အိန္ဒိယနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ CORONA ဗိုင်းရပ်စ် ဒဏ်ခံခဲ့ရသောဒေသ များတွင် AMPHAN ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူအယောက် (၈၀) ထက်မနည်း သေဆုံးခဲ့

အိန္ဒိယနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ CORONA ဗိုင်းရပ်စ် ဒဏ်ခံခဲ့ရသောဒေသ များတွင် AMPHAN ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူအယောက် (၈၀) ထက်မနည်း သေဆုံးခဲ့

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း အချိန်မှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကမ်းရိုးတန်းမြို့များတွင် တိုက်ခတ်ခဲ့သော Amphan ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း၈၀ကျော်သေဆုံးခဲ့ရပြီး လူပေါင်းထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ယခုအခါ အာဏာပိုင် များဟာ Corona virus ဒဏ်ခံနေရသော ရပ်ရွာများတွင် မိုးများသည်း ထန်စွာရွာသွန်းမှုနဲ့ လမ်းများ၌ ပိတ်နေသော ပြိုလဲမှု အပျက်အစီးများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ အကြီးစားကယ်ဆယ်ရေး ကြိုးပမ်းမှုများက လူ့အသက်ပေါင်းများစွာကိုကယ်တယ်နိုင် ခဲ့သော်လည်း ဆိုင်ကလုန်းကြောင့် သေဆုံးမှု ဒဏ်ရာရမှု နဲ့ ပျက်စီး ဆုံးရှုံးမှုများကို အတိအကျ သိရှိနိုင်ရန်အတွက် ရက်အတော်ကြာအချိန်ယူရမယ်လို့ ပြောပါတယ်။

Amphan ဟာ ဘင်္ဂလား ပင်လယ်အော်တွင် အားမပျော့မှီအချိန်က မှတ်တမ်းတင်ခဲ့တဲ့ အင်အားအကောင်းဆုံး ဆိုင်ကလုန်းတစ်ခုပဲဖြစ်ပါတယ်။ ၎င်းဟာ ကျေးလက်ဒေသအများစုမှာ လျှပ်စစ်ဓာတ်အားတွေ အဆက်အသွယ်တွေပြတ်တောက်စေခြင်း အိမ်များပြိုကျခြင်း သစ်ပင်များပြိုလဲစေခြင်းနဲ့ တံတားများ ပျက်စီးခြင်းတို့ကို ဖြစ်စေခဲ့ပါတယ်။Kolkataမြို့က လူ 15 ဦးအပါအဝင် အနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အနည်းဆုံး လူ72ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjeeမှ ပြောကြားခဲ့ပါတယ်။ ၎င်းတို့ထဲမှာ Howrahခရိုင်အတွင်းရှိ နေအိမ် နံရံပြိုလဲခြင်းကြောင့် သေဆုံး ခဲ့ရတဲ့ မိန်းကလေးငယ်တစ်ဦးလဲ အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။“ဒီလိုသဘာဝဘေးအန္တရာယ်မျိုး ကျမ တစ်ခါမှ မမြင်ဖူးဘူး။ နေရာအားလုံး ဖျက်ဆီးခံလိုက်ရပါတယ်။ ဘာမှကိုမကျန်ခဲ့ပါဘူး”ဟု Mamata Banerjeeမှ သတင်းထောက်များကို ပြောကြား ခဲ့ပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒက်ရှ်နိုင်ငံ မှာလည်း လူ10ဦးသေဆုံးခဲ့ကြောင်း အစိုးရရဲ့ ကျန်းမာရေးအရေးပေါ်စစ်ဆေးရေး စင်တာအရ အတည်ပြုခဲ့ပါတယ်။

အဆိုပါသေဆုံးသွားသူများထဲမှာ လခြမ်းနီအသင်းက အသက်57နှစ်အရွယ်ရှိ စေတနာ့ဝန်ထမ်းတစ်ယောက်ပါဝင်ပြီး Barisalတွင် ရေနစ်နေသူတစ်ယောက်ကို ကယ်ဆယ်ရင်း အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ လခြမ်းနီအသင်းက ပြောကြားပါတယ်။ သဘာဝဘေးအန္တရာယ်အဖွဲ့များဟာ အိန္ဒိယရဲ့ ဘင်္ဂလား အနောက်ပိုင်းနဲ့ Odisha ပြည်နယ်များမှာ သစ်ပင်တွေနဲ့ အခြားအပျက်အစီးတွေကို တစ်ညလုံးနဲ့ ကြာသပတေးမနက်ပိုင်းအထိ ရှင်းလင်းခဲ့ကြရပါတယ်။“ထိခိုက်ဒဏ်ရာရသူတွေကို ကူညီရာမှာ ကျောက်တုံးတစ်တုံးမျှ မကျန်ခဲ့ပါ” ဟုအိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဆိုင်ကလုန်းကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးများ အ‌ကြောင်းကို tweetsများစွာဖြင့် ရေးသားခဲ့ပါတယ်။“သူမက နယူးဒေလီရှိဗဟိုအစိုးရထံ အကူအညီတောင်းပြီးဘင်္ဂလားပင်လယ်အော်ရှိ ဘေးဒဏ် သင့်ဒေသများသို့ သွားရောက် ရန် Modi အားတောင်းဆိုလိမ့်မည် “ဟု Banerjee ကပြောကြား ခဲ့ပါတယ်။ အနီးအနားရှိ Odisha ကမ်းရိုးတန်းပြည်နယ်မှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အကြီးအကျယ်ပျက်စီးမှုများရှိသော်လည်း သေဆုံးမှု တစ်စုံတစ်ရာမရှိသေးကြာင်း အစိုးရမှထုတ်ပြန်ခဲ့ပါတယ်။

crd : panpyoelat