကိစ္စနှင့်ပတ်သက်၍ ထွန်းအိန္ဒြာဗို ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည့် အကြောင်းအရာအပေါ် ပရိသတ်အချို့က ဝေဖန်ခဲ့ သည်။

‘‘ကျွန်မမှာတော့ ပြောစရာ ဘာမှမရှိပါဘူး။ ပွဲရက်ရွှေ့တာကလည်း စီစဉ်သူများရဲ့ဆန္ဒပါ’’ ဟု ပွဲရွှေ့သည့်ကိစ္စနှင့်ပတ်သက် ၍ ထွန်းအိန္ဒြာဗိုက ပြောသည်။

ယင်းပွဲပြန်လည်ကျင်းပမည့် ရက်ကို မသတ်မှတ်ရသေးဘဲ အားလုံး အေးအေးဆေးဆေးဖြစ် သွားသည့်အချိန်မှသာ ကျင်းပရန် စီစဉ်မည်ဟု ကိုဝေမင်းမောင်က ပြောသည်။

ယင်းဖျော်ဖြေပွဲကို ယခင်က ဇူလိုင် ၁၉ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း ပွဲကျင်းပမည့်ရက်နှင့် ဖျော်ဖြေပွဲကြော်ငြာတွင် အနုပညာရှင်များ ဝတ်ဆင်ထားသည့် အင်္ကျီအရောင်သည် ပါတီတစ်ခုကို ကိုယ်စားပြုသည်ဟု ဝေဖန်မှုများရှိခဲ့သောကြောင့် ဩဂုတ်လအတွင်း ကျင်းပရန် ရက်ရွှေ့ခဲ့ခြင်းဖြစ်သည်။ခရက်တစ်

ထွန်းအိန္ဒြာဗို၏ ပို့စ်အကြောင်း အခြေခံ၍ ရေးသားထားသော လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ဝေဖန်ချက်တစ်ခုအားလည်း ပရိသတ်များ သိရှိနိုင်ရန် ထပ်ဆင့် ဖော်ပြအပ်ပါသည်။

လူထုရဲ့တံတွေးခွက်ထဲကို မိုက်မဲစွာ ခုန်ဆင်း သွားသူတဲ့ ထွန်းအိန္ဒြာဗို

“ပယ်မဲဖြစ်အောင်လုပ်ကြ” ဆိုတဲ့ စာသားနဲ့ လူထုရဲ့တံတွေးခွက်ထဲကို မိုက်မဲစွာ ခုန်ဆင်းသွားသူကတော့ မခိုင်ကြီး(ခ) ထွန်းအိန္ဒြာဗိုပါပဲ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝန်းရံမှုမှန်ခဲ့လို့ သူမရဲ့ အတိတ်ကို မေ့ပျောက်ပစ်ကြပြိး လူထုက အချစ်ပိုခဲ့တယ်။ သူ့ညီမလည်း အမတ်ဖြစ်ခဲ့တယ်။အမတ်ဖြစ်ပြီး မကြာခင် လမ်းခုလတ်မှာပဲ မိခင်ပါတီနဲ့ လမ်းခွဲခဲ့တယ်။

အခုတော့ သူ့ညီမလည်း စဉ်ပြိုင် တစ်ပါတီထောင်ပြီး မဲဆွယ်နေပြီမို့ သူလည်း သူ့ညီမအတွက် မဲရလိုရငြား မဲဆွယ်တာပါပဲ။ဒါပေမဲ့ ဆွယ်နည်းက အမှားကြီးမှားနေတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ ကြည့်ရင် ပြစ်မှုမြောက်ပါတယ်။

ကျွန်တော်က သူ့အနုပညာကို လေးစားတဲ့ ပရိသတ် တစ်ယောက်ပါ။ဒါပေမဲ့ သူ့နိုင်ငံရေးခံယူချက် ပြောင်းပြန်ဖြစ်သွားကိုတော့ သဘောမကျပါဘူး။ဒီလုပ်ရပ်မျိုးဟာ မစားရတဲ့အမဲ သဲနဲ့ပက်တာပါပဲ။

သူ့အနုပညာကို နေ့ချင်းညချင်း မြောင်းထဲရောက်အောင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုက်တာပါပဲ။သူမဟာ သူမ ပြောသမျှ သူ့ပရိသတ်အားလုံး သူ့ဖက်ကနေ လိုက်ပါလာကြလိမ့်မယ်လို့ အတွေးမှားဟန်တူပါတယ်။

မပါနိုင်ပါဘူး သူအခုလို ရေးတင်လိုက်တာဟာ သူ့ညီမပါတီပါ မြောင်းထဲ ရောက်တဲ့ ကိန်းပါပဲ။ဒီလို ခံယူချက်မျိုးနဲ့ လုပ်ရပ်မျိုးဟာ အခုတလော မြင်တွေ့နေရတဲ့ နိုးဗုတ်သမား တော်လှန်ရေးဇာတ်ပျက်၊ နိုင်ငံရေး စားဖား၊

ဟိုအရေးဒီအရေး ကျွမ်းကျင်သူ လေ့လာသူအမည်ခံထားတဲ့ နိုင်ငံရေး အလဇ္ဇီ ဒုသီလတွေရဲ့ လုပ်ရပ်နဲ့ အတူတူပါပဲ။သူတို့ဟာ သူတို့ဝန်းရံခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ ဖြစ်လာတာလို့ ထင်တစ်လုံးဖြစ်နေကြရှာတယ်။

တကယ်တော့ လူထုဟာ ဒေါ်အောင်ဆန်းစုကြည် လက်ခံကျင့်သုံးတည်ဆောက်နေတဲ့ အမှန်တရားကို ထောက်ခံနေကြတာပါ။

ဒီအချက်ကို မမြင်နိုင်သေးသမျှတော့ မြန်မာ့နိုင်ငံရေးမှာကိုယ့်သေတွင်း ကိုယ်တူးပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံကြမယ့် နိုင်ငံရေး ဇာတ်ပျက်တွေကို စိတ်မကောင်းစွာနဲ့ပဲ မြင်တွေ့နေကြရဦးမှာပါ” ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်ဟာ လူကြိုက်များခဲ့သလို

အခြားဝေဖန်ပြစ်တင်သော ပို့စ်များစွာ ထွက်ပေါ်လာတာကြောင့် အွန်လိုင်း​ဖျော်ဖြေပွဲကိုပါ ရက်ရွှေ့ဆိုင်းလိုက်ရတဲ့အထိ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

လူဆိုသည်မှာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ဖြစ်၍ ကိုယ်ကြိုက်နှစ်သက်ရာ ပါတီကို မဲပေးနိုင်ကြတဲ့ အခွင့်အရေးရှိပါတယ်။ သို့သော် စကားတစ်ခွန်းက အမှားလို့ အများက မြင်လာတဲ့အထိ ဖြစ်လာခဲ့ရင်တော့ နစ်နာထိခိုက်မှုများ ရှိလာတတ်ကြောင်း သင်ခန်းစာယူဖွယ်ရာပါပဲနော်။

ဖတ်ရှုအားပေးကြသော ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိပါကြောင်းနှင့် ကိုယ်နှစ်သက်ရာ ပါတီကို မဲပေးပြီး နိုင်ငံ့အကျိုးအတွက် ရှေးရှု့သော ပါတီအစိုးရတစ်ရပ်အား စင်တင်ပြီး မြန်မာနိုင်ငံကြီး သာယာတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *

nineteen + 10 =