





unicode

သူမရဲ့ ခန္ဓာကိုယ်နဲ့ ပက်သက်ပြီး လှောင်ပြောင် ခံရတာကြောင့် စိတ်ပျက် အားငယ်မိတယ် ဆိုတဲ့ “ပိုပို”

ကိုယ် ပိုင် အရည်အချင်းအပြည့် နဲ့ ဂီတလောကမှာ နေရာတစ်ခုရလာခဲ့သူ ပိုပိုကတော့ ငယ်စဉ်ကတည်းက မိဘမဲ့တစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့ရသူပါ။ မိဘမဲ့တစ်ယောက်ဘဝကနေ အခက်အခဲ ဝေဖန်မှုတွေကိုတွန်းလှန်ပြီး အခုလိုရပ်တည်လာနိုင်အောင် ကြိုးစားရုန်းကန် ခဲ့ရသူဖြစ်ပါတယ်။

ပိုပိုကတော့ ဟိုးအရင်ကတည်းက ဝဝပြည့်ပြည့်လေး နဲ့ ပရိသတ်ရှေ့ရောက်လာသူဖြစ်ပြီး အဲ့ပုံလေးကိုပဲ ပရိသတ်တွေက အချစ်ပိုခဲ့ရတာပါ။ ဒါပေမယ့် ဒီနေ့မှာတော့ သူ Music Video တစ်ခုမှာ လူငယ်ကျောင်းသားပုံစံသရုပ်ဆောင်ထားတာကို Troll ထားတဲ့ပုံလေးကို မျှဝေပြီး သူ့ရင်ထဲက ခံစားချက်တွေကို ရေးသားခဲ့ ပါတယ်။

တခါတေလ အားငယ်တယ်.. ဘာလို့ များ မွေးကတည်းက သွယ်သွယ် လျလျလေး မဖြစ်တာလဲ သူများ ခြေထောက်လေးတွေ ဆို လှလိုက်တာ ငါ့ကျတော့ ဘာလို့ ရုပ်ဆိုး တာလဲ ဆိုပြီး.. အမြဲ စိတ်မကောင်းဖြစ်ရတယ် ဆိုပြီး ရေးသားခဲ့ပါတယ်။

ခန္ဓာကိုယ် ပုံပန်း သဏ္ဍန်လှလှ မလှလှ စိတ်ထားလှနေဖို့က အရေးကြီးဆုံး ပါပဲ ပရိသတ်ကြီးရေ.. မွန်မြတ်တဲ့စိတ်ထားလေး နဲ့ အများကိုကူညီတတ်သူ ပိုပိုကိုတော့ ပရိသတ်ကြီးက ချစ်နေပြီးသားပဲ မဟုတ် လားနော်။

Add a Comment

Your email address will not be published. Required fields are marked *

eighteen − 6 =