မြင်သူတိုင်း အေးချမ်းလောက်တဲ့ အပြုံးချိုချိုလေးတွေ နဲ့ ပရိသတ်တွေ ကို အချစ်ပိုစေပြန်တဲ့” ဖြူဖြူထွေး”





unicode

ပရိသတ်တွေရဲ့ အချစ်တော် ဖြူဖြူထွေးကတော့ လက်ရှိ မှာ ကြော်ငြာတွေနဲ့ သီချင်းဗီဒီယိုတွေ လက်ခံရိုက်ကူးနေရပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက နာမည်ကျော်အနုပညာရှင်တွေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ ဖြူဖြူထွေးကတော့ သူမရှာဖွေထားတဲ့အနုပညာကြေးတွေနဲ့ မိဘကို တစ်ဖက်တစ်လမ်းက လုပ်ကျွေးနေသလို အလှူတန်းတွေလည်း အမြဲပြုလုပ်တတ်သူဖြစ်ပါတယ်။

ဖြူဖြူထွေးဟာ ဟာသဗီဒီယိုလေးတွေအပြင် ချစ်စရာ ကောင်းတဲ့ ဟန်ပန်ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးပဲ ဖြစ်ပါတယ်။အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့် လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေပန်းစားလူကြိုက်များလာကာ ပရိသတ်အခိုင်မာ ရရှိထားတာဖြစ်ပါတယ်။

သူမကတော့ ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေ ကို အမြဲတင်လေ့ရှိပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ကလေးတစ်ယောက်လို ချစ်စရာဟန်ပန်လေးတွေနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ချစ်စရာ ကောင်းလွန်းနေပြီး ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲ ဖြစ်တာကြောင့် မျှဝေပေး လိုက်ပါတယ်။

Source : Phyu Phyu Htwe Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

sixteen − six =