





ONE TO ONE လူနာကူညီရေး


မန္တလေးမြို့

unicode

ဒီလို မွန်မြတ်လှတဲ့ အလှူမျိုး ကိုမှ သာဓုမခေါ် ရင် ဘယ်လို အလှူမျိုးကို သာဓုခေါ် မလဲဗျာ…

ခြေတစ်ဖက်ပြတ်နေပေမယ့် မိဘကို ထီရောင်းကျွေးနေသူအား ဆိုင်ကယ် လှုဒါန်း

ကိုမျိုးထွန်းကအသက်က ၃၆နှစ် လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က သဲကားကကြိတ်သွား လို့ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပါတယ်။ ဒါပေမယ့်ကိုမျိုးထွန်းက စိတ်အားမလျော့ပဲ ရှိတဲ့ဆိုင်ကယ်အစုတ်လေး နဲ့ပိုက်ဆံနှစ်သိန်းအတိုးနဲ့ချေးကာထီရောင်းပြီးမိဘကိုလုပ်ကျွေးနေပါတယ်။

ဒါပေမယ့်စီးတဲ့ဆိုင်ကယ်က ခဏခဏပျက်နေ လို့ တစ်ခါတစ်လေ အိမ်ပြန်ဖို့တောင်သူ့ညီကိုလာခေါ်ခိုင်း ရပါတယ်။ လားရှိုးလေး ရှမ်းထမင်းဆိုင်ကညီလေးသန့်စင်က သူမစီးဖြစ်တော့တဲ့ ၁ယ ဂျပန်ဆိုင်ကယ်လေး ကိုလှုချင်တယ်ဆိုလဲ ကိုမျိုးထွန်းကိုခေါ်ပြီးလှုပေးခဲ့ပါတယ်။

မသန်ပေမယ့် စိတ်အားမလျော့ပဲ မိဘကိုလုပ်ကျွေးနေတဲ့ ကိုမျိုးထွန်းကိုဂုဏ်ပြုတဲ့ အနေနဲ့ တစ်လကို ထီဆယ်စောင်တွဲလာလာပို့ခိုင်းပြီးအားပေးနေပါတယ်။ အမျိုးတွေလဲသူ့ထီတွေကို အားပေးချင်ရင် သူ့ဖုန်းနံပါတ် 09797123989 ကိုဆက်ရင်သူလာပို့ပေးပါလိမ့်မယ်။

ONE TO ONE လူနာကူညီရေး

ကိုဝမ်း ဖုန်း ၀၉၇၆၅၇၆၅၁၇၉

မန္တလေးမြို့