Source:G Fatt
unicode
နောက်ထပ် ချစ်ရမယ့်သူလေး ရှိနေပြီ ဆိုတဲ့ အကြောင်းပြောပြ လာတဲ့ G Fatt
လူငယ်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝပိုင်ဆိုင် ရရှိထားတဲ့ အဆိုတော်G Fattကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ G Fatt ဟာတေးစီးရီးအယ်ဘမ်ပေါင်းများစွာကိုထွက်ရှိအောင်မြင်ထားပြီး ထွက်သမျှသီချင်းတိုင်းကလည်းပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပါတယ်။ သူကတော့မကြာသေးခင်ကမှချစ်သူဖြစ်သူနန်းစုရတီစိုးနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့တာဖြစ်ပြီး
လက်ရှိမှာတော့သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေ ကိုပြောပြထားခြင်းမရရှိသေးပါဘူး။ G Fatt ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်းပရိသတ်တွေကစိတ်ဝင်တစားနဲ့ရှိနေကြပြီး ဒီနေ့မှာတော့သူ့မှာနောက်ထပ်ချစ်သူရနေပြီဆိုတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှကနေ ယခုလိုပဲဖော်ပြထားခဲ့ပါတယ်။”ကျွန်တော်ကသီချင်းတွေကိုချစ်တယ်။ အားနေတဲ့ အချိန်ကိုယ်ဝါသနာပါတာလေးတွေ လုပ်ရတာလည်းပျော်တယ်။
အခုတော့ကိုယ်ချစ်တဲ့သီချင်းတွေလိုပဲ နောက်ထပ် ချစ်ရမယ့်သူလေးရှိလာပါပြီ။ အထင်မကြီးကြပါနဲ့ဦး။ Samsung Galaxy Note20 ကို ပြောတာပါဗျာ”ဆိုပြီး စနောက်ကာရေးသားဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source:G Fatt
Add a Comment
Your email address will not be published. Required fields are marked *
two × 4 =