ဆံနွယ်အရှည်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက် နဲ့ ရိုက်ထားတဲ့ စုံတွဲပုံလေးတွေကို ချပြလာခဲ့တဲ့ “ဘုန်းမင်းနေလ”

Posted on

နိုင်ငံကျော် အကယ်ဒမီ မင်းသမီး ကြီး ခင်ဇာခြည်ကျော် ရဲ့ သားအကြီး ဖြစ်သူ ဘုန်းမင်းနေလ ကတော့ အကယ်ဒမီ ရွှေကြိုမောင် တစ်ယောက် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ ပြီးနောက် ပရိသတ်တွေ ရဲ့ သတိထား အားပေးခြင်း ကို ခံခဲ့ရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလ ကတော့အခုဆိုရင်အသက် (၁၈) နှစ် ကျော်အရွယ်သာရှိသေး ပေမယ့်အနုပညာ အလုပ်တွေကိုလုပ်ကိုင် နေပြီး ကြော်ငြာတွေမှာလည်း ပါဝင်သရုပ်ဆောင် နေပြီပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလက အလုပ်တွေ လုပ်ကိုင်လာတာနဲ့ အမျှသူတို့ မောင်နှမကို Single Mother တစ်ယောက်အနေနဲ့ ရပ်တည်ကျွေးမွေး လာခဲ့တဲ့ မိခင် ခင်ဇာခြည်ကျော်ကိုလည်း ပြန်လည် ပြုစုစောင့်ရှောက်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

အရွယ်ရောက်လာတာနဲ့အမျှ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း သတင်းတွေအမြဲတမ်းထွက်ပေါ်လေ့ ရှိတဲ့ ဘုန်းမင်းနေလကဒီတစ်ခါမှာလည်း ပရိသတ်တွေကို စိတ်ဝင်စားအောင်ပြုလုပ်ခဲ့ပါတယ်။ဘုန်းမင်းနေလကဆံပင်ရှည်ရှည်မိန်းကလေးတစ်ယောက်နဲ့ စုံတွဲဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဘုန်းမင်းနေလ ရဲ့ ဓာတ်ပုံထဲက မိန်းကလေးကို ဆံပင်ရှည်တဲ့ သရုပ်ဆောင်အဆိုတော်လေးတွေဖြစ်တဲ့ ယွန်းယွန်း၊ ပန်းရောင်ခြယ်စသည်ဖြင့် မှတ်ချက်ပေးနေကြတာပဲဖြစ်ပါတယ်။

ဘုန်းမင်းနေလကတော့ ဒီတစ်ခေါက် ပရိသတ်တွေကို ချပြလာတဲ့ ဆံပင်ရှည်မိန်းကလေးဟာ သူ့ရဲ့သက်ဆိုင်သူမို့ ပရိသတ်တွေကို အသိပေး လာခဲ့တာလားဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ ပရိသတ်ကြီးလည်း ဘုန်းမင်းနေလဓာတ်ပုံထဲက မိန်းကလေးကဘယ်သူလို့ထင်မလည်းနော်..။သိတဲ့သူရှိရင်လည်း တစ်ခုခုမန့်ခဲ့ပါအုံးနာ်..။

Source: Phone Min Nay La’s fb

Credit

zawgyi





Credit