တစ္ေသာင္းအုပ္ တြင္ တစ္ေထာင္တန္မ်ား အစားထိုးထည့္ထားၿပီး သိန္း ၅၀၀၀ နီးပါး အလြဲသုံးစား လုပ္သည့္ ဘဏ္ဝန္ထမ္းကိုဖမ္းဆီး

ညေန (၃)နာရီခန္႔က ဘဏ္ကို ေငြလာထုတ္ယူသူ တစ္ဦးက ဘဏ္ တြင္ ေငြေရတြက္ စစ္ေဆး လိုက္ေသာအခါ သိန္း (၅၀၀၀) နီးပါး အလြဲသုံးစား လုပ္ထားျခင္းခံရ

က်ပ္တစ္ေသာင္းတန္အုပ္ေတြ မွာ တစ္ေထာင္တန္ေတြ အစားထိုးထည့္ၿပီး သိန္း ၅၀၀၀ နီးပါး အလြဲသုံးစားလုပ္ခဲ့တဲ့ ဘဏ္ဝန္ထမ္းကို ဖမ္းဆီးအေရးယူထား တယ္လို့ ေရႊဘိုၿမိဳ့မရဲစခန္းထံမွ သိရပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုၿမိဳ့ရွိ KBZ ဘဏ္ခြဲ ၁ မွ ဝန္ထမ္းတစ္ဦးဟာ ေငြက်ပ္သိန္းေပါင္း (၄၈၅၁) သိန္း ကို အခုလို အလြဲသုံးစားလုပ္လို့ သက္ဆိုင္ရာပုဒ္မ အသီးသီးနဲ႔ ဖမ္းဆီးခဲ့ရတယ္ လို့ ေရႊဘိုၿမိဳ့မရဲစခန္း တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ျဖစ္စဥ္ကေတာ့ ေမ ၁၉ ရက္ ညေန ၃နာရီခန္႔က ဘဏ္ကို ေငြလာထုတ္ယူသူတစ္ဦးက ေငြေရတြက္စစ္ေဆးတဲ့အခ်ိန္ က်ပ္တစ္ေသာင္းအုပ္တစ္အုပ္မွာ တစ္ေသာင္းက်ပ္တန္ႏွစ္ရြက္ကို အေပၚနဲ႔ ေအာက္ တစ္ရြက္စီ ညႇပ္ထားၿပီး က်န္တဲ့(၉၈)ရြက္ကို တစ္ေထာင္က်ပ္တန္ေတြ နဲ႔ အစားထိုးထည့္ ထားတာေတြ႕ရွိရလို့ ဘဏ္ တာဝန္ရွိသူအား အေၾကာင္းၾကားခဲ့လို့ သိရွိခဲ့ရတာပါ။

ဘဏ္တာဝန္ ရွိသူေတြက ေငြထုတ္ေကာင္တာ နဲ႔ ေငြသိုေလွာင္ခန္းအတြင္း ဝင္ေရာက္ စစ္ေဆးခဲ့ရာ ေငြထုတ္ေကာင္တာ မွာ အစားထိုးလဲ လွယ္ထားတဲ့ တစ္ေသာင္းတန္အုပ္ သိန္း (၁၀၀) စည္း (၁၅) ထုပ္ နဲ႔ ေငြသိုေလွာင္ခန္းမွာ အစားထိုးလဲ လွယ္ထားတဲ့ တစ္ေသာင္းတန္ အုပ္ သိန္း (၁၀၀) စည္း (၄၀)ထုပ္ကို ေတြ႕ရွိခဲ့ရပါတယ္။

အဲဒီ တစ္ေသာင္းတန္ အုပ္ေတြဟာ စုစုေပါင္း ေငြသိန္း (၅၅၀၀)က်ပ္ရွိ ရမွာ ျဖစ္ေပမယ့္ ေငြ (၆၄၉) သိန္းက်ပ္သာရွိၿပီး စုစုေပါင္းေငြသိန္းေပါင္း (၄၈၅၁) ကြာဟေနတာ ကို ေတြ႕ရွိရလို့ ဘဏ္တာဝန္ရွိသူက ေရႊဘိုၿမိဳ့မရဲစခန္းမွာ ေမ ၂၀ ရက္ ညပိုင္းက အမွုဖြင့္တိုင္ၾကား ခဲ့တာပါ။

ျပစ္မူက်ဴးလြန္သူကို ေဖာ္ထုတ္ ဖမ္းဆီးရမိတဲ့ အခါမွာ ေလာင္းကစား လုပ္မိခဲ့တာလို့ ေျဖာင့္ခ်က္ေပးေၾကာင္း ေရႊဘိုၿမိဳ့မရဲစခန္းထံမွ သိရပါတယ္။

ေရႊဘိုၿမိဳ့မရဲစခန္းက အဲဒီ ဘဏ္ဝန္ထမ္းကို (ပ)၃၁၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၄၀၈ နဲ႔ (ပ)၃၁၉/၂၀၂၀၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ- ၃၀၉ တို့နဲ႔ အမွုဖြင့္ထားၿပီး တရား႐ုံးခ်ဳပ္ ရီမန္ရယူကာ ေရႊဘိုအက်ဥ္းေထာင္သို့ ပို့ေဆာင္ခဲ့ပါတယ္။

#One News Myanmar

unicode

ညနေ (၃)နာရီခန့်က ဘဏ်ကို ငွေလာထုတ်ယူသူ တစ်ဦးက ဘဏ် တွင် ငွေရေတွက် စစ်ဆေး လိုက်သောအခါ သိန်း (၅၀၀၀) နီးပါး အလွဲသုံးစား လုပ်ထားခြင်းခံရ

ကျပ်တစ်သောင်းတန်အုပ်တွေ မှာ တစ်ထောင်တန်တွေ အစားထိုးထည့်ပြီး သိန်း ၅၀၀၀ နီးပါး အလွဲသုံးစားလုပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်းကို ဖမ်းဆီးအရေးယူထား တယ်လို့ ရွှေဘိုမြို့မရဲစခန်းထံမှ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ KBZ ဘဏ်ခွဲ ၁ မှ ဝန်ထမ်းတစ်ဦးဟာ ငွေကျပ်သိန်းပေါင်း (၄၈၅၁) သိန်း ကို အခုလို အလွဲသုံးစားလုပ်လို့ သက်ဆိုင်ရာပုဒ်မ အသီးသီးနဲ့ ဖမ်းဆီးခဲ့ရတယ် လို့ ရွှေဘိုမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖြစ်စဉ်ကတော့ မေ ၁၉ ရက် ညနေ ၃နာရီခန့်က ဘဏ်ကို ငွေလာထုတ်ယူသူတစ်ဦးက ငွေရေတွက်စစ်ဆေးတဲ့အချိန် ကျပ်တစ်သောင်းအုပ်တစ်အုပ်မှာ တစ်သောင်းကျပ်တန်နှစ်ရွက်ကို အပေါ်နဲ့ အောက် တစ်ရွက်စီ ညှပ်ထားပြီး ကျန်တဲ့(၉၈)ရွက်ကို တစ်ထောင်ကျပ်တန်တွေ နဲ့ အစားထိုးထည့် ထားတာတွေ့ရှိရလို့ ဘဏ် တာဝန်ရှိသူအား အကြောင်းကြားခဲ့လို့ သိရှိခဲ့ရတာပါ။

ဘဏ်တာဝန် ရှိသူတွေက ငွေထုတ်ကောင်တာ နဲ့ ငွေသိုလှောင်ခန်းအတွင်း ဝင်ရောက် စစ်ဆေးခဲ့ရာ ငွေထုတ်ကောင်တာ မှာ အစားထိုးလဲ လှယ်ထားတဲ့ တစ်သောင်းတန်အုပ် သိန်း (၁၀၀) စည်း (၁၅) ထုပ် နဲ့ ငွေသိုလှောင်ခန်းမှာ အစားထိုးလဲ လှယ်ထားတဲ့ တစ်သောင်းတန် အုပ် သိန်း (၁၀၀) စည်း (၄၀)ထုပ်ကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီ တစ်သောင်းတန် အုပ်တွေဟာ စုစုပေါင်း ငွေသိန်း (၅၅၀၀)ကျပ်ရှိ ရမှာ ဖြစ်ပေမယ့် ငွေ (၆၄၉) သိန်းကျပ်သာရှိပြီး စုစုပေါင်းငွေသိန်းပေါင်း (၄၈၅၁) ကွာဟနေတာ ကို တွေ့ရှိရလို့ ဘဏ်တာဝန်ရှိသူက ရွှေဘိုမြို့မရဲစခန်းမှာ မေ ၂၀ ရက် ညပိုင်းက အမှုဖွင့်တိုင်ကြား ခဲ့တာပါ။

ပြစ်မူကျူးလွန်သူကို ဖော်ထုတ် ဖမ်းဆီးရမိတဲ့ အခါမှာ လောင်းကစား လုပ်မိခဲ့တာလို့ ဖြောင့်ချက်ပေးကြောင်း ရွှေဘိုမြို့မရဲစခန်းထံမှ သိရပါတယ်။

ရွှေဘိုမြို့မရဲစခန်းက အဲဒီ ဘဏ်ဝန်ထမ်းကို (ပ)၃၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၄၀၈ နဲ့ (ပ)၃၁၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၉ တို့နဲ့ အမှုဖွင့်ထားပြီး တရားရုံးချုပ် ရီမန်ရယူကာ ရွှေဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။

#One News Myanmar

Add a Comment

Your email address will not be published. Required fields are marked *

11 − 11 =