သူမနဲ ပတ်သက်ပြီး HD ဗီဒီယိုတင်ကြတဲ့သူတွေ ကို ဒဲ့ပြော လာတဲ့ သံသာမိုးသိမ့်

ပရိသတ်ကြီးရေ…..သွက်လက် တဲ့ အမူအရာလေးတွေ နဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ Mrtv-4ရဲ့မင်းသမီးချောလေးသံသာမိုးသိမ့်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ရွှေကြိုတစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ဇာတ်လမ်းတွဲများမှာပါဝင်သရုပ်ဆောင်လာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ရုပ်ကိုအပီအပြင် သရုပ်ဆောင်နိုင် တာကြောင့် အနုပညာအရည်အချင်းပြည့်ဝတဲ့သူလေးလည်းဖြစ်ပါတယ်။

သံသာမိုးသိမ့်ဟာ မနေ့ကဖြစ်သည်၊ကျွန်မကမဟေသီစတဲ့ ဇာတ်လမ်း တွဲတွေနဲ့အောင်မြင်ခဲ့ရုံသာမက မကြာခင်ကပြသခဲ့တဲ့အချစ်ဖွဲ့လေညင်းဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း မေပျိုဖြူအနေနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပီပြင်ကောင်းမွန်တဲ့သရုပ်ဆောင်ချက်လေးတွေကြောင့် ပရိသတ်ရင်ထဲအပြည့်အဝရောက်ရှိခဲ့သူလေးပါနော်။ သံသာမိုးသိမ့် ဟာ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်သူလေးဖြစ်ပြီး ရိုးရိုးသားသားလုပ်ကိုင်နေတဲ့သူလေးပါ။

မကြာသေးမီကတော့ သံသာမိုးသိမ့်ဟာ သူမရဲ့ Facebook စာမျက်နှာတွင် “အေး ၆၆ ဃ ကြီးရယ် ပါးစပ်ရော လက်ရော သယားတဲ့ အကောင်တွေအားလုံးရယ် နင်တို့ရယ် ငါရယ် ရဲစခန်းရယ်နဲ့တွေ့ပြီ သာမှတ်ပဲဘယ်နှယ့် သူများသားသမီး ကိုနာမည်ဖျက်ဖို့ဆိုထိပ်ဆုံးက မိုက်မိုက်ရိုင်းရိုင်းကိုဆဲဦးမယ် ​အောကားမြင်တိုင်း ဒီနိုင်ငံကတွေ့တဲ့မင်းသမီးခေါင်းစဉ်တပ်… တအား HD ကြည့်ချင်ရင်နင်တို့မအေတွေ နှမတွေ ကိုလုပ်ခိုင်းအကုန် ss ယူထားပြီးသား သေပြီသာပြင်ထားကြဒီတစ်ခါတော့မိုက်ရိုင်းပြီနော် တော်ရုံပဲစောက်တရားကလွန်ကျတယ်ငါ့အခွက်မဟုတ်တာလည်း ကြည့်တဲ့အကောင်အားလုံးသိတယ် ဒါကို cmt မှာတစ်မျိုး လာလာညောင်တာ” ဆိုပြီးရေးသား လာတာဖြစ်ပါတယ်။ မဟုတ်မမှန်တဲ့ဗီဒီယိုကြောင့် သံသာမိုးသိမ့်တစ်ယောက် စိတ်ထိခိုက်သွားရတာပါနော်။ ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Than Thar Moe Theint’s Facebook acc

Photo credit-Than Thar Moe Theint’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

nine + 18 =