



Source: Sue Sha Naing

unicode

ဖခင်ဆီ ကနေ ရရှိထားတဲ့ အမွေတွေကို ချပြ လိုက်တဲ့ မင်းသမီးချော ပက်ထရစ်ရှာ

နိုင်ငံခြားသူလေးလို့တောင်ထင်မှတ်မှားရတဲ့ ပက်ထရစ်ရှာကတော့ ထူးခြားတဲ့ မျက်နှာ ကျ နဲ့ မျက်လုံး အကြည့်စူးစူးတို့ ကို ပိုင်ဆိုင်ထားကာ အရပ် ရော Body အမိုက်စားကိုပါ ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ သူကတော့ မော်ဒယ်လောကကနေ သရုပ်ဆောင်ဘက်ကိုပါ ကူးပြောင်းလာတဲ့သူဖြစ်ပြီး ဗီဒီယိုဇာတ်ကားတော်တော်များများနဲ့ ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။

ရှာရှာလို့ ပရိသတ်တွေ ချစ်စနိုးခေါ်တဲ့ ပက်ထရစ်ရှာ ကတော့ ပရိသတ်တွေကပွင့်လင်းတဲ့ အပြောလေးတွေအပြင် သူမရဲ့အချစ်ရေးကိုလည်း ပရိသတ်တွေအတိ အလင်းချပြထားတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ယနေ့မှာတော့ ပက်ထရစ်ရှာဟာ ဖခင်ဆီကနေ ရရှိထားတဲ့ အမွေတွေကို “Daddy ဆီကရတဲ့ မျက်ခုံးမွှေး မျက်တောင် မွှေးရှည်ရှည်လေးတွေနဲ့ နှုတ်ခမ်း ထော်ထော်လေး” ဆိုပြီး အမိုက်စားပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ မင်းသမီးချောလေး ပက်ထရစ်ရှာ ကတော့ သူ့ရဲ့မျက်ခုံးမွှေး မျက်တောင်မွှေးရှည်ရှည်လေးတွေနဲ့ နှုတ်ခမ်းထော်ထော်လေးတွေက ဖခင်ဖြစ်သူဆီကနေ အမွေရထားတာပါတဲ့နော်။ အဖေတူသမီးလေးဖြစ်တဲ့ ပက်ထရစ်ရှာရဲ့ အမိုက်စားပုံရိပ်တွေကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Source: Sue Sha Naing

Add a Comment

Your email address will not be published. Required fields are marked *

18 + 3 =