




unicode

စတိုင်လ် အပြည့်နဲ့ Tik Tok ရိုက်ပြီးကာ မှ ဘောင်းဘီ ဇစ်မဆွဲ မိတဲ့ ရွှေအိမ်စည် (ရုပ်/သံ)

နိုင်ငံခြားသူလေး တစ်ယောက် လို ညိုညက်ညက် အသားအရည်နဲ့ ရှည်လျားတဲ့ အရပ်အမောင်းကို ပိုင်ဆိုင် ထားတဲ့ ရွှေအိမ်စည်က စွဲဆောင်မှုရှိတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူပါ။ လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူး ထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွား ခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

ရွှေအိမ်စည်က အလှမယ်ဘဝ ထဲက ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို များစွာခံခဲ့ရပြီး အခုဆိုရင် ရုပ်ရှင် ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရတဲ့ မင်းသမီးလေးတစ်လက် ဖြစ်လို့နေပါပြီ။ ရွှေအိမ်စည်ကလည်း ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ကြိုးစားနေလျက်ရှိပါတယ်။ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်သူလေးတစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်က ဒီကနေ့မှာလည်း သူမရဲ့ ရယ်စရာအဖြစ်အပျက်လေးတစ်ခုကို ပရိသတ်တွေကို မျှဝေထားပါတယ်။ ရွှေအိမ်စည်က “Tik tok လေးမိုက်တယ်ဆိုပီး တင်လိုက်တာ ဘောင်းဘီ zip ကို မရှိုးမိဘူး😂😂😁” ဆိုပြီး ဘောင်းဘီ Zip မဆွဲမိတဲ့ အကြောင်းလေးကို မျှဝေပြောပြထားတာပဲ ဖြစ်ပါတယ်။

ရွှေအိမ်စည်ရဲ့ အဖြစ်ကတော့ တကယ့်ကို ငိုအားထက် ရယ်အားသန်ပါပဲ။ ရွှေအိမ်စည်သာ ပွင့်ပွင့်လင်းလင်းမပြောခဲ့ရင် ပရိသတ်ကြီးလည်း သတိထားမိကြမယ် မထင်ပါဘူး။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

photo and Video- Shwe Eain Si

Add a Comment

Your email address will not be published. Required fields are marked *

3 + 9 =